Wednesday, December 17, 2025

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ်သုံးခု ဖြင့်...

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်း...

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ...
HomeNewsLocal Newsဆန်စပါးသိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ-ပုဂ္ဂလိက...

ဆန်စပါးသိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ-ပုဂ္ဂလိက လုပ်ငန်းအဖွဲ့ ဖွဲ့စည်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ အဖွဲ့ခေါင်းဆောင်အဖြစ်ပါဝင်သည့် ဆန်စပါးသိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ -ပုဂ္ဂလိက လုပ်ငန်းအဖွဲ့အား ဖွဲ့စည်းခဲ့သည်ဟု မေ ၉ ရက်က ထုတ်ပြန်ခဲ့သည်။

ယင်း အဖွဲ့အား ဆန်စပါးလုပ်ကိုင်နေသူများ ဝန်ထုပ်ဝန်ပိုးနှင့်အန္တရာယ်မဖြစ်စေဘဲ လုပ်ငန်းဆောင်ရွက်နိုင်ရန်၊အမြတ်များများရလိုမှုဖြင့် သမားရိုးကျ ရောင်းဝယ်ခြင်းမဟုတ်သော လုပ်ငန်းများကို ထိန်းကျောင်းနိုင်ရန်၊ဆန်စပါးသိုလှောင်မှုအခြေအနေအား စနစ်တကျဆောင်ရွက်နိုင်ရန်တို့အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်မှ အဖွဲ့ခေါင်းဆောင်၊မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌမှ ဒု-အဖွဲ့ခေါင်းဆောင်၊ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အတွင်းရေးမှူး၊မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ တွဲဖက်အထွေထွေအတွင်းရေးမှူးက တွဲဖက်အတွင်းရေးမှူးတို့အဖြစ်တာဝန်ယူပြီး အစိုးရ/ပုဂ္ဂလိ ကတို့မှ အဖွဲ့ဝင် ၇ ဦး(စုစုပေါင်း ၁၁ ဦး)ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ အဖွဲ့သည် လုပ်ငန်းတည်နေရာ တစ်နေရာတွင် ဆန်တန်ချိန်(၅၀)၊(၁၀၀၀ အိတ်)နှင့်စပါး တင်း(၅၀၀၀)အထက် သိုလှောင်မှုပမာဏအား မှတ်ပုံတင်ရန်သတ်မှတ်ခြင်း၊ပမာဏပြောင်းလဲခြင်းကို သတင်းပို့သည့်စနစ်အား ကြပ်မတ် အကောင်အထည်ဖော်ရမည်ဖြစ်သည်။

ထို့ပြင် မှတ်ပုံတင်လုပ်ငန်းများဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်ထိရောက်စွာဆောင်ရွက်နိုင်ရန် ICT နှင့် Digital နည်းပညာကိုအသုံးပြု၍ အွန်လိုင်းမှမှတ်ပုံတင်ခြင်းစနစ်ကို ကျင့်သုံးဆောင်ရွက်ရမည်ဖြစ်သည်။

မှတ်ပုံတင်လုပ်ငန်းထိရောက်စေရန် တိုင်း/ပြည်နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနမှတဆင့် ကြပ်မတ်ဆောင်ရွက်ကာ မှတ်ပုံတင်စနစ်အား အားလုံးလိုက်ပါကျင့်သုံးနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ကာ လိုက်နာကျင့်သုံးခြင်းမရှိပါက ဥပဒေနှင့်အညီထိန်းကျောင်းကြပ်မတ်အရေးယူမှုများ ပြုလုပ်သွားရမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ်သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေ

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်း ဇယားသည် ယနေ့(ဒီဇင်ဘာလ ၁၇ ရက်) နေ့ ယှဉ်ပြိုင်မှုများအထိ ရပ်တည်မှုဇယား ဖြစ်သည်။ ဇယားတွင် မြန်မာက ရွှေတံဆိပ် ၃ ဆု၊ ငွေတံဆိပ် ၁၉ဆု၊ ကြေးတံဆိပ် ၂၄ ဆု ရရှိထားသည်။ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ လှေအားကစားနည်း အမျိုးသမီးတစ်ဦးချင်း လိုက်ဝိတ်ပွဲစဉ်၌ မြန်မာက ကြေးတံဆိပ် ရရှိထားသည်။ မြန်မာအတွက် ရွှေတံဆိပ်ဆု...

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း ရေလက်ကြားကို ပထမဆုံအကြိမ် ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။ တရုတ်က ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်သော ထိုင်ဝမ်သည် ကျွန်းတစ်ဝိုက်တွင် တရုတ်စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကို နေ့စဉ်နီးပါး သတင်းထုတ်ပြန်လျက်ရှိသည်။ တရုတ်စစ်တပ်၏ အဆိုပါလှုပ်ရှားမှုများသည် ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရအပေါ် ဖိအားပေးသည့် အစီအမံတစ်ရပ်ဖြစ်သည်ဟု တိုင်ပေက ရှုမြင်သည်။ ယမန်နေ့က ဖူကျန်းသည် ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ပြီး ၎င်းကို ထိုင်ဝမ်တပ်ဖွဲ့များက စောင့်ကြည့်နေခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေခြင်း ဖြစ်သည်။ ဆုတံဆိပ်များကို ဝူရှူးအားကစားနည်းမှ ထောက်လုအားကစားပြိုင်ပွဲ အမျိုးသားသွေ့လျန့်(လက်နက်မဲ့) အတွဲ အတိုက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ တင်ထူးဝေ+ ရဲရင့်ထွန်းအတွဲ၊ အမျိုးသမီး ဆန်းဆို(၅၆ ကီလို) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ချယ်ရီသန်း၊ အမျိုးသမီးဆန်းဆို (၆၀ ကီလို)ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရနှင်းနုဝါ၊ အမျိုးသမီးသွေ့လျန့်(လက်နက်) ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ သုပန်ထွာ+...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071