Wednesday, December 17, 2025

မန္တလေးတွင် နှစ်သစ်ကြိုဆိုပွဲ အောင်မြင်စွာကျင်းပနိုင်ရန် စီစဉ်နေပြီး...

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ည နှစ်သစ်ကြိုဆိုပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မန္တလေးတိုင်းအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးတွင်...

အာကာသပြတိုက် (ရန်ကုန်) ဖွင့်လှစ်ချိန် တိုးမြှင့်

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်၌ ဖွင့်လှစ်ထားသည့် အာကာသပြတိုက်(ရန်ကုန်)သို့ လာရောက် ကြည့်ရှုလေ့လာသူများပြားလွန်းသည့်အတွက် စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် အချိန်တိုးမြှင့်၍ ဖွင့်လှစ်လျက်ရှိကြောင်း အာကာသပြတိုက်(ရန်ကုန်)...

မြို့နယ် (၇၂) မြို့တွင် ရွေးကောက်ပွဲတတိယပိုင်း...

ရွေးကောက်ပွဲတတိယပိုင်းကို မြို့နယ် (၇၂) မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခြင်း ဖြစ်သည်။ ကချင်ပြည်နယ်၊...

အခွန်အယူခံမှုများကို လက်ခံ၊ ကြားနာ၊ စစ်ဆေး၊...

အခွန်အယူခံမှုများကို လက်ခံ၊ ကြားနာ၊ စစ်ဆေး၊ ဆုံးဖြတ်ရာတွင် ရှင်းလင်းပြီး ပြည့်စုံသောအချက်အလက်များ ပါဝင်နိုင်စေရန် နိုင်ငံတော်နှင့်အခွန်ထမ်းများအတွက် တရားမျှတသော အခွန်အယူခံမှုဆိုင်ရာ လုပ်ငန်းစဉ်များ ပေါ်ပေါက်လာစေရန်အတွက်...
HomeNewsLocal Newsတက္ကဆပ်စ်၌ရေကြီး၍​ေ-သဆုံးသူ၄၉ဦးအထိရှိ၊ဒါဇင်နှင့်ချီ၍ပျောက်နေသေး

တက္ကဆပ်စ်၌ရေကြီး၍​ေ-သဆုံးသူ၄၉ဦးအထိရှိ၊ဒါဇင်နှင့်ချီ၍ပျောက်နေသေး

အမေရိကန်ပြည်ထောင်စုတက္ကဆပ်စ်ပြည်နယ်အလယ်ပိုင်းတွင်တခွင်တွင် အပြင်းအထန်ရေကြီးမှုကြောင့် ​ေ-သဆုံးသူ ၄၉ ဦးထက်မနည်းရှိလာခဲ့ကြောင်းနှင့် ဒါဇင်နှင့်ချီ၍ လူများပျောက်ဆုံးလျက်ရှိကြောင်းဒေသဆိုင်ရာ အာဏာပိုင်များက စနေနေ့တွင် ပြောကြားခဲ့သည်။ကောင်တီနယ်မြေများစွာတွင် ရှာဖွေကယ်ဆယ်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

သောကြာနေ့နံနက်ပိုင်းမှစကာ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုခဲ့ပြီး Kerr ကောင်တီတွင် ကလေး ၁၅ ဦးအပါအဝင် လူ ၄၃ ဦး​ေ-သဆုံးခဲ့သည်ဟု ကောင်တီရဲအရာရှိ လယ်ရီလိုင်သာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Guadalupe မြစ်တလျှောက်တွင် မိန်းကလေးများအတွက်ဖွင့်လှစ်ထားသည့် ခရစ်ယာန်နွေရာသီ စခန်းတစ်ခုဖြစ်သော Camp Mystic မှ အများစုပါဝင်သော ကလေးငယ် ၂၇ ဦးသည်လည်း ပျောက်ဆုံးလျက်ရှိနေသည်ဟု Kerrville ကောင်တီ၏ မြို့တော်မန်နေဂျာ ဒယ်တန်ရိုက်စ်က ပြောဆိုသည်။အဆိုပါ စခန်းသည် ပုံမှန်အားဖြင့် နှစ်စဉ် ကလေး ၇၅၀ ဝန်းကျင်ကို လက်ခံသည်။

“ဒီစခန်းထဲက ရာနှင့်ချီတဲ့လူတွေကို ကျွန်တော်တို့ တစ်နေ့လုံး ကယ်ထုတ်နေခဲ့တာပါ” ဟု ရို-က်စ်က ပြောကြားခဲ့သည်။

Travis ကောင်တီတွင် လူ လေးဦး​ေ-သဆုံးကြောင်း အတည်ပြုခဲ့ကာ ၁၃ ဦး ပျောက်ဆုံးလျက်ရှိသည်ဟု ကောင်တီတရားသူကြီး အန်ဒီဘရောင်းကို ကိုးကား၍ ဒေသတွင်း ရုပ်သံဌာန KXAN-TV က သတင်းထုတ်ပြန်ဖော်ပြသည်။

