ဆော်ဒီနိုင်ငံတွင်ရောက်ရှိနေရာမှ မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲဖြစ်နေသည့် မြန်မာနိုင်ငံသူ(၃)ဦးအား ဆော်ဒီနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ရီရတ်ဒ်မြို့က မြန်မာနိုင်ငံသို့ ကူညီပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မြန်မာသံရုံး၊ ရီရတ်ဒ်မြို့မှ ဆော်ဒီနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့်ညှိနှိုင်း၍ မြန်မာနိုင်ငံသူ(၃)ဦးအား စက်တင်ဘာ ၂၈ ရက်က ရီရတ်ဒ်-ဒိုဟာ-ဘန်ကောက်-ရန်ကုန် လေကြောင်းခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
