Sunday, June 28, 2026

မိုးလယ်ကာလအတွင်း ဧရာဝတီမြစ်ရေအပါအဝင်မြစ်ရေများ စိုးရိမ်ရေမှတ်အထက် (၁)...

မိုးလယ်ကာလဖြစ်သည့် ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်အတွင်း ဧရာဝတီမြစ်ရေအပါအဝင်မြစ်ရေများ စိုးရိမ်ရေမှတ်အထက်သို့ (၁) ကြိမ်ခန့်စီကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဒေဒညွှန်ကြားမှုဦးစီးဌာန၏...

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့်...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့ ဇွန် ၂၈ ရက်ကတစ်ချိန်တည်းတစ်ပြိုင်တည်းထုတ်ပြန်ခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင် မြင်သူ(၁၃၃,၆၇၃)ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။ မန္တလေးတိုင်းက...

အီရန်ကသာ စစ်ရေးလှုပ်ရှားမှုတွေ ပြန်လုပ်လာရင် အီရန်နိုင်ငံကို...

တစ်ချိန်ချိန်မှာ အမေရိကန်အနေနဲ့ အီရန်အပေါ် စစ်ဆင်ရေးတွေ ပြန်လုပ်ဖို့ အခြေအနေဖန်လာနိုင်ပြီး၊ အဲ့ဒီအခါကျရင် အီရန်နိုင်ငံဆိုတာ ဆက်ရှိနေတော့မှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။ "သူတို့...

၂၀၂၆ ခုနှစ် စက်မှုစိုက်ပျိုးမွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲအား အောင်မြင်သူ(၁,၆၇၂)ဦးရှိ...

၂၀၂၆ ခုနှစ် စက်မှုစိုက်ပျိုးမွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့ ဇွန် ၂၈ ရက်ကထုတ်ပြန်ရာ အောင်မြင်သူ(၁,၆၇၂)ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏စာရင်းများအရ သိရသည်။ စာရင်းများအရ ရှမ်းပြည်နယ်က (၄၀၅)ဦးဝင်ရောက်ဖြေဆိုရာ (၂၆၈)ဦးအောင်မြင်ခဲ့၍...
HomeInternationalတစ်နိုင်ငံနှင့်တစ်နိုင်ငံ သာတူညီမျှဆက်ဆံကာ သ...

တစ်နိုင်ငံနှင့်တစ်နိုင်ငံ သာတူညီမျှဆက်ဆံကာ သ ဟဇာတဖြစ်စွာနေထိုင်ပြီး အပြန်အလှန်ဖေးမကူညီမှသာ ဘုံလုံခြုံမှုကိုကာကွယ်စောင့်ရှောက်နိုင်မည်ဟုတရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်ပြော

ကမ္ဘာတစ်ဝန်းရှိနိုင်ငံများအနေဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ သာတူညီမျှဆက်ဆံကာ သဟဇာတဖြစ်စွာနေထိုင်ပြီး အပြန်အလှန်ဖေးမကူညီမှသာ ဘုံလုံခြုံမှုကိုကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်သလို စစ်ပွဲ၏ အရင်းခံအကြောင်းရင်းကိုလည်းဖယ်ရှားနိုင်မည်ဖြစ်ကာ အတိတ်သမိုင်း၏ဖြစ်ရပ်ဆိုးများ တစ်ကျော့ပြန်မဖြစ်ပွားအောင်လည်း တားဆီးနိုင်မည်ဟု တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က ပြော သည်။

ယနေ့ စက်တင်ဘာ ၃ ရက်နံနက်ပိုင်းက ပေကျင်းမြို့၌ကျင်းပသည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မျက်မှောက်ခေတ်တွင် လူသားမျိုးနွယ်တို့အနေဖြင့် ငြိမ်းချမ်းရေးနှင့် စစ်ပွဲ၊ ဆွေးနွေးအဖြေရှာခြင်းနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း၊ ဘုံအကျိုးစီးပွားနှင့် သူနိုင်ကိုယ်နိုင်ယှဉ်ပြိုင်ခြင်းတို့ကို ရွေးချယ်ရမည့် အခြေ အနေနှင့် တစ်ကျော့ပြန်ရင်ဆိုင်နေရကာ တရုတ်ပြည်သူများအနေဖြင့် သမိုင်း၏မှန်ကန်သောဘက်၊ လူသားတို့၏ ဖွံ့ဖြိုးတိုးတက်သောဘက်တွင် ခိုင်ခိုင် မာမာရပ်တည်ပြီး ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအား မမှိတ်မသုန်လျှောက်လှမ်း၍ လူသားမျိုးနွယ် အေးအတူပူအမျှအသိုက်အဝန်း ထူထောင်ရေးအတွက် အခြား ကမ္ဘာ့နိုင်ငံများနှင့် အတူလက်တွဲလုပ်ဆောင်သွားမည်ဟု ပြောသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အနေဖြင့် တရုတ်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအ တွက် မဟာဗျူဟာမြောက်အားဖြည့်ပံ့ပိုးကာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ပံ့ပိုးမှုများလုပ်ဆောင်သွားရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က တိုက်တွန်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုးလယ်ကာလအတွင်း ဧရာဝတီမြစ်ရေအပါအဝင်မြစ်ရေများ စိုးရိမ်ရေမှတ်အထက် (၁) ကြိမ်ခန့်စီကျော်လွန်ရောက်ရှိနိုင်

