အကြမ်းဖက်အဖွဲ့ဝင်များမိုင်းထောင်ဖေ-ာက်ခွဲဖျ-က်ဆီးခဲ့သည့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နှင့် စစ်ကိုင်းတိုင်း၊ ကျောက်မြောင်းမြို့တို့ဆက်သွယ်ထားသော ဧရာဝတီတံတား(ရတနာသိင်္ခ)နေရာတစ်ဝိုက်အား တပ်မတော်မှ ဒီဇင်ဘာ ၁၉ ရက်က ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်အဖွဲ့ဝင်များသည် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုတို့အတွက် အဓိကအရေးပါသည့် ဧရာဝတီတံတား(ရတနာသိင်္ခ)အား အောက်တိုဘာ ၂၉ ရက်က မိုင်းထောင်ဖေ-ာက်ခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် တံတား၏ ရေလည်တိုင်များဖြစ်သည့် တိုင်အမှတ် RP4 နှင့် RP5 တို့ကြား၊ RP6-A2 ချဉ်းကပ်လမ်းနေရာတို့တွင်ကျိုးကျပျ-က်စီးခဲ့၍ မော်တော်ယာဉ်များနှင့် ခရီးသွားများဖြတ်သန်းသွားလာနိုင်ခြင်းမရှိဘဲ ကုန်စည်စီးဆင်းမှုများရပ်တန့်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပျ-က်စီးခဲ့သဖြင့် တံတားပြုပြင်ခြင်းလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရန် တံတားနေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက လိုအပ်သည့်နယ်မြေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ခဲ့သဖြင့် ယမန်နေ့ ဒီဇင်ဘာ ၂၂ ရက်တွင် အကြမ်းဖက်အဖွဲ့များ ခေတ္တစိုးမိုးထားသည့် ဧရာဝတီတံတား(ရတနာသိင်္ခ)နှင့် ၎င်းနေရာတစ်ဝိုက်အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တပ်မတော်မှ ဒေသအတွင်း ကုန်စည်ကူးသန်းရေးနှင့် လမ်းပန်းဆက်သွယ်ရေးများပြန်လည်ကောင်းမွန်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများပြန်လည်လုပ်ဆောင်နိုင်ရန် ပျ-က်စီးနေသည့် ဧရာဝတီတံတား(ရတနာသိင်္ခ)ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အမြန်ဆုံးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
