Monday, June 15, 2026

တရုတ်၏ အာကာသနည်းပညာ အောင်မြင်မှုများကို နိုင်ငံတော်သမ္မတ...

ပေကျင်း၊ ဇွန် ၁၅ တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅...

နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်၊ နိုင်ငံတော်သမ္မတ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ယနေ့ ဇွန် ၁၅ ရက်...

ကချင်ပြည်နယ်က ယာယီတိမ်းရှောင်စခန်းရှိ အိမ်ထောင်စု (၆၀၉)...

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ၊ ကောင်စီဝင် ဒေါ်ဒွဲဘူနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ရွေးနုတ်ကယ်တင်ခြင်း ယာယီတိမ်းရှောင်စခန်း၌ ခိုလှုံနေထိုင်လျက်ရှိသော စခန်း...

တရားမဝင် ယစ်မျိုးလိုင်စင်များကို မြေပြင်တွင် စီမံကိန်းပုံစံဖြင့်...

စီမံချက်ဆောင်ရွက်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနအနေနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများကို တင်ပြဆောင်ရွက်မည်ဖြစ် မြန်မာနိုင်ငံတွင် တရားမဝင် ယစ်မျိုးလိုင်စင်များကို ထိရောက်စွာ ဖမ်းဆီးအရေးယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိကို ယနေ့ ဇွန် ၁၅ ရက်နေ့တွင်...
HomeMoviesစုံ/မ စနစ်ဖြင့် မောင်းနှင့်ခွင့်ကိစ္စကို...

စုံ/မ စနစ်ဖြင့် မောင်းနှင့်ခွင့်ကိစ္စကို ဖြေရှင်းပေးရန် ရန်ကုန်တိုင်းလွှတ်တော်တွင် ကိုယ်စားလှယ်တစ်ဦးထပ်မံမေးမြန်း

ရန်ကုန်တိုင်းဒေသကြီးတွင် စုံ/မ စနစ်ဖြင့် မော်တော်ယာဉ် မောင်းနှင်းရန် သတ်မှတ်ချက်ကို ပယ်ဖျက်ပေးရန် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ယနေ့ တိုင်းလွှတ်တော်တွင် မေးမြန်းခဲ့ကြောင်း သိရသည်။

ယနေ့ ကျင်းပည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တွင် မေးမြန်းခဲ့ခြင်းလည်း ဖြစ်သည်။

စက်သုံးဆီတန်းဆီဝယ်ယူမှုများနည်းပါးသွားပြီး စက်သုံးဆီဆိုင်များတွင်လည်း ရောင်းချမှုကို စုံ/မ ကန့်သတ်ထားပြီးဖြစ်ရာ လမ်းပေါ်တွင် စုံ/မ စနစ်ကို ထပ်မံကန့်သတ်ထားခြင်းဖြင့် စက်သုံးဆီချွေတာရေးထက် ပြည်သူများ လူမှုရေး၊စီးပွားရေး၊ပညာရေးကို ခက်ခဲစေကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ယနေ့ တိုင်းလွှတ်တော်တွင် မေးမြန်းစဉ် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်စွမ်းအင်၊စက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က စုံ/မ ကန့်သတ်ချက်ဖြင့် မောင်းနှင်ခြင်းကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (သတင်းထုတ်ပြန်ရေးအဖွဲ့) က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်းသာ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါ မေးခွန်းမေးမြန်းမှုသည် ဒုတိယ အကြိမ် မေးမြန်းခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုအဆင့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင်လည်း လင်းခေးမြို့နယ်ပြည်သူလွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းစံ (ခ) စိုင်းဆေဟန် က ဆက်စပ်မေးခွန်းတွင်လည်း စုံ/မ ကိစ္စကို ထည့်သွင်းမေးမြန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုအဆင့်ဖြစ်သည့် ပြည်သူလွှတ်တော်အစည်းဝေး မှာ မေးမြန်းချက်တွင်လည်း အဆိုပါ စုံမ ကိစ္စ သတ်မှတ်ခြင်းသည့် နိုင်ငံတော် ကချ မှတ်ထားသည့် မူဝါဒဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူ က ပြန်လည်ဖြေကြားသည်။

မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များကို စုံ/မ ရက် ခွဲခြားမောင်းနှင်ရန် ကန့်သတ်ချက်ကို ၂၀၂၆ ခုနှစ် မတ်လ ၃ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (သတင်းထုတ်ပြန်ရေးအဖွဲ့) က ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်၏ အာကာသနည်းပညာ အောင်မြင်မှုများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လေ့လာ

ပေကျင်း၊ ဇွန် ၁၅ တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်တွင် ပေကျင်းမြို့ရှိ Aerospace City သို့ သွားရောက်ကာ တရုတ်နိုင်ငံ၏ အာကာသနှင့် လေကြောင်းနည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ကြည့်ရှုလေ့လာခဲ့သည်။ Aerospace City သည် တရုတ်နိုင်ငံ၏ အာကာသသိပ္ပံ၊ ဂြိုဟ်တုနည်းပညာ၊ ဒုံးပျံစနစ်များနှင့် အဆင့်မြင့်လေကြောင်းနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် သုတေသနနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အချက်အချာနေရာတစ်ခုဖြစ်ပြီး ပေကျင်းအာကာသထိန်းချုပ်ရေးစင်တာ (BACC)၊ တရုတ်အာကာသနည်းပညာအကယ်ဒမီ...

နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ပေကျင်း၌ ဂုဏ်ပြုကြိုဆို

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ယနေ့ ဇွန် ၁၅ ရက် နံနက်ပိုင်းတွင် ထွက်ခွာခဲ့ပြီး မွန်းလွဲ ၂ နာရီခန့်တွင် ပေကျင်းမြို့ရှိ Capital International Airport သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ပေကျင်းမြို့ရှိ Capital International Airport တွင် တရုတ်နိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများက တရုတ်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ...

ကချင်ပြည်နယ်က ယာယီတိမ်းရှောင်စခန်းရှိ အိမ်ထောင်စု (၆၀၉) စုအား ဆန်အိတ် ၂၀၀ ထောက်ပံ့

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ၊ ကောင်စီဝင် ဒေါ်ဒွဲဘူနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ရွေးနုတ်ကယ်တင်ခြင်း ယာယီတိမ်းရှောင်စခန်း၌ ခိုလှုံနေထိုင်လျက်ရှိသော စခန်း (၉) ခုမှ အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲကို မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ ပြည်နယ်လွှတ်တော်ရုံးအနီးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) ပိုင်မြေဧရိယာအတွင်း ဖွင့်လှစ်ထားသည့် ရွေးနုတ်ကယ်တင်ခြင်း ယာယီတိမ်းရှောင်စခန်း ခန်းမဆောင်၌ ကျင်းပခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ကောင်စီဝင် ဒေါ်ဒွဲဘူက မိမိတို့ဒေသ တည်ငြိမ်အေးချမ်းရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071