ပြည်တွင်းရှိ စားသုံးဆီနှင့် စက်သုံးဆီ တင်သွင်းသူများအတွက် ဒီဇင်ဘာလ (၂၉) ရက်တွင် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၁၁ သန်းကျော် ရောင်းချပေးခဲ့ကြောင်း သိရသည်။
CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများထဲက အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၄၇ သန်းကျော်ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများအတွက် ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး မေရိကန်ဒေါ်လာ ၄ သိန်း ၆ သောင်းကျော်ကို စ က်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအတွက် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။
FX Trading တွင်ဒီဇင်ဘာလ (၂၉) ရက်က စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်း၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ဓာတ်မြေဩ ဇာ၊ လူသုံးကုန်ပစ္စည်း၊ ပုံနှိပ်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ဆေး ဝါးနှင့် ဆေးဝါးကုန်ကြမ်း၊ စက်မှုကုန်ကြမ်းနှင့် စားသုံးကုန်စည်တင်သွင်းသည့် သွင်းကုန်လုပ်ငန်းရှင်များထံမှ နိုင်ငံခြားငွေများ ဝယ်ယူရရှိခဲ့ကြောင်းလည်း သိရသည်။
ဗဟိုဘဏ်၏ FX Trading Platform တွင် နိုင်ငံခြားငွေလဲနှုန်းသည် ဒီဇင်ဘာလ (၃၀) ရက်၌ အမေရိကန်တစ်ဒေါ်လာကို (၃၆၄၉) ကျပ်၊ ထိုင်းတစ်ဘတ်ကို (၁၂၄ ဒသမ ၅၀) ကျ ပ်၊ တရုတ်ငွေတစ်ယွမ်ကို (၅၅၆ ဒသမ ၆၀)ကျပ်ဖြင့် သတ်မှတ်ရောင်းဝယ်ခဲ့ကြောင်း သိရသည်။
