Sunday, May 31, 2026

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊...

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့...

ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များကို နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ပြီးနောက် မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းရှိ...
HomeNewsLocal Newsတညင်းကုန်းလက်ကားဈေးသစ်ကြီးတွင် ဆိုင်ခန်းပေါင်း ၆၀၀၀...

တညင်းကုန်းလက်ကားဈေးသစ်ကြီးတွင် ဆိုင်ခန်းပေါင်း ၆၀၀၀ ကျော်ဖွင့်လှစ်ထားပြီးဖြစ်

မြန်မာအက်ဂရိုအိတ်(စ)ချိန်း(စ)အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် – MAEX မှတာဝန်ယူတည်ဆောက်နေသည့် တညင်းကုန်းလက်ကားဈေးသစ်ကြီးတွင် ဆိုင်ခန်းပေါင်း ၆၀၀၀ ကျော်ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ သိရသည်။

အဆိုပါ တညင်းကုန်းလက်ကားဈေးသစ်ကြီးကိုစီမံကိန်း အဆင့်လေးဆင့် ပိုင်းခြားပြီး တည်ဆောက်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

” အခုကျွန်တော်တို့က ဈေးရုံအမှတ် ၁ သစ်သီးဝလံဈေးကို ဖွင့်လှစ်တာပေါ့။ အခုဆိုရင် ဈေးရုံပေါင်း လေးရုံလောက် ဖွင့်လှစ်ပြီးဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ရာခိုင်နှုန်း ၈၀ လောက်အထိ ဈေးသည်တွေကို ငှားရမ်းထားပြီးဖြစ်ပါတယ်။ ဒီနှစ်ကုန်မှာလည်း ဈေးရုံနှစ်ရုံကို ဖွင့်လှစ်ဖို့အတွက်လျာထားပါတယ်”ဟု တညင်းကုန်းလက်ကားဈေးကြီး၊ လုပ်ငန်းရေးရာဌာနမှ အထွေထွေမန်နေဂျာ ဦးရဲထွန်းက ပြောသည်။

တညင်းကုန်းအဆင့်မြင့်လက်ကားဈေးကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ဆောက်ခြင်း ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ဈေးဆိုင်အဆင့် (၁) ဖွင့်လှစ်ခဲ့ကြောင်း၊ ဈေးသစ်တစ်ခုလုံး တည်ဆောက်မှု ၂၀၂၇ တွင် ပြီးစီးရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ထို့ပြင် ဖွင့်လှစ်ထားပြီးဖြစ်သည့် တညင်းကုန်းလက်ကားဈေးကြီးအတွင်း တောင်သူများ ကုန်ဈေးလက်လီရောင်းသည့် ဈေးရုံအမှတ် (၂)တွင် ဆိုင်ခန်းပေါင်း ၃,၃၆၀ ခန်း၊ ကုန်မျိုးစုံနှင့်ကုန်ခြောက်များ ရောင်းချသည့် ဈေးရုံ (၃) တွင် ဆိုင်ခန်းပေါင်း ၁,၁၂၀၊ ရာသီပေါ်သီးနှံနှင့် သားငါးပစ္စည်းများ ရောင်းချသည့် ဈေးရုံ (၄)တွင် ဆိုင်ခန်းပေါင်း ၁,၄၀၀ ကျော်ဖွင့်လှစ်ပြီးဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုသည် ညနေ ၄ နာရီ ၃၆ မိနစ် ၄၈ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမှဝန်ထမ်းများနှင့် ပညာတော်သင်များကိုတွေ့ဆုံ

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို မြန်မာသံရုံး၌တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာသံရုံး၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်လက်မှတ်ရေးထိုးပြီး ဩဝါဒစ ကားပြောကြားကာအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတည်ခင်းဧည့်ခံသည့် ညစာစားပွဲကို တက်ရောက်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့ မေ ၃၀ ရက်တွင် လာရောက် ဂါရဝပြုတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးတို့ သည် နှစ်နိုင်ငံအကျိုးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071