ရန်ကုန်မြို့ တညင်းကုန်းစျေးနံနက်ခင်းအချိန်အခါတွင် ဈေးဝယ်သူများ၊ ဈေးရောင်းသူများဖြင့် စည်ကားလျက်ရှိသည်။
နံနက်အစောပိုင်းအချိန်တွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အသားငါးနှင့် နေ့စဉ်အသုံးအဆောင်ပစ္စည်းများကို လာရောက်ဝယ်ယူသူများ များပြားပြီး ဈေးအတွင်း သွားလာလှုပ်ရှားမှုများလည်း ပုံမှန်ရှိနေသည်ကို တွေ့ရသည်။
ဈေးရောင်းသူများကလည်း ဆိုင်ခင်းပြင်ဆင်၍ ဖောက်သည်များကို ကြိုဆိုရောင်းချနေကြပြီး နံနက်ခင်းဈေးကွက်၏ အသက်ဝင်လှုပ်ရှားနေသည့် မြင်ကွင်းကို တွေ့မြင်ရသည်။
တညင်းကုန်းစျေးသည် နေ့စဉ် လူသုံးကုန်နှင့် စားသောက်ကုန်များကို အဓိက ရောင်းဝယ်ဖောက်ကားသည့် စည်ကားသော ဈေးတစ်ခုဖြစ်ပြီး နံနက်ပိုင်းအချိန်သည် ဈေးဝယ်ရောင်း အများဆုံးအချိန်များထဲမှ တစ်ခုဖြစ်သည်။
