Friday, September 4, 2026

နိုင်ငံတကာလူကုန်ကူးမှုတိုက်ဖျက်ရေးကိစ္စရပ်များတွင် မြန်မာနိုင်ငံအနေဖြင့် အရှိန်အဟုန်မြှင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊စက်တင်ဘာ ၄ နိုင်ငံတကာလူကုန်ကူးမှုတိုက်ဖျက်ရေးကိစ္စရပ်များတွင် မြန်မာနိုင်ငံအနေဖြင့် အရှိန်အဟုန်မြှင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ပြောသည်။ လူကုန်ကူးမှုပြဿနာသည် အဆိုးရွားဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး လူသားမျိုးနွယ်စု...

ဧရာဝတီရေဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်‌ရေး WFP...

ဧရာဝတီတိုင်းဒေသကြီးအတွက်  ‌ရေဘေးကယ်ဆယ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်‌ရေး အခမဲ့ ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယမန်နေ့ ညပိုင်းတွင် အသိပေးထုတ်ပြန်ထားသည်။ ဧရာဝတီတိုင်းဒေသကြီးတွင်...

G20 ဆွေးနွေးပွဲကို ပူတင်ကိုဖိတ်ဖို့ မစဉ်းစားရသေးဘူးလို့...

လာမယ့် ဒီဇင်ဘာလ အမေရိကန်မှာ ကျင်းပမယ့် G20 ထိပ်သီးဆွေးနွေးပွဲအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖိတ်ဖို့ မစဉ်းစားရသေးဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ GB...

အမြန်လမ်းတွင် လမ်းသားအလျား(၃၀​)ပေခန့်နိမ့်ကျ​နေ၍ပြုပြင်လျက်ရှိ ယာဥ်မောင်းများဂရုစိုက်မောင်းနှင်ကြရန်သတိပေး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် လမ်းသားအလျား(၃၀​)ပေခန့်နိမ့်ကျ​နေ၍ပြုပြင်လျက်ရှိရာ ယာဥ်မောင်းများအနေဖြင့်ဂရုစိုက်မောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ကသတိပေးထားကြောင်း သိရသည်။ အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၁၁/၃ နှင့် ၃၁၁/၄ ကြား(​နေပြည်​တော်မှမန္တ​လေးသို့)(အသွားလမ်း)ဘယ်ဘက်ယာဥ်​ကြောတွင် လမ်းသားအလျား(၃၀​)ပေခန့်နိမ့်ကျ​နေသဖြင့် ပြုပြင်မှုများပြုလုပ်လျက်ရှိ၍ ယနေ့...
HomeNewsLocal Newsညပိုင်းတွင် YBSရှား၍ ကြားကားများကို...

ညပိုင်းတွင် YBSရှား၍ ကြားကားများကို အားကိုးနေရ

ရန်ကုန်မြို့တွင် ညနေပိုင်း ညဦးပိုင်းများ၌ YBSကားများ နည်းပါးသွားသောကြောင့် ကြားကားများကို ခရီးသွားများ စီးလာကြရသည်။

“ခုနစ်နာရီနောက်ပိုင်းဆို လိုင်းကားမသေချာတော့ဘူး၊ ညနေ ၅ နာရီခွဲလောက်ဆိုရင် ကြားကားတောင် မြို့ထဲကစီးရင် နေရာမရဘူး၊ ကားလည်းတွယ်စီးတဲ့သူတွေရောအပြည့်နဲ့ ဖင်ထောင်နေတာ”ဟု ခရီးသည်တစ်ဦးက ပြောသည်။

ထို့အပြင် လိုင်းပြေးဆွဲနေသော YBS ယာဉ်ကြီးအများစုမှာ ရုံးတက်ချိန်နှင့် ရုံးဆင်းချိန်များတွင် တက်မရအောင် ကားကျပ်သည့် အခြေအနေများကြောင့် ခရီးသည်များသည် ကြားကားများကိုလည်း စီးနင်းလာရသည်။

“၁၂ ကတော့ ရှစ်နာရီခွဲအထိရှိတယ်၊ ကျန်တဲ့ YBS လိုင်းကားတွေလည်း အဲလောက်အချိန်ထိတော့ရှိစေချင်တယ်” ဟု စီးနင်းသွားလာနေသူတစ်ဦးကလည်း ပြောသည်။

ကြားကားအဖြစ်ပြေးဆွဲသော လိုက်ထရပ်ယာဉ်များသည် ရန်ကုန်မြို့အလယ်ကိုဖြတ်၍ သာကေတနှင့် သခင်မြပန်းခြံကြားပြေးဆွဲပေးနေပြီး ခရီးသွားများလည်း အားထားစီးနင်းနေကြသည်။

ကြားကားများကို ခရီးတိုအတက်အဆင်းအတွက် တစ်ဦးလျှင် ၃၀၀ ကျပ်၊ ရန်ကုန်မြို့တွင်းမှ သာကေတ အထိ ၅၀၀ ကျပ်ကောက်ခံသည်ဟု ဆိုသည်။

သို့သော်လည်း ယာဉ်မောင်းများသည် အချင်းချင်းပြိုင်မောင်းခြင်း၊ စည်းကမ်းမဲ့မောင်းနှင်မှုများလည်း ရှိနေဆဲ ဖြစ်သည်။

ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS ယာဉ်လိုင်းများသည် ယာဉ်စီးရေ (၃,၅၀၀)ကျော်ဖြင့် ခရီးသည် (၁၄)သိန်းကျော်ကို နေ့စဉ်ပို့ဆောင်ပေးလျက်ရှိကြောင်း YRTC ၏ အချက်အလက်များအရ သိရသည်။

YBS ယာဉ်လိုင်းများ ကားရှားပါးမှုသည် YBS ယာဉ်များတွင် ဂက်စ်ဖြည့်သွင်းမှုအပေါ်မူတည်၍ ဂက်စ်ဆိုင်တွင်ယာဉ်များအချိန်ကြာမြင့်အောင် စောင့်ဆိုင်းရသော အခြေအနေမျိုးကြုံသည့်ရက်တွင် ယာဉ်လိုင်းအတွင်းယာဉ်တစ်စီးနှင့်တစ်စီး အချိန်ကွာခြားလေ့ ရှိကြောင်းလည်း ယာဉ်မောင်းများက ပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတကာလူကုန်ကူးမှုတိုက်ဖျက်ရေးကိစ္စရပ်များတွင် မြန်မာနိုင်ငံအနေဖြင့် အရှိန်အဟုန်မြှင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊စက်တင်ဘာ ၄ နိုင်ငံတကာလူကုန်ကူးမှုတိုက်ဖျက်ရေးကိစ္စရပ်များတွင် မြန်မာနိုင်ငံအနေဖြင့် အရှိန်အဟုန်မြှင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ပြောသည်။ လူကုန်ကူးမှုပြဿနာသည် အဆိုးရွားဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး လူသားမျိုးနွယ်စု တစ်ခုလုံး၏ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့ဂုဏ်သိက္ခာကို ကြီးမားစွာ ထိပါးဖျက်ဆီးနေသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်သတ်မှတ်ကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း လည်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ပြောကြားခဲ့သည်။ ယမန်နေ့က ကျင်းပသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး(၁/၂၀၂၆)တွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ လူကုန်ကူးမှုကျူးလွန်သူများကို ထိရောက်ပြင်းထန်သော ပြစ်ဒဏ်ချမှတ်နိုင်ရန်...

ဧရာဝတီရေဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်‌ရေး WFP က အခမဲ့ ဝန်ဆောင်မှုပေးမည်

ဧရာဝတီတိုင်းဒေသကြီးအတွက်  ‌ရေဘေးကယ်ဆယ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်‌ရေး အခမဲ့ ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယမန်နေ့ ညပိုင်းတွင် အသိပေးထုတ်ပြန်ထားသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ရေဘေးသင့်ပြည်သူများကို ကူညီပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပရဟိတအဖွဲ့များအတွက် WFP က ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုများကို အခမဲ့ ကူညီပံ့ပိုးပေးနေပြီး ဖြစ်ကြောင်းလည်း သိရသည်။ တန် ၂၅ မှ ၃၀ အထိ တင်နိုင်သည့်  ကုန်တင်လှေကြီး၊  ၈ တန်ဆံ့ ၆ ဘီးကား (ရေကြည်-ငါးသိုင်းချောင်း လမ်းကြောင်းအတွက်) နှင့်...

G20 ဆွေးနွေးပွဲကို ပူတင်ကိုဖိတ်ဖို့ မစဉ်းစားရသေးဘူးလို့ ထရမ့်ပြော

လာမယ့် ဒီဇင်ဘာလ အမေရိကန်မှာ ကျင်းပမယ့် G20 ထိပ်သီးဆွေးနွေးပွဲအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖိတ်ဖို့ မစဉ်းစားရသေးဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ GB News ရုပ်သံလိုင်းနဲ့ အင်တာဗျူးမှာ သူက "ဒီအကြောင်း ကျွန်တော် မစဉ်းစားရသေးပါဘူး" လို့ ဖြေကြားခဲ့တာပါ။ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းတုန်းကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရင်းမြစ်တွေကို ကိုးကားပြီး ပူတင်ကို G20 ပွဲ ဖိတ်ဖို့ ထရမ့် စဉ်းစားနေတယ်လို့ The Washington Post သတင်းစာက ဖော်ပြခဲ့ပါသေးတယ်။ အဲဒီပွဲကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071