မိုးလယ်ကာလဖြစ်သည့် ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်အတွင်း ဧရာဝတီမြစ်ရေအပါအဝင်မြစ်ရေများ စိုးရိမ်ရေမှတ်အထက်သို့ (၁) ကြိမ်ခန့်စီကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဒေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဇွန် ၂၈ ရက်နံနက်ပိုင်းထုတ်ပြန်ချက်အရ သိရသည်။ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၁) ကြိမ်ခန့်စီ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနိုင်ကြောင်း သိရသည်။ ချင်းတွင်းမြစ်ရေသည်...

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် အောင်မြင်သူ(၁)သိန်း(၃)သောင်းကျော်ရှိ 

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့ ဇွန် ၂၈ ရက်ကတစ်ချိန်တည်းတစ်ပြိုင်တည်းထုတ်ပြန်ခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင် မြင်သူ(၁၃၃,၆၇၃)ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။ မန္တလေးတိုင်းက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား (၄၅,၆၃၅)ဦးဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်သူ(၂၈,၃၉၃)ဦးဖြင့် အများဆုံးအောင်မြင်ခဲ့ပြီး ရန်ကုန် တိုင်းက (၄၆၈၈၉)ဦးဝင်ရောက်ဖြေဆိုရာ (၂၃,၂၀၃)ဦးအောင်မြင်ခဲ့၍ ဒုတိယအများဆုံးဖြစ်ခဲ့ပြီး ဧရာဝတီ တိုင်းက (၃၆,၄၃၆)ဦးဝင်ရောက်ဖြေဆိုရာ (၁၆,၅၀၇)ဦးအောင်မြင်သဖြင့် တတိယအများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၆ ခုနှစ် တက္က သိုလ်ဝင်စာမေးပွဲအား ကျောင်းသား/သူ(၂၅၅၂၂၈)ဦးဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်သူ (၁၃၃၆၇၃)ဦးရှိ၍ အောင်မြင်မှုရာခိုင်နှုန်းမှာ (၅၂...

အီရန်ကသာ စစ်ရေးလှုပ်ရှားမှုတွေ ပြန်လုပ်လာရင် အီရန်နိုင်ငံကို ဖျ-က်ဆီးပ-စ်မယ်လို့ ထရမ့် ခြိမ်းခြောက်ပြန်

တစ်ချိန်ချိန်မှာ အမေရိကန်အနေနဲ့ အီရန်အပေါ် စစ်ဆင်ရေးတွေ ပြန်လုပ်ဖို့ အခြေအနေဖန်လာနိုင်ပြီး၊ အဲ့ဒီအခါကျရင် အီရန်နိုင်ငံဆိုတာ ဆက်ရှိနေတော့မှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။ "သူတို့ (အီရန်ဘက်က) ဘယ်တော့မှ မှတ်လောက်သားလောက် ဖြစ်မှာမဟုတ်ဘူးဆိုတာ သိပ်ကိုသေချာနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆင်ခြင်တုံတရားနဲ့ ဆက်ပြီး သည်းခံလို့မရတော့တဲ့ အချိန်တစ်ချိန် ရောက်လာနိုင်တယ်။ အဲ့ဒီအခါကျရင်တော့ ကျွန်တော်တို့ သိပ်ကိုအောင်အောင်မြင်မြင် စတင်ခဲ့တဲ့ကိစ္စကို စစ်ရေးနဲ့ အပြီးသတ်ဖို့ ဖြစ်လာပါလိမ့်မယ်။ အဲ့ဒီလိုသာ ဖြစ်လာခဲ့ရင်တော့ အီရန်နိုင်ငံဆိုတာ နောက်ထပ် ဆက်ရှိနေတော့မှာ မဟုတ်ဘူး" လို့ အမေရိကန်သမ္မတက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071