Burnet ကောင်တီတွင် စနေနေ့မွန်းလွဲပိုင်းအထိ ကယ်ဆယ်ရေးလုပ်ငန်းများ ကိုလုပ်ဆောင်ခဲ့ပြီး​ေ-သဆုံးသူနှစ်ဦးနှင့်ပျောက်ဆုံးသူ နှစ်ဦး ရှိနေကြောင်းကောင်တီရဲအရာရှိရုံးကအတည်ပြုခဲ့သည်။

တက္ကဆပ်စ်အလယ်ပိုင်းတွင်ရေဘေးကြုံရနိုင်သည့်အခြေအနေတိုးချဲ့ကြေညာချက်ကိုပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့ကလက်မှတ်ရေးထိုးထုတ်ပြန်ကာ နောက်ထပ်ကောင်တီ ၆ ခုကိုထည့်သွင်းခဲ့သဖြင့် ရေလွှမ်းမိုးမှုဒဏ်ခံနေရသည့်ကောင်တီအရေအတွက်သည်အခု ၂၀ အထိ ရှိလာခဲ့သည်။ Ref: The Financial Express

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးတွင် နှစ်သစ်ကြိုဆိုပွဲ အောင်မြင်စွာကျင်းပနိုင်ရန် စီစဉ်နေပြီး လုံခြုံရေးသတိ၊ အသိဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရမည်

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ည နှစ်သစ်ကြိုဆိုပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မန္တလေးတိုင်းအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးတွင် နှစ်သစ်ကူးပြောင်းခြင်းကို နိုင်ငံသူနိုင်ငံသားများက ညဉ့်နက်သန်းခေါင်းယံအထိ စောင့်ဆိုင်း၍ နှစ်သစ်ကိုကြိုဆိုခြင်းအထိမ်းအမှတ် ပျော်ရွှင်ဖွယ်ရာများနှင့်အတူ ကြိုဆိုကြကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောသည်။ မန္တလေးမြို့တွင် နှစ်သစ်ကူးကြိုဆိုခြင်း၏ အနှစ်သာရကို မန္တလေးမြို့သူမြို့သားများ၊ ပြည်သူလူထုအား မြူးကြွသည့် ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ အေးချမ်းပျော်ရွှင်စွာဖြင့် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲနိုင်မည့် အစီအစဉ်များ၊ နှစ်သစ်ကူး Countdown ကို အတူရေတွက်ခြင်း၊ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းတိုကို...

အာကာသပြတိုက် (ရန်ကုန်) ဖွင့်လှစ်ချိန် တိုးမြှင့်

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်၌ ဖွင့်လှစ်ထားသည့် အာကာသပြတိုက်(ရန်ကုန်)သို့ လာရောက် ကြည့်ရှုလေ့လာသူများပြားလွန်းသည့်အတွက် စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် အချိန်တိုးမြှင့်၍ ဖွင့်လှစ်လျက်ရှိကြောင်း အာကာသပြတိုက်(ရန်ကုန်) မှသိရသည်။ အာကာသပြတိုက် (ရန်ကုန်)ကို စတင်ဖွင့်လှစ်ချိန်မှာ အင်္ဂါနေ့မှ တနင်္ဂနွေနေ့အထိ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ၊ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ လာရောက်လေ့လာသူ များပြားလာခြင်းကြောင့် ဒီဇင်ဘာလ ၁၃ ရက်မှစပြီး စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင်...

မြို့နယ် (၇၂) မြို့တွင် ရွေးကောက်ပွဲတတိယပိုင်း ကျင်းပမည်

ရွေးကောက်ပွဲတတိယပိုင်းကို မြို့နယ် (၇၂) မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခြင်း ဖြစ်သည်။ ကချင်ပြည်နယ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြစ်ကြီးနားတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် (ဒီဇင်ဘာ၁၆ရက်) က တွေ့ဆုံရာ၌ ထိုကဲ့သို့ပြောကြားခြင်း ဖြစ်သည်။ ထိုနည်းတူ ကြားဖြတ်ရွေးကောက်ပွဲအဖြစ် ကျန်ရှိမည့် မြို့နယ်၅၆မြို့နယ်ကိုလည်း အတတ်နိုင်ဆုံး ရွေးကောက်ပွဲ ပြုလုပ်ပေးရန် စီစဉ်ရည်ရွယ်ထားသည်ဟုလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။ လက်ရှိ၌ အထွေထွေရွေးကောက်ပွဲ ပထမပိုင်းကို ၂၀၂၅ခုနှစ် ဒီဇင်ဘာ၂၈ရက်၌ စတင်ပြုလုပ်တော့မည် ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071