Sunday, May 31, 2026

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊...

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့...

ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များကို နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ပြီးနောက် မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းရှိ...
HomeNewsLocal Newsအာရှဘောလုံးအဖွဲ့ချုပ် နည်းပြလိုင်စင်ရ သင်တန်းဆရာများက...

အာရှဘောလုံးအဖွဲ့ချုပ် နည်းပြလိုင်စင်ရ သင်တန်းဆရာများက သင်ကြားမည့် MFF မှနွေရာသီ လူငယ်ဘောလုံးသင်တန်းများ အခမဲ့ တက်​ရောက်နိုင်ပြီ

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF မှ ဘောလုံးဖွံ့ဖြိုးရေးနှင့် လူငယ်မျိုးဆက်သစ်များအတွက် နွေရာသီ လူငယ်ဘောလုံးသင်တန်းများကို စပွန်ဆာများ၏ ပံ့ပိုးကူညီမှုဖြင့် အခမဲ့ ဖွင့်လှစ်သွားမည်ဖြစ်သည်။

၂၀၂၃ နွေရာသီ လူငယ် ဘောလုံးသင်တန်း အမှတ်စဉ် (၁)နှင့် (၂)ကို ရန်ကုန်နှင့် မန္တလေးရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF ) ဘောလုံးအကယ်ဒမီများနှင့် ဗဟန်းကွင်းတို့တွင် သင်တန်းကြေး အခမဲ့ဖြင့် ဖွင့်လှစ် ပို့ချပေးသွားမည်ဖြစ်ပြီး နိုင်ငံတဝန်းရှိ ကျောင်းသားလူငယ်များအားလက်ခံသင်ကြား​ပေးမည်ဖြစ်သည်။

သင်တန်း အမှတ်စဉ် (၁)အား ၂၀၂၃ခုနှစ်  မတ်လ (၁) ရက်မှ  ဧပြီလ (၁၀)ရက် အထိ၊ အမှတ်စဉ် (၂)အား ၂၀၂၃ ခုနှစ် ဧပြီလ (၁၉)ရက် မှ မေလ (၂၉) ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးတို့တွင် သင်တန်းသား (၂၀၀) ဦးစီကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ရှိ အာရှဘောလုံးအဖွဲ့ချုပ် နည်းပြလိုင်စင်ရ သင်တန်းဆရာများက ကြီးကြပ် သင်ကြားပေးသွားမည်ဟုဆိုသည်။

အဆိုပါ အခြေခံ ဘောလုံးသင်တန်းသို့ အသက် ၉ နှစ်မှ ၁၅နှစ် အတွင်း (ကျား/မ) မည်သူမဆို တက်ရောက် သင်ယူနိုင်မည်ဖြစ်ပြီး အပတ်စဉ် တနင်္လာ၊ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် ဖွင့်လှစ်မည့်  သင်တန်းတွင် နံနက် ၇ နာရီ ၃၀ မိနစ်မှ ၉ နာရီ ၃၀ မိနစ်အထိ အခြေခံ ဘောလုံးပညာများ သင်ကြားရမည်ဖြစ်သည်။

ယခင်က သင်တန်းသား တစ်ဦးလျှင် သင်တန်းကြေး ကျပ် (၅၀၀၀၀) သတ်မှတ်ထားသော်လည်း ယခုအခါ စပွန်ဆာများ၏ ပံ့ပိုးကူညီမှုဖြင့် အခမဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကာ ဝတ်စုံတစ်စုံစီနှင့် MFF အသိအမှတ်ပြု သင်တန်းဆင်း လက်မှတ်များ ပေးအပ်သွားမည်ဟု သိရသည်။

အမှတ်စဉ် (၁) သင်တန်း တက်ရောက်လိုသူများ အနေဖြင့်
https://www.mediafire.com/file/j2vvo57k0501n71/Summer_Football_classs.docx/file မှ

သင်တန်းတက်ခွင့် လျှောက်လွှာများကို ကူးယူဖြည့်စွက်၍  သင်တန်းဖွင့်လှစ်မည့် အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)နှင့် မြန်မာ့ဘောလုံးအကယ်ဒမီ (မန္တလေး)သို့  ဖေဖော်ဝါရီ  ၂၈ ရက်နေ့ နောက်ဆုံးထား၍ ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက်ဆက်သွယ် လျှောက်ထားကြရန်အသိ​ပေးထားသည်။

ဖုန်းဖြင့်ဆက်သွယ်စုံစမ်းမေးမြန်းလိုသူများအနေဖြင့်လည်း ( ရန်ကုန် ၀၉ – ၄၀၃၇၂၅၄၂၅ ၊ မန္တလေး ၀၉ – ၄၂၆၅၅၀၀၆၆ ) သို့ ဆက်သွယ်စုံစမ်းနိုင်မည််ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုသည် ညနေ ၄ နာရီ ၃၆ မိနစ် ၄၈ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမှဝန်ထမ်းများနှင့် ပညာတော်သင်များကိုတွေ့ဆုံ

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို မြန်မာသံရုံး၌တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာသံရုံး၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်လက်မှတ်ရေးထိုးပြီး ဩဝါဒစ ကားပြောကြားကာအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတည်ခင်းဧည့်ခံသည့် ညစာစားပွဲကို တက်ရောက်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့ မေ ၃၀ ရက်တွင် လာရောက် ဂါရဝပြုတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးတို့ သည် နှစ်နိုင်ငံအကျိုးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071