Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeNewsLocal Newsဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအား ပြည်တွင်းလုပ်ငန်းရှင်များနှင့်တိုင်းရင်းသားလုပ်ငန်းရှင်များ ဆောင်ရွက်ပါက...

ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအား ပြည်တွင်းလုပ်ငန်းရှင်များနှင့်တိုင်းရင်းသားလုပ်ငန်းရှင်များ ဆောင်ရွက်ပါက အစိုးရမှကူညီဆောင်ရွက်ပေးသွားမည်

ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအား ပြည်တွင်းလုပ်ငန်းရှင်များနှင့်တိုင်းရင်းသားလုပ်ငန်းရှင်များ ဆောင်ရွက်ပါက အစိုးရမှကူညီဆောင်ရွက်ပေးသွားမည်

နစက ဥက္ကဋ္ဌမှ ဇူလိုင် ၂၁ ရက်ကပြုလုပ်သည့် နစက အစည်းအဝေး(၆/၂၀၂၂)သို့တက်ရောက်၍ အမှာစကားပြောကြားရာ၌ ကျေးလက်နေပြည်သူများ၏ လူမှုနေမှုစနစ်များ မြှင့်တင်ပေးရန်လိုအပ်မှုနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ကျေးလက်နေပြည်သူများ၏ လူနေမှုစနစ်များမှာ အခြားနိုင်ငံများထက်နိမ့်ကျလျက်ရှိသည်ကို တွေ့ရှိရကာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝတွင် အားနည်းချက်များရှိခြင်းကြောင့်သာ လူနေမှုစနစ်များနိမ့်ကျနေခြင်းဖြစ်သည်ဟု ပြောသည်။

ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား မြှင့်တင်ဆောင်ရွက်၍ အောင်မြင်အောင် ဆောင် ရွက်နိုင်ပါက ကျေးလက်နေတိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားများပြောင်းလဲတိုးတက်လာမည်ဖြစ်သည်ဟုပြောသည်။

“အဲလို လူမှုစီးပွားတွေ တိုးတက်ပြောင်းလဲလာချိန်မှာ နေထိုင်တဲ့အိမ်ရာတွေ အဆင့်မြှင့်တင်တည် ဆောက်ဖို့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာလို အပ်တဲ့ ဘိလပ်မြေတွေကို ပြည်တွင်းမှာ လုံ လောက်အောင် ထုတ်လုပ်နိုင်ဖို့လိုအပ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိများ ထုတ်လုပ်ရာတွင်လည်း အဆောက်အဦးများ ဆောက်လုပ်နိုင်သည့် သံမဏိထုတ်လုပ်ရေး လုပ်ငန်းများအား ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်ရန် ပြည်တွင်းလုပ်ငန်းရှင်များနှင့်တိုင်းရင်းသားလုပ်ငန်းရှင်များ ဆောင်ရွက်မည်ဆိုပါက အစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဟုပြောသည်။

အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေနှင့် သံ၊ သံမဏိတို့သည် နိုင်ငံ၏ လူနေမှုအဆင့် အတန်းမြင့်မားရန် မဖြစ်မနေလိုအပ်၍ အားပေးဆောင်ရွက်ပါက များစွာပြောင်းလဲတိုးတက်သွားမည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

“လူနေမှုအဆင့်အတန်းမြင့်မားဖို့အတွက် လျှပ် စစ်ဓာတ်အား လုံလောက်အောင် ရရှိဖို့ကလည်းအရေးကြီးပါတယ် ဒါ့အပြင် မြစ်ကြီးတွေပေါ်မှာ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းတွေကို ဆောင်ရွက်လို့ရပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

မေခ၊ မလိခ၊ ဧရာဝတီ၊ ရွှေလီ၊ ချင်းတွင်း၊ တာပိန်၊ သံလွင် စသည့် မြစ်ကြီးများပေါ်၌ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်သည့်နေရာများ၌ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းများအား အောင်မြင်အောင် အကောင်အထည်ဖော်ဆောင် ရွက်ရန်လိုအပ်သည်ဟု ပြောသည်။

အလားတူ မြန်မာနိုင်ငံအလယ်ပိုင်းရှိ နေရာဒေသအများစု၌ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ပါက နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်သည်ဟု ပြော သည်။

“ကမ်းရိုးတန်းဒေသတွေမှာလည်း လေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းတွေကို ဆောင်ရွက်လို့ရပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများအား နိုင်ငံတော်အဆင့် ဆောင်ရွက်ရန်လိုကာ ပုဂ္ဂလိကလုပ်ငန်းများအနေဖြင့်လည်း အသေးစားနှင့်အလတ်စားထုတ်လုပ်မှုများကို ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်မှအားပေးကူညီပေးသွားမည်ဖြစ်ဟု နစက ဥက္ကဋ္ဌကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071