ဆီးရီးယားနှင့် ပထမအကျော့ပွဲစဥ်မှာ လက်ရွေးစင် ကစားသမားအချို့ဒဏ်ရာရခြင်း၊ ခရီးပန်းပြီး ဖျားနာခြင်းတွေကြောင့်သာ မပါဝင်နိုင်ခြင်းဖြစ်သည်ဟု အသင်းခေါင်းဆောင် မောင်မောင်လွင်ကအောက်တိုဘာ (၁၃)ရက် ပွဲကြို သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။
ဆော်ဒီအာရေဗျ နိုင်ငံတွင် ဆီးရီးယားအသင်းနှင့် အဝေးကွင်း ကစားချိန် လက်ရွေးစင်ကစား သမားအချို့ လာရောက်ပူးပေါင်းနိုင်ခြင်းမရှိသည့်အပေါ် မောင်မောင်လွင်က ပြန်လည်ဖြေရှင်းထားခြင်းလည်းဖြစ်သည်။
ယခု ဒုတိယပွဲစဉ်မှာ လက်ရွေးစင် ကစားသမားအချို့နှင့် ယူ ၂၃ ကစားသမားအ ချို့ အသင်းဖြင့် တူ ပူးပေါင်းလေ့ကျင့်နေကြပြီဖြစ်ခြင်းကြောင့် အကောင်းဆုံးရလဒ်တွေရမည်ဟု မျှော်လင့်ကြောင်း ဆို သည်။
“ထိုင်းခြေစမ်းခရီးအထိ အသင်းနဲ့အတူ ပူးပေါင်းခဲ့ပေမဲ့ ရရှိထားတဲ့ ဒဏ်ရာ အ ခြေအနေကြောင့် အဝေးကွင်းပွဲစဉ်ကို မလိုက်ပါနိုင်ခဲ့ဘဲ စနစ်တကျ ကုသမှုခံယူခဲ့ရပါတယ်။ အခု ပြန်လည်ကစားနိုင်ပြီဖြစ်လို့ ကျွန်တော်တို့ ပရိသတ်ရှေ့မှာ အ ကောင်းဆုံး ကြိုးစားပါမယ်။ ပြီးခဲ့တဲ့ ပထမအကျော့မှာလည်း အရေးကြီးတဲ့ ကစားသမား အချို့ ဒဏ်ရာရတာ၊ ခရီးပန်းပြီး ဖျားနာတာကအစ ခက်ခဲမှုတွေရှိပါတယ်။ မနက်ဖြန်အတွက် ဒီလိုမျိုး မဖြစ်ရအောင် ပြင်ဆင်နေပါတယ်။ ပွဲနိုင်ဖို့ ဆိုတာက ကျွန်တော်တို့ပဲ လုပ်နေလို့ မရဘူးပေါ့။ ကျွန်တော်တို့ ပရိသတ် အား ပေးမှုက အရေးကြီးပါတယ်။”ဟု ဆိုသည်။
ပထမအကျော့ပွဲစဉ်တွင်မြန်မာအသင်းက ဆီးရီးယားအသင်းကို (၅)ဂိုး(၁)ဂိုးဖြင့် ရှုံးနိမ့်ထားပြီး ယနေ့ အောက်တိုဘာ (၁၄) ရက် ညနေပိုင်းအချိန်၌ ဒုတိယအကျော့ပွဲစဉ်ကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။
