Home News Local News စမ်းချောင်းမြို့နယ်အတွင်းရှိ ဟိုတယ်တစ်ခုတွင် ဟိုတယ်ဝန်ထမ်းတစ်ဦး နားနေခန်းအတွင်း လဲကျ‌ ‌ေ-သဆုံး

စမ်းချောင်းမြို့နယ်အတွင်းရှိ ဟိုတယ်တစ်ခုတွင် ဟိုတယ်ဝန်ထမ်းတစ်ဦး နားနေခန်းအတွင်း လဲကျ‌ ‌ေ-သဆုံး

0
78

ရန်ကုန်၊ စက်တင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မုန့်(တောင်)ရပ်ကွက်၊ ပြည်လမ်းမပေါ်ရှိ ဟိုတယ်တစ်ခုတွင် ဟိုတယ်ဝန်ထမ်းတစ်ဦး နားနေခန်းအတွင်း လဲကျ‌ေ-သဆုံးနေသဖြင့် အနာဂတ်အလင်းတန်းပရဟိတအသင်းက သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ စက်တင်ဘာ ၅ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နားနေခန်းအတွင်း လဲကျ‌ေ-သဆုံးနေသည့် ဟိုတယ်ဝန်ထမ်း၏ ရုပ်အလေ-ာင်းအား လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်နိုင်ရန် အနာဂတ်အလင်းတန်းပရဟိတအသင်းက လူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အခမဲ့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ‌ေ-သဆုံးရသည့်အကြောင်းရင်းကို သက်ဆိုင်ရာဌာနများက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-အနာဂတ်အလင်းတန်း ပရဟိတအသင်း