Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeInternationalဆူရင်ရှိဘုရား‌ကျောင်းပျ-က်ပိုင်ဆိုင်မှု ဂူဂယ်လ်မဆုံးဖြတ်နိုင်

ဆူရင်ရှိဘုရား‌ကျောင်းပျ-က်ပိုင်ဆိုင်မှု ဂူဂယ်လ်မဆုံးဖြတ်နိုင်

ကမ္ဘောဒီးယားနယ်စပ်ရှိ ဆူရင်မြို့၌ အငြင်းပွားနေသော တမူးအန်းထုံးဘုရားကျောင်းအပျ-က်အစီးများကိုထိုင်းကပိုင်ဆိုင်ကြောင်း ထိုင်းစစ်တပ်က ပြောရေးဆိုခွင့်ရှိသူက ဗုဒ္ဓဟူးနေ့တွင် ထပ်‌လောင်း၍ အခိုင်အမာပြောကြားခဲ့သည်။

ထိုင်းဘုရင့်တပ်မတော်က ဂူဂယ်လ်က တမူအန်းထုံး ဘုရားကျောင်းကို ကမ္ဘောဒီးယားနိုင်ငံအတွင်းမှ နေရာတစ်ခုအဖြစ် ဆုံးဖြတ်ခြင်းကို လိုက်နာရန်တာဝန်မရှိကြောင်း ဗိုလ်ချုပ်ဝင်းထိုင်း စုဝရီးကပြောကြားလိုက်သည်။

Google Earth နှင့် Google Maps အက်ပ်များက အမှတ်အသားပြုထားသည့် တည်နေရာအချက်အလက်အများအပြားသည် မှန်ကန်မှုမရှိဘဲ ၎င်းတို့၏ဒေတာများသည် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာအဆင့်တွင် တရားမဝင်ကြောင်းကိုလည်းပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ဆူရင် ပြည်နယ် ဖနွံဒုံရက် ခရိုင်ရှိ တမူးအန်းထုံးတွင် ၎င်းတို့၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ထင်ရှားစွာပြသခဲ့ကြောင်း ဗိုလ်ချုပ် ဝင်းထိုင်းက ထပ်မံ ပြောကြားခဲ့သည်။

ပထဝီဝင် အထောက်အထားများနှင့် ထိုင်းအစိုးရ ထိန်းသိမ်းအုပ်ချုပ်ခဲ့သည့် သမိုင်းကြောင်းအရ တမူးအန်းထုံးနယ်မြေသည် ထိုင်းနိုင်ငံက ပိုင်ဆိုင်သော နယ်မြေဖြစ်ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ထိုင်းဘုရင့်တပ်မတော်က မကြာသေးမီက ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် တမူအန်းထုံး ဘုရားကျောင်းကို ထိုင်းနိုင်ငံအတွင်း ရှေးဟောင်းသုတေသနနေရာအဖြစ် ၁၉၃၅ ခုနှစ်တွင် တရားဝင်စာရင်းသွင်းမှတ်ပုံတင်ခဲ့ကြောင်း အဆိုပါဧရိယာအတွင်း ရေမြောင်းများ ပိုင်းခြားမှုအပေါ်အခြေခံ၍ နယ်နိမိတ်မျဉ်းနှင့်အညီ မကြာသေးမီက ထုတ်ပြန်ခဲ့သည်။

ထိုင်းဘုရင့်တပ်မတော်၏အဆိုအရ ဤနယ်မြေစာရင်းသွင်းမှုမှာ ကမ္ဘောဒီးယားနိုင်ငံသည် ၁၉၅၃ ခုနှစ်တွင် ပြင်သစ်နိုင်ငံထံမှ လွတ်လပ်ရေးမရရှိမီ နှစ် ၂၀ ခန့်အလိုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ ဗိသုကာအနုသုခုမဌာနသည် ဘုရားကျောင်းအပျ-က်အစီးများကို ပြုပြင်မွမ်းမံခဲ့ပြီး ကမ္ဘောဒီးယားအစိုးရသည်လည်း ဤလုပ်ငန်းကို အသိအမှတ်ပြုခဲ့ကြောင်း တပ်မတော်က ထပ်မံဖော်ပြထားသည်။

ထို့အပြင် ထိုင်းနိုင်ငံ ခရီးသွားလာရေး အာဏာပိုင်အဖွဲ့ကလည်း အဆိုပါနေရာသို့ ခရီးသွားများ အဆင်ပြေစွာ လာရောက်လည်ပတ်နိုင်ရန် လမ်းဖောက်လုပ်ထားပြီး ဆူရင်ပြည်နယ်ရှိ ဆူရင်အမျိုးသားပြတိုက်တွင် ရှေးဟောင်းပစ္စည်းများကို ခင်းကျင်းပြသထားကြောင်း ထိုင်းဘုရင့်တပ်မတော် က ပြောကြားထားသည်။

တမူအန်းထုံး ဘုရားကျောင်းကို ကမ္ဘောဒီးယားနိုင်ငံသည် မကြာသေးမီက နိုင်ငံတကာတရားရုံး၏ စီရင်ချက်ကို တောင်းခံရန် နောက်ဆုံးတင်သွင်းတောင်းဆိုထားသည့် နယ်နိမိတ်ဆိုင်ရာအငြင်းပွားနေသည့် ၄ ခုအနက် တစ်ခုဖြစ်ပြီး၊ အပြည်ပြည်ဆိုင်ရာတရားရုံးထံတွင် ဆုံးဖြတ်ချက်တောင်းခံထားသော နေရာဖြစ်သည်။

ထိုင်းနိုင်ငံသည် အပြည်ပြည်ဆိုင်ရာတရားရုံး၏ အခွင့်အာဏာကို အသိအမှတ်ပြုခြင်း မရှိပါ။ ထိုအမှုတွင် မပါဝင်ကြောင်းပြောကြားထားသည်။

ထိုင်းနှင့် ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးများက ပူးတွဲသဘာပတိအဖြစ်ကျင်းပသည့် အထွေထွေနယ်စပ်ရေးရာကော်မတီ အစည်းအဝေးတွင် ကမ္ဘောဒီးယားနှင့် နှစ်နိုင်ငံနယ်စပ်ရေးရာ ကိစ္စရပ်များကို ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ကြောင်း ကာကွယ်ရေးဝန်ကြီးအဖြစ် ယာယီတာဝန်ထမ်းဆောင်နေသော ဒုတိယကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နက်ထာဖုန် နက်ပနစ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

အပြုသဘောဆောင်သော လက္ခဏာရှိကြောင်း ဗိုလ်ချုပ် နက်ထာဖုန်က ပြောသည်။ ကမ္ဘောဒီးယား တာဝန်ရှိသူများသည် ၎င်းတို့၏ ထိုင်းအစိုးရ အရာရှိများနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် ဆုံးဖြတ်ခဲ့သော်လည်း အချို့သော အခြေအနေများမှာ မပြေလည်သေးကြောင်းကိုလည်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံသည် နယ်စပ်ကို ပိတ်ထားခြင်း မရှိဘဲ နယ်စပ်ဖွင့်ချိန်များကိုသာ ကန့်သတ်ထားသည်ဟုဆိုကြောင်း၊ နယ်စပ်ပိတ်ထားသူမှာ ကမ္ဘောဒီးယားဘက်က ဖြစ်သည်ဟုလည်း ဗိုလ်ချုပ်ကြီးနက်ထာဖုန်က ထပ်မံအတည်ပြုပြောကြားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071