Friday, September 18, 2026

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်မှ ပြင်ဆင်ဆောင်ရွက်နိုင်သည့်အချက်များကို နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ်များဆွေးနွေး

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်မှ ပြင်ဆင်ဆောင်ရွက်နိုင်သည့်အချက်များကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ်များ စက်တင်ဘာ ၁၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် နိုင်ငံရေးပါတီ(၃၂)ပါတီမှကိုယ်စားလှယ်များက ယခင်လက်မှတ်ရေးထိုးခဲ့သည့် Bilateral ပါကိစ္စရပ်များ၊...

တိုက်လေယာဉ် ၄၈ စင်း ဆော်ဒီအာရေးဗျကိုရောင်းဖို့...

​အစိုးရအချင်းချင်း ချုပ်ဆိုတဲ့ စာချုပ်တွေအရ နိုင်ငံခြားစစ်ရေးရောင်းချမှုတွေကို တာဝန်ယူရတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပင်တဂွန်တို့ရဲ့ ပြောကြားချက်အရ အမေရိကန်အစိုးရဟာ ဆော်ဒီအာရေးဗီးယားကို စုစုပေါင်း ဒေါ်လာ...

ယူကရိန်းစစ်ပွဲ မပြီးဆုံးခင်မှာပဲ ရုရှားနဲ့ သဘောတူညီမှုတွေလုပ်ဖို့...

The New York Times သတင်းစာက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြချက်အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရဟာ မော်စကိုနဲ့ စေ့စပ်ဆွေးနွေးမယ့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည်...
HomeNewsLocal Newsဆေးရုံကြီးများတွင်သာမက မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများအထိ...

ဆေးရုံကြီးများတွင်သာမက မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများအထိ ဆရာဝန်များ ချထားနိုင်ရေးအတွက် စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိ

ဆေးရုံတိုင်း ဆရာဝန်ရှိစေရေးအား အကောင်အထည်ဆောင်ရွက်နိုင်ရေးအတွက် ဆေးရုံကြီးများတွင်သာမက မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများအထိ ဆရာဝန်များ ချ ထားနိုင်ရေးအတွက် စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် နေပြည်တော်/တိုင်း‌ဒေသကြီး/ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင်လည်း ဆေးရုံ၊ ဆေးခန်းများတွင် ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့ကြသော်လည်း ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ပြီး အခက်အခဲများကြားမှ ပြည်သူ့ဆေးရုံများ၏ လုပ်ငန်းများပြန်လည် လည်ပတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

နိုင်ငံတော်၏ မူဝါဒဖြစ်သော ဆေးရုံတိုင်း ဆရာဝန်ရှိစေရေးအား အကောင်အထည်ဆောင်ရွက်နိုင်ရေးအတွက် ဆေးရုံကြီးများတွင်သာမက မြို့နယ်ဆေးရုံများနှင့် တိုက်နယ်ဆေး ရုံများအထိပါ ဆရာဝန်များ တာဝန်ချထားနိုင်ရေးအတွက် သက်ဆိုင်ရာပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့်ညှိနှိုင်းပြီး အသေးစိတ်စီမံချက်များအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးကပြောသည်။

ထို့ပြင် ကုသရေးလုပ်ငန်းများကိုသာမက ပြည်သူ့ကျန်းမာရေးလုပ်ငန်းများဖြစ်သည့် ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ကူးစက်ရောဂါကုသရေးလုပ်ငန်းများကို တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ပေးစေလိုကြောင်း၊ ပြည်သူ့ဆေးရုံများကို ပြည်သူလူထုက အားကိုးလာသည်နှင့် အမျှ ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ပြည်သူလူထုနှင့် ဆက်ဆံရေးကောင်းမွန်စေရေးအတွက် သင်တန်း ဆောင်ရွက်နေမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်စေလိုကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုတွင် ပြည်သူလူထုကျခံသုံးစွဲရသည့် ကုန်ကျစရိတ် သက်သာစေရေးအတွက် အားဖြည့် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများကိုလည်း လုပ်ထုံးလုပ်နည်း/ဥပဒေများနှင့်အညီ စိစစ်ကြပ်မတ်လျက်ရှိကြောင်း၊ ဆေးပညာ ကျင့်ဝတ်မလိုက်နာမှုများ၊ ထုတ်ပြန်ထားသည့် စည်းကမ်းများမလိုက်နာမှုများနှင့်ပတ်သက်၍ အခါအားလျော်စွာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ စည်းမျဉ်းစည်းကမ်း ဥပဒေနှင့်အညီ ဆောင်ရွက်နေသည့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများကိုလည်း လုပ်ငန်းလိုင်စင်များထုတ်ပေးခြင်းနှင့် သက်တမ်းတိုးခြင်းကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်မှ ပြင်ဆင်ဆောင်ရွက်နိုင်သည့်အချက်များကို နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ်များဆွေးနွေး

