Wednesday, December 17, 2025

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ...

ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့...

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း...
HomeNewsLocal Newsတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူဦးရေစာရင်းကွင်းဆင်းကောက်ယူခြင်းလုပ်ငန်း...

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူဦးရေစာရင်းကွင်းဆင်းကောက်ယူခြင်းလုပ်ငန်း (၈၇) ရာခိုင်နှုန်းကျော် ပြီးစီး

တိုင်းဒေသကြီးနှင့်ပြည်နယ်များအားလုံးတွင် ဆောင်ရွက်နေသည့် လူဦးရေစာရင်း ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်မှုမှာ (၈၇) ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အဓိကကျသည့် တိကျမှန်ကန်သော မဲဆန္ဒရှင်စာရင်းပြုစုနိုင်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ လူဦးရေ စာရင်းမှန်ကန်စေရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိ ကောက်ယူရရှိသည့် စာရင်းဇယား၊ အချက်အလက်များကိုလည်း တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် မှတ်တမ်းများစုစည်း၍ လ၀ကမြို့နယ်ရုံးများရှိ ရုံးလက်ခံများနှင့် တိုက်ဆိုင်စိစစ်ပြီး e-ID Server အတွင်း အွန်လိုင်းမှတဆင့် ထည့်သွင်းကာ အချက်အလက်ကွဲလွဲမှုများအပေါ် ပြင်ဆင်ဖြည့်စွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လုံခြုံရေးအခြေအနေကြောင့် ကောက်ယူရန်ကျန်ရှိသည့် မြို့နယ်အချို့ကိုလည်း ဝန်ကြီးဌာနအနေဖြင့် ဆက်လက်၍ ကွင်းဆင်းကောက်ယူဆောင်ရွက်လျက်ရှိကြောင်းနှင့် ၂၀၂၃ ခုနှစ် မေလ (၃၁) ရက်အထိ စာရင်းကောက်ယူမှုအနေဖြင့် e-ID Software ဖြင့် ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးကောက်ယူခဲ့သည့် အိမ်ထောင်စု ၁၁ ဒသမ ၉ သန်းကျော်၊ လက်ရှိဒေသ၌ အိမ်ထောင်စုစာရင်းမရှိသဖြင့် အလွတ်ပုံစံများဖြင့် ကောက်ယူခဲ့သည့် အိမ်ထောင်စု ၂ ဒသမ ၈ သန်းကျော်၊ စုစုပေါင်း အိမ်ထောင်စု ၁၄ ဒသမ ၈ သန်းကျော် ကောက်ယူပြီး စီးပြီဖြစ်၍ ၈၇ ဒသမ ၉၂ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

အိမ်ထောင်စုလူဦးရေစာရင်းတွင် အမတ လက်မှတ်ကိုင်ဆောင်ထားသူများ၊ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်ကြား၊ အသက် ၁၈ နှစ်အထက်ရှိသည့် မည်သည့်ကတ်ပြားမျှ ကိုင်ဆောင်ထားခြင်းမရှိသူများ၊ အမည်၊ မွေးသက္ကရာဇ် စသည့် အချက်အလက်ကွဲလွဲနေသူများအား စနစ်တကျ တိုက်ဆိုင်စိစစ်ပြီး ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း ရေလက်ကြားကို ပထမဆုံအကြိမ် ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။ တရုတ်က ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်သော ထိုင်ဝမ်သည် ကျွန်းတစ်ဝိုက်တွင် တရုတ်စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကို နေ့စဉ်နီးပါး သတင်းထုတ်ပြန်လျက်ရှိသည်။ တရုတ်စစ်တပ်၏ အဆိုပါလှုပ်ရှားမှုများသည် ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရအပေါ် ဖိအားပေးသည့် အစီအမံတစ်ရပ်ဖြစ်သည်ဟု တိုင်ပေက ရှုမြင်သည်။ ယမန်နေ့က ဖူကျန်းသည် ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ပြီး ၎င်းကို ထိုင်ဝမ်တပ်ဖွဲ့များက စောင့်ကြည့်နေခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေခြင်း ဖြစ်သည်။ ဆုတံဆိပ်များကို ဝူရှူးအားကစားနည်းမှ ထောက်လုအားကစားပြိုင်ပွဲ အမျိုးသားသွေ့လျန့်(လက်နက်မဲ့) အတွဲ အတိုက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ တင်ထူးဝေ+ ရဲရင့်ထွန်းအတွဲ၊ အမျိုးသမီး ဆန်းဆို(၅၆ ကီလို) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ချယ်ရီသန်း၊ အမျိုးသမီးဆန်းဆို (၆၀ ကီလို)ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရနှင်းနုဝါ၊ အမျိုးသမီးသွေ့လျန့်(လက်နက်) ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ သုပန်ထွာ+...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များမဖြစ်ပေါ်စေရန် ဗဟိုဘဏ်ထုတ်ပြန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များ မဖြစ်ပေါ်စေရေးနှင့် အတုနှင့် အစစ်တို့၏ သိသာထင်ရှားစွာကွဲပြားခြားနားမှုကိုလည်း အသိပေးထားသည်။ ယခုဖမ်းဆီးရမိသည့် ငွေစက္ကူအတုများသည် အရည်အသွေးကောင်းမွန်သော မိတ္တူကူးစက်များကိုအသုံးပြုကာ "A4" စာရွက်များဖြင့် မိတ္တူကူးထားသောကြောင့် အတုမှန်း လွယ်ကူစွာသိရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ကြောင်း သိရသည်။ ငွေစက္ကူအစစ်နှင့်အတုတို့တွင် အလွယ်တကူမျက်မြင်သိရှိနိုင်သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071