Friday, September 18, 2026

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...

သီတဂူဆရာတော်ကြီးက လေးမျက်နှာမြို့နယ်ရေဘေး၏ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း (၁,၀၀၀) ကို ယနေ့ စက်တင်ဘာ ၁၈ ရက်လှူဒါန်းခဲ့ကြောင်း...

ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မတော်တဆမှု ၂ ကြိမ်ဖြစ်ပွား၊...

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက အရှိန်မထိန်းနိုင်ခြင်းနှင့် ယာဉ်မောင်းအိပ်ငိုက်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်နှစ်ခုစလုံးတွင်...

iPhone 18 စီးရီးသစ် ဝယ်ယူရန်...

စင်ကာပူ၊ စက်တင်ဘာ ၁၈ Apple ၏ iPhone 18 စီးရီးသစ်ကို စတင်ရောင်းချသည့် စက်တင်ဘာ ၁၈ ရက်တွင် စင်ကာပူနိုင်ငံ အော်ချတ်လမ်းရှိ...
HomeNewsLocal Newsတစ်ပတ်အတွင်း တရားမဝင်သစ် ၉၂...

တစ်ပတ်အတွင်း တရားမဝင်သစ် ၉၂ တန်ကျော်နှင့် ယာဉ်/ယန္တရား ၈ စီး ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၁၈

သစ်တောဦးစီးဌာနက တရားမဝင်သစ်ထုတ်လုပ်မှုများကို နည်းလမ်းမျိုးစုံဖြင့် စောင့်ကြပ်ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ တစ်ပတ်တာကာလအတွင်း တရားမဝင်သစ် စုစုပေါင်း ၉၂ ဒသမ ၆၉၉၅ တန်၊ ယာဉ်/ယန္တရား ရှစ်စီးနှင့် သက်ဆိုင်သူ ရှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်ထုတ်လုပ်မှုနှင့် သစ်တောသယံဇာတများ တရားမဝင် ထုတ်ယူသုံးစွဲမှုများကို တားဆီးဖော်ထုတ်နိုင်ရေးအတွက် ပြည်သူအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ သစ်တောဦးစီးဌာနများ၏ သတင်းပေးပို့ချက်များအရ ကျွန်းသစ် ၈ ဒသမ ၇၅၉၁ တန်၊ သစ်မာ ၁၁ ဒသမ ၃၁၃၄ တန်နှင့် အခြားသစ် ၇၂ ဒသမ ၆၂၇၀ တန်၊ စုစုပေါင်း တရားမဝင်သစ် ၉၂ ဒသမ ၆၉၉၅ တန်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အဆိုပါ တရားမဝင်သစ်များနှင့်အတူ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ယာဉ်/ယန္တရား ရှစ်စီးနှင့် သက်ဆိုင်သူ ရှစ်ဦးတို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောသယံဇာတများ မပြုန်းတီးစေရေးအတွက် တရားမဝင်သစ်ခိုးထုတ်မှုများကို ပြည်သူများနှင့် ပူးပေါင်း၍ ဆက်လက်စောင့်ကြပ်ဖော်ထုတ်ကာ အရှိန်အဟုန်မြှင့် ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌ ခမ်းနားစွာကျင်းပ

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်) ပူဇော်ပွဲတော် ကျင်းပခဲ့သည်။ အဆိုပါပွဲတော်သို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.S Mr. Abahay Thakur ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကိုကိုလွင်၊ Morya Indian Club ၏ ဥက္ကဋ္ဌ Shri Shyam...

သီတဂူဆရာတော်ကြီးက လေးမျက်နှာမြို့နယ်ရေဘေး၏ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း (၁,၀၀၀) လှူဒါန်း

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်ကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်း (၁,၀၀၀) ကို ယနေ့ စက်တင်ဘာ ၁၈ ရက်လှူဒါန်းခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ သီတ ဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)တွင်လှူဒါန်းရာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဥပဿကာအဖြစ်ဆောင်ရွက်ပြီး ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးအေးကျော်ထံ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် သီတဂူဆရာတော်ကြီးထံ ဧရာဝတီတိုင်းဝန်ကြီးချုပ်ကဂုဏ်ပြုလွှာပြန်လည်ဆပ်ကပ်ခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်တို့က သီတဂူဆရာတော်ကြီးအား ဝါဆိုသင်္ကန်းဆပ်ကပ်ပြီး သီတဂူမျက်စိအလှူတော်အတွက်အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မတော်တဆမှု ၂ ကြိမ်ဖြစ်ပွား၊ ထိခိုက်ဒ-ဏ်ရာရသူမရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက အရှိန်မထိန်းနိုင်ခြင်းနှင့် ယာဉ်မောင်းအိပ်ငိုက်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်နှစ်ခုစလုံးတွင် ထိခိုက်ဒ-ဏ်ရာရရှိသူ မရှိကြောင်း သိရသည်။ ပထမဖြစ်စဉ်မှာ နံနက် ၁၂ နာရီခွဲခန့်က ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် “ရွှေလရောင်” အဝေးပြေးခရီးသည်တင်ယာဉ်သည် ကျွဲကောသီးအိတ်များ တင်ဆောင်လာစဉ် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆၇/၆ အရောက်၌ အရှိန်မထိန်းနိုင်ဘဲ အတွင်းယာဉ်ကြောနှင့် ကပ်လျက်ရှိသည့် မြေသားလမ်းပုခုံးပေါ်သို့ ရောက်ရှိရပ်တန့်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း အဝေးပြေးခရီးသည်တင်ယာဉ်မှာ ပျ-က်စီးမှုအချို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071