Thursday, February 19, 2026

အုပ်စုကြပ်ထဲရောက်နေသည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသမီးအသင်း

မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသမီးအသင်းသည် အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၌ အုပ်စု(ခ) တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ သြစတြေးလျအသင်းတို့နှင့်ယှဉ်ပြိုင်ရမည်ဖြစ်၍ အုပ်စုကြပ်သည့်အနေအထားတွင်ရှိနေသည်။ လက်ရှိအချိန်၌ မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ...

ပိုမိုအားကောင်းလာနိုင်သည့် လေဖိအားနည်းရပ်ဝန်း

အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင်ဖြစ်ပေါ် နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ...

မော်တင်စွန်းဘုရားပွဲကာလ ငွေတောင်ကမ်းခြေနှင့် ကျောက္ကလပ်ကမ်းခြေသို့ လာရောက်လည်ပတ်...

မော်တင်စွန်းဘုရားသို့ လာရောက်လည်ပတ်ကြသောဘရားဖူးခရီးသည်များ မော်တင်စွန်းနှင့် အနီးတစ်ဝိုက်တွင်ရှိသော ငွေတောင်ကမ်းခြေနှင့် သဘာဝအလျောက် တည်ရှိနေသော ကျောက္ကလပ်ကမ်းခြေများသို့လည်း သွားရောက်လည်ပတ်ကြကြောင်း သိရသည်။ ငွေတောင်ကမ်းခြေသို့ မော်တင်စွန်းမှတစ်ဆင့် ဆိုင်ကယ်၊အိုးဝေများနှင့်သွားရောက်ကြပြီး အိုးဝေခမှ...

မြန်မာ-ထိုင်း နိုင်ငံခြားရေးဝန်ကြီး(၂)ဦး ဖူးခက်မြို့၌ တွေ့ဆုံ   

ကဏ္ဍစုံ၌ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန်ဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့ တို့ ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်က ဖူးခက်မြို့တွင်တွေ့ဆုံ၍ ...
HomeNewsLocal Newsဆူးလေ ရှန်ဂရီလာ ဟိုတယ်ကို...

ဆူးလေ ရှန်ဂရီလာ ဟိုတယ်ကို မကြာခင်ပြန်လည်ဖွင့်လှစ်မည်

ကိုဗစ်ကာလတွင် ရပ်နားထားသည့် ဆူးလေရှန်ဂရီလာဟိုတယ်ကို မကြာခင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး လက်ရှိတွင်  ပြင်ဆင်မှုများပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

” ပြန်ဖွင့်ဖို့ လုပ်နေတာဟုတ်တယ်။ ဘယ်တော့ပြန်ဖွင့်မလဲ ဆိုတာကတော့ မသိသေးဘူး” ဟု ယင်းဟိုတယ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆူးလေရှန်ဂရီလာဟိုတယ်ကို ၂၀၂၁ ခုနှစ် ဇန္နဝါရီလကုန် မှစတင်ပြီး လက်ရှိအချိန်ထိ ပိ-တ်ထားခဲ့သည်မှာ (၄)နှစ်ကျော်ရှိပြီဖြစ်သည်။

ယင်းကဲ့သို့ ပိ-တ်ထားခဲ့သော်လည်း ဟိုတယ်နှင့် ဆက်စပ်လျက်ရှိသည့် Sule Square Mall & Office ၊ Shangri-La Residences ကို ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်သည်။

ရန်ကုန်မြို့လယ်တွင် တည်ရှိတဲ့ ဆူးလေရှန်ဂရီလာဟိုတယ်တွင် အခန်းပေါင်း (၄၆၆) ခန်းရှိပြီး ယခင်က ကုန်သည်ကြီးများ ဟိုတယ်အမည်ဖြင့် ဟိုတယ်ဝန်ဆောင်မှုများပေးခဲ့ကာ ၂၀၁၄ ခုနှစ် တွင် ဟောင်ကောင်အခြေစိုက် ရှန်ဂရီလာအုပ်စုက ဆူးလေရှန်ဂရီလာအဖြစ် အမည်ပြောင်းလဲလုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အုပ်စုကြပ်ထဲရောက်နေသည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသမီးအသင်း

မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသမီးအသင်းသည် အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၌ အုပ်စု(ခ) တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ သြစတြေးလျအသင်းတို့နှင့်ယှဉ်ပြိုင်ရမည်ဖြစ်၍ အုပ်စုကြပ်သည့်အနေအထားတွင်ရှိနေသည်။ လက်ရှိအချိန်၌ မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၁၇ ရက်နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ရောက်ရှိခဲ့ပြီး Kasem Bundit University တွင် နေထိုင်တည်းခိုကာ စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်လျက်ရှိသည်။  ထို့နောက် ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြိုင်ပွဲကျင်းပမည့်   Nakhon Ratchasima သို့ထွက်ခွာမည်ဖြစ်ကာ မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသမီးအသင်းတွင် ကစားသမား(၁၆)ဦး၊ အုပ်ချုပ်နည်းပြ(၁၀)ဦးလိုက်ပါသွားခဲ့သည်။

ပိုမိုအားကောင်းလာနိုင်သည့် လေဖိအားနည်းရပ်ဝန်း

အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင်ဖြစ်ပေါ် နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး လာမည့် ၂၄ နာ ရီအတွင်း သီရိလင်္ကာနိုင်ငံသို့ ဦးတည်ရွေ့လျားနိုင်ကြောင်း သိရသည်။ ထို့ပြင် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် ယင်း လေဖိအားနည်းရပ်ဝန်းမှာ ပိုမိုအားကောင်းလာနိုင်ကြောင်းခန့်မှန်းရသည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။

မော်တင်စွန်းဘုရားပွဲကာလ ငွေတောင်ကမ်းခြေနှင့် ကျောက္ကလပ်ကမ်းခြေသို့ လာရောက်လည်ပတ် သူများပြားကြောင်းသိရ

မော်တင်စွန်းဘုရားသို့ လာရောက်လည်ပတ်ကြသောဘရားဖူးခရီးသည်များ မော်တင်စွန်းနှင့် အနီးတစ်ဝိုက်တွင်ရှိသော ငွေတောင်ကမ်းခြေနှင့် သဘာဝအလျောက် တည်ရှိနေသော ကျောက္ကလပ်ကမ်းခြေများသို့လည်း သွားရောက်လည်ပတ်ကြကြောင်း သိရသည်။ ငွေတောင်ကမ်းခြေသို့ မော်တင်စွန်းမှတစ်ဆင့် ဆိုင်ကယ်၊အိုးဝေများနှင့်သွားရောက်ကြပြီး အိုးဝေခမှ အသွားအပြန် ကျပ် ၅၀၀၀၀ ခန့်ပေးရကြောင်း၊ဆိုင်ကယ်ခမှာမူ အသွားအပြန် ကျပ် ၂၅၀၀၀ ခန့် ကျသင့်သည်ဟု သိရသည်။ ကျောက္ကလပ်ကမ်းခြေမှ ဟိုင်းကြီးကျွန်းမှတဆင့် ပြင်ခရိုင်တစ်ဘက်ကမ်းသို့ စက်လှေစီးကာ သွားရောက်ရပြီး ထိုမှတစ်ဆင့်ဆိုင်ကယ်၊အိုးဝေ၊ကားစသဖြင့် လူအနည်းအများပေါ် မူတည်ကာ ငှားရမ်းသွားရောက်သွားရောက်ကြခြင်းဖြစ်သည်။ ကျောက္ကလပ်ကမ်းခြေတွင် အခြားသောပင်လယ်ကမ်းခြေတွေနှင့်မတူသည့် သဘာဝအလျောက် ဖြစ်တည်နေသည့် ကျောက်မှိုပွင့်ကြီးများ၊အမြဲစိမ်းစိုနေသည့် ရေညှိကျောက်ခွက်များ တည်ရှိနေသောကြောင့် ခရီးသွားဧည့်သည်များ အလွန်စိတ်ဝင်စားကြသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071