တရုတ်နှင့်ဥရူဂွိုင်းတို့သည် တန်းတူညီမျှပြီး စနစ်တကျရှိသော နိုင်ငံအများစုက ကြီးစိုးသည့်ကမ္ဘာဖြစ်စေ ရေးကို ရှေ့တိုး ဆောင်ရွက်ရန် အတူတကွလုပ်ဆောင်သင့်ကြောင်း အင်္ဂါနေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ဥရူဂွိုင်းသမ္မတ ယာမန်ဒူ အော်စီကို ပြောဆိုခဲ့ကြောင်း မီဒီယာသတင်းတစ်ခုအရ သိရသည်။
အော်စီ၏ ခရီးစဉ်သည် ဇန်နဝါရီလအတွင်းက ဗင်နီဇွဲလားနိုင်ငံအတွင်း အမေရိကန်ပြည်ထောင်စုက ကျူးကျော်ဝင်ရောက်ကာ ထိုစဉ်က သမ္မတ နစ်ကလပ်စ်မာဒူရိုကို စီးနင်းဖမ်းဆီးသွားခဲ့ပြီးနောက်ပိုင်း တောင်အမေရိကဒေသခေါင်းဆောင်တစ်ဦးက တရုတ်နိုင်ငံမြို့တော်သို့ ပထမဆုံးလာရောက် သောခရီးစဉ်ဖြစ်သည်။
လူသားများအတွက် ဘုံအနာဂတ်ရှိသော အသိုက်အဝန်းတစ်ခု တည်ဆောက်ရန် ရည်ရွယ်ကာ တရုတ်နှင့် ဥရူဂွိုင်းတို့သည် တန်းတူညီမျှပြီး စနစ်တကျရှိသော နိုင်ငံ အများစုက စိုးမိုးသော ကမ္ဘာနှင့် အားလုံးပါဝင်ပြီး တကမ္ဘာလုံးကိုအကျိုးဖြစ်စေသော ကမ္ဘာ တစ်ဝန်း စီးပွားရေး ဆက်စပ်ပေါင်းစည်း ဆောင်ရွက် သော လ်ုငန်းစဉ် ကို မြှင့်တင်ရန် အတူတကွလုပ်ဆောင်သင့်ကြောင်း ရှီက ထည့်သွင်းပြောကြားခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာမှ အစပြု၍ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးနှင့် ဖင်လန်ဝန်ကြီးချုပ် ပက်တာရီ အော်ပို အထိ တိုင် ယခုနှစ်အတွင်း အနောက်နိုင်ငံ များမှ ခေါင်းဆောင်များက တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်မှုများပြားနေသည့်အချိန်တွင် ယခုတွေ့ဆုံမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။
သူ၏ ခရီးစဉ်နှင့် ပတ်သက်၍ တနင်္ဂနွေနေ့တွင် အော်စီက ဖေ့စ်ဘုတ်ပေါ်၌ မှတ်ချက်ပြုရေးသားခဲ့ရာတွင် ကမ္ဘာတွင် ဥရူဂွိုင်း နိုင်ငံကို ခိုက်မာအားကောင်းစေရန်နှင့် အခွင့်အလမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ရရှိစေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
၎င်းသည် စီးပွားရေးလုပ်ငန်းရှင်ကြီးများအပါအဝင် အဖွဲ့ဝင် ၁၅၀ ပါသော ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ ဖေဖော်ဝါရီလ ၇ ရက် နေ့အထိ အလည်အပတ်ရောက်ရှိနေမည်ဖြစ်ကာ စီးပွားရေးမြို့တော် ရှန်ဟိုင်းကိုလည်း သွားရောက်မည်ဖြစ်သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
