Wednesday, December 17, 2025

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ်သုံးခု ဖြင့်...

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်း...

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ...
HomeInternationalဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန် ဆိုးလ်နှင့်...

ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန် ဆိုးလ်နှင့် ဟနွိုင် ကတိပြုကြမည်

တောင်ကိုရီးယားနှင့် ဗီယက်နမ်တို့သည် သြဂုတ်လ ၁၁ ရက် နေ့တွင် ၎င်းတို့ခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲတွင် စီးပွားရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ကတိပြုကြမည်ဖြစ်သည်။ စစ်အေးခေတ် ရန်သူဟောင်းများသည် စိန်ခေါ်မှုများရှိနေသော ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်စေရန် ၎င်းတို့၏ စီးပွားရေးဆက်ဆံမှုအရှိန်မြှင့်‌ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်သည် ဇွန်လ ၄ ရက် နေ့တွင် သမ္မတတာဝန်ကို စတင်ထမ်းဆောင်ပြီးနောက်ပိုင်း ပထမဆုံးနိုင်ငံတော်ဧည့်သည်တော်အဖြစ် ဗီယက်နမ်ခေါင်းဆောင် တူလမ်ကို လက်ခံတွေ့ဆုံမည်ဖြစ်ကာ ဗီယက်နမ်နိုင်ငံတွင် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း မစ္စတာလီ၏ရုံးက ပြောကြားခဲ့သည်။

ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး မစ္စတာလမ်သည် စက်မှု၊ ကုန်သွယ်ရေး၊ နိုင်ငံခြားရေးနှင့် နည်းပညာဝန်ကြီးများ၊ ပါတီအကြီးတန်းနှင့် လွှတ်တော်အမတ်များပါဝင်သော ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ ဆိုးလ်သို့ လေးရက်ကြာနိုင်ငံတော်ခရီးစဉ်ကို သွားရောက်မည်ဖြစ်သည်။

ထိပ်သီးအစည်းအဝေးတွင် နျူကလီးယား၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ငွေကြေးနှင့် ဘဏ္ဍာရေးမူဝါဒများ၊ သိပ္ပံနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၁၀ ခု ခန့်ကို နှစ်နိုင်ငံလက်မှတ်ရေးထိုးသွားရန် စီစဉ်ထားကြောင်း မစ္စတာလီ၏ရုံးက ပြောဆိုသည်။

ဗီယက်နမ်ခေါင်းဆောင်၏ ရှားရှားပါးပါး ခရီးစဉ်သည် ဗီယက်နမ်နိုင်ငံတွင် စီစဉ်ထားသည့် အဓိကအခြေခံအဆောက်အဦးနှင့် နျူကလီးယားစွမ်းအင်စီမံကိန်းများတွင် တောင်ကိုရီးယားစီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် အဆင်သင့်ဖြစ်စေမည့် အခြေအနေတစ်ရပ်ကို အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ကြောင်းလည်း အဆိုပါရုံးက ပြောကြားခဲ့သည်။

ဆမ်ဆောင်းအီလက်ထရောနစ်အပါအဝင် တောင်ကိုရီးယား၏ အဓိကကုမ္ပဏီကြီးအများအပြားသည် ဗီယက်နမ်ကို ပို့ကုန်ဗဟိုချက်အဖြစ် အသုံးပြုခဲ့ကြပြီး လုပ်သားစရိတ်သက်သာမှု၊ ရက်ရောသော အခွန်မက်လုံးများနှင့် ဟနွိုင်၏ ဒါဇင်နှင့်ချီသောနိုင်ငံများနှင့် မြောက်များစွာသော လွတ်လပ်စွာကုန်သွယ်မှုစာချုပ်များကြောင့် နှစ်များစွာ အကျိုးအမြတ်ဖြစ်ထွန်းခဲ့ကြသည်။

သို့ရာတွင် မကြာသေးမီရက်သတ္တပတ်များအတွင်း အာရှနိုင်ငံများအပေါ် စည်းကြပ်ခွန်အသစ်များ ချမှတ်ခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ပ့်၏ ကုန်သွယ်မှုမူဝါဒသည် အနာဂတ်စီးပွားရေးဆိုင်ရာ ကတိကဝတ်များနှင့်ပတ်သက်၍ မရေရာမှုများကို တိုးလာစေပြီး ဗီယက်နမ်၏ တရားဝင်အချက်အလက်များအရ ရင်းနှီးမြှုပ်နှံမှုအသစ်များသည် နှေးကွေးသွားကြောင်း ဖော်ပြနေသည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ်သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေ

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခု ဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်း ဇယားသည် ယနေ့(ဒီဇင်ဘာလ ၁၇ ရက်) နေ့ ယှဉ်ပြိုင်မှုများအထိ ရပ်တည်မှုဇယား ဖြစ်သည်။ ဇယားတွင် မြန်မာက ရွှေတံဆိပ် ၃ ဆု၊ ငွေတံဆိပ် ၁၉ဆု၊ ကြေးတံဆိပ် ၂၄ ဆု ရရှိထားသည်။ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ လှေအားကစားနည်း အမျိုးသမီးတစ်ဦးချင်း လိုက်ဝိတ်ပွဲစဉ်၌ မြန်မာက ကြေးတံဆိပ် ရရှိထားသည်။ မြန်မာအတွက် ရွှေတံဆိပ်ဆု...

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း ရေလက်ကြားကို ပထမဆုံအကြိမ် ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။ တရုတ်က ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်သော ထိုင်ဝမ်သည် ကျွန်းတစ်ဝိုက်တွင် တရုတ်စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကို နေ့စဉ်နီးပါး သတင်းထုတ်ပြန်လျက်ရှိသည်။ တရုတ်စစ်တပ်၏ အဆိုပါလှုပ်ရှားမှုများသည် ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရအပေါ် ဖိအားပေးသည့် အစီအမံတစ်ရပ်ဖြစ်သည်ဟု တိုင်ပေက ရှုမြင်သည်။ ယမန်နေ့က ဖူကျန်းသည် ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ပြီး ၎င်းကို ထိုင်ဝမ်တပ်ဖွဲ့များက စောင့်ကြည့်နေခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေခြင်း ဖြစ်သည်။ ဆုတံဆိပ်များကို ဝူရှူးအားကစားနည်းမှ ထောက်လုအားကစားပြိုင်ပွဲ အမျိုးသားသွေ့လျန့်(လက်နက်မဲ့) အတွဲ အတိုက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ တင်ထူးဝေ+ ရဲရင့်ထွန်းအတွဲ၊ အမျိုးသမီး ဆန်းဆို(၅၆ ကီလို) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ချယ်ရီသန်း၊ အမျိုးသမီးဆန်းဆို (၆၀ ကီလို)ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရနှင်းနုဝါ၊ အမျိုးသမီးသွေ့လျန့်(လက်နက်) ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ သုပန်ထွာ+...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071