ရန်ကုန်၊ ဇူလိုင် ၂၃
မြန်မာ့စာပေယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ပြီး ပြည်သူများ လေ့လာမှတ်သားနိုင်စေရန် ရည်ရွယ်၍ ခေတ်အဆက်ဆက် မြန်မာစာဆိုတော်ကြီးများအား ဂုဏ်ပြုဖော်ပြထားသည့် စာဆိုဗိမာန် ကို ဇူလိုင် ၂၅ ရက်မှစတင်၍ အများပြည်သူအတွက် အခမဲ့ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
စာပေဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများအနေဖြင့် စာဆိုဗိမာန်သို့ လွတ်လပ်စွာ လာရောက်လေ့လာနိုင်ရန် အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ဝင်ကြေးအခမဲ့ဖြင့် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စာဆိုဗိမာန်သည် အမှတ် (၁၈-က)၊ ဥယျာဉ်ရပ်ကွက်၊ ဗိုလ်မင်းခေါင်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး တွင် တည်ရှိပြီး စာပေဝါသနာရှင်များနှင့် ပြည်သူများအား သတ်မှတ်ဖွင့်လှစ်ရက်များအတွင်း လာရောက်လေ့လာကြရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