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်မှ ပြင်ဆင်ဆောင်ရွက်နိုင်သည့်အချက်များကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ်များ စက်တင်ဘာ ၁၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် နိုင်ငံရေးပါတီ(၃၂)ပါတီမှကိုယ်စားလှယ်များက ယခင်လက်မှတ်ရေးထိုးခဲ့သည့် Bilateral ပါကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှု၊ တိုင်းနှင့် ပြည်နယ်များတွင် ငြိမ်းချမ်းရေးစကားဝိုင်းများကျင်းပနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မီဒီယာများ၏အခန်းကဏ္ဍအရေးပါပုံ၊ အငြင်းပွားမှုများကို ဥပဒေနှင့်အညီဖြေရှင်းနိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီများပေးအပ်နိုင်ရေး၊ နိုင်ငံရေးပါတီများပါဝင်မှုနှင့်ပတ်သက်ပြီး လုပ်ထုံးလုပ်နည်း၊ စည်းကမ်းသတ်မှတ်ချက်များသတ်မှတ်ပေးနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများပါဝင်လာနိုင်ရေး၊ နိုင်ငံရေးပါတီများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နိုင်မည့်နည်းလမ်းများ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်မှ ပြင် ဆင်ဆောင်ရွက်နိုင်သည့်အချက်များ၊...

တိုက်လေယာဉ် ၄၈ စင်း ဆော်ဒီအာရေးဗျကိုရောင်းဖို့ အမေရိကန်ကြိုးပမ်းနေ

​အစိုးရအချင်းချင်း ချုပ်ဆိုတဲ့ စာချုပ်တွေအရ နိုင်ငံခြားစစ်ရေးရောင်းချမှုတွေကို တာဝန်ယူရတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပင်တဂွန်တို့ရဲ့ ပြောကြားချက်အရ အမေရိကန်အစိုးရဟာ ဆော်ဒီအာရေးဗီးယားကို စုစုပေါင်း ဒေါ်လာ ၂၄.၃ ဘီလီယံတန်ဖိုးရှိတဲ့ F-35 Lightning II Joint Strike Fighter(ဘက်စုံသုံး တိုက်လေယာဉ်) တွေနဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ ​တိုက်လေယာဉ် တစ်စင်းစီအတွက် အမေရိကန်က Pratt & Whitney F135-PW-100 အင်ဂျင်တစ်လုံးစီ တပ်ဆင်ပေးမှာဖြစ်ပြီး အပိုအင်ဂျင်တစ်လုံးစီကိုလည်း ထည့်ပေးမှာပါ။ ဒါ့အပြင် လုံခြုံရေးအဆင့်မြင့်...

ယူကရိန်းစစ်ပွဲ မပြီးဆုံးခင်မှာပဲ ရုရှားနဲ့ သဘောတူညီမှုတွေလုပ်ဖို့ အိမ်ဖြူတော် စဉ်းစားနေ

The New York Times သတင်းစာက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြချက်အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရဟာ မော်စကိုနဲ့ စေ့စပ်ဆွေးနွေးမယ့် ချဉ်းကပ်မှု အသစ်တစ်ရပ်အနေနဲ့ ယူကရိန်းစစ်ပွဲ မပြီးခင်မှာတောင် ရုရှားနဲ့ စီးပွားရေးဆိုင်ရာ သဘောတူညီချက်တွေ ရယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ အမေရိကန် အရာရှိတစ်ဦးကတော့ ဒီလို သဘောတူညီချက်တွေ လုပ်တာဟာ ရုရှားနဲ့ ဆက်ဆံရေးကို အသစ်ကနေ ပြန်စဖို့ ဝါရှင်တန်ဘက်က တကယ်ကို လေးလေးနက်နက် ရည်ရွယ်ထားတယ်ဆိုတာကို ပြသနိုင်တယ်လို့ သတင်းစာကို ပြောခဲ့ပါတယ်။ ဒီချဉ်းကပ်ပုံက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071