Wednesday, December 17, 2025

ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့...

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း...

နေပြည်တော်တွင် မီးသတ်တပ်ဖွဲ့၏ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ ငလျင်ဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြသ

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မီးသတ်ဦးစီးဌာန၊ ဗဟိုမီးသတ်စခန်းတွင် ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းက မီး သတ်ဦးစီးဌာနတွင်ဖွဲ့စည်းထားသော ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှု ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ပြသခဲ့ကြကြောင်း...

မန္တလေးတက္ကသိုလ် ရာပြည့် အထိမ်းအမှတ် အထူးထုတ်...

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ မန္တလေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၁)...

မန္တလေးတွင် နှစ်သစ်ကြိုဆိုပွဲ အောင်မြင်စွာကျင်းပနိုင်ရန် စီစဉ်နေပြီး...

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ည နှစ်သစ်ကြိုဆိုပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မန္တလေးတိုင်းအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးတွင်...
HomeNewsLocal Newsဆိုင်ကလုန်းမုန်တိုင်း မိုခါ ကော့ဘဇားမြို့နှင့်...

ဆိုင်ကလုန်းမုန်တိုင်း မိုခါ ကော့ဘဇားမြို့နှင့် ကျောက်ဖြူမြို့ကြားမှ ဖြတ်နိုင်

မေလ (၁၁) ရက် နံနက်ပိုင်းတိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်သည် မြောက်- အနောက် မြောက်ဘက်သို့ ရွေ့လျားကာ ပိုမိုအားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)အဖြစ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက် – အနောက်တောင်ဘက် ရေမိုင် (၃၆၅) မိုင်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက် – အနောက် တောင်ဘက် ရေမိုင်(၄၇၅) မိုင်၊ စစ်တွေမြို့၏ တောင် – အနောက်တောင်ဘက် ရေမိုင်(၆၁၅) မိုင်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း၏ အနောက် – အနောက်မြောက်ဘက် ရေမိုင် (၄၁၅)မိုင်၊ ပိုပလဲယားကျွန်း၏ အနောက် – အနောက် တောင်ဘက် ရေမိုင်(၂၈၀)မိုင်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့ဘဇားမြို့၏ တောင် – အနောက်တောင်ဘက် ရေမိုင် (၆၆၅)မိုင်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် ဘင်္ဂလားဒေ့ရှ် – မြန်မာကမ်းရိုးတန်းကို ဦးတည် ရွေ့လျားနိုင်သည့် အခြေအနေမျိုးရှိသည့်အတွက် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပြီး လက်ရှိ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီကို (၄၅) မိုင်နှုန်းရှိနေကြောင်း မိုး/ဇလက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ယနေ့ မေလ (၁၁) ရက် ညပိုင်းတွင် ပိုမိုအားကောင်းလာကာ အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) အဖြစ်သို့ ရောက်ရှိနိုင်ပြီး မေ (၁၂) ရက်တွင် မြောက် – အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် အားအလွန်ကောင်းသည့် ဆိုင်ကလုန်းမုန် တိုင်း (မိုခါ) အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။

ယင်း အားအလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)သည် မေ (၁၄) ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ တောင်ပိုင်းနှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း သတိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာထုတ်ပြန်ခဲ့

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းဝင်ခွင့်ရသူများစာရင်းအား သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ပညာရေးဝန်ကြီးဌာန၏ website ဖြစ်သော www.moe.gov.mm နှင့် အဆင့်မြင့်ပညာဦးစီးဌာန website ဖြစ်သည့် www.dhe.gov.mm တို့တွင်ကြေညာပေးထားကြောင်း သိရသည်။

နေပြည်တော်တွင် မီးသတ်တပ်ဖွဲ့၏ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ ငလျင်ဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြသ

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မီးသတ်ဦးစီးဌာန၊ ဗဟိုမီးသတ်စခန်းတွင် ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းက မီး သတ်ဦးစီးဌာနတွင်ဖွဲ့စည်းထားသော ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှု ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ပြသခဲ့ကြကြောင်း သိရသည်။ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒု-ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် နိုင်ငံတော်မှဝယ်ယူဖြည့်တင်းပေးခဲ့သည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးယာဉ်/စက်ပစ္စည်းကိရိယာများနှင့်အတူ ငလျင်ဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်မှု ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များကို သရုပ်ပြသခဲ့ကြကြောင်း သိရသည်။ မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးချိန်တွင် နိုင်ငံတကာရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရမှုများအပေါ် သုံးသပ်ချက်၊ သင်ခန်းစာဖော်ထုတ်ချက်များအရ...

မန္တလေးတက္ကသိုလ် ရာပြည့် အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချမည်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ မန္တလေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးကို ဒီဇင်ဘာ ၂၁ ရက် က စတင်ပြီး ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တံဆိပ်ခေါင်းသစ်ကို နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် စတင်ရောင်းချမည့် ဒီဇင်ဘာ (၂၁) ရက်နေ့၌ ဝယ်ယူသည့် စာပို့တံဆိပ်ခေါင်းများပေါ်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071