စပိန်နိုင်ငံသည် အသက် ၁၆ အောက် အရွယ်မရောက်သေးသူများကို ဆိုရှယ်မီဒီယာ အသုံးပြုခွင့်ကို ပိတ်ပင်မည်ဖြစ်ပြီး ပလက်ဖောင်းများအနေဖြင့် အသက်အရွယ်ကိုစိစစ်၍ အတည်ပြုေသာစနစ်များကို အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၃ ရက် နေ့တွင် ဒူဘိုင်း၌ ကျင်းပသည့် ကမ္ဘာ့အစိုးရထိပ်သီးအစည်းအဝေးတွင် ဝန်ကြီးချုပ် ပက်ဒရိုဆန်ေရှးက ပြောကြားခဲ့သည်။
မိမိတို့၏ ကလေးများသည် တစ်ကိုယ်တည်းသွားရောက်ရန် လုံးဝမလျော်ကန်သော နေရာတစ်ခုနှင့် အကာအကွယ်မဲ့နေပြီး ယင်းကို မိမိတို့ လက်ခံတော့မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့ပြီး “ဒစ်ဂျစ်တယ်အန္တရာယ်တောကနေ သူတို့ကို ကာကွယ်သွားပါမယ်” ဟု ဆိုခဲ့သည်။
တရားမဝင် သော အကြောင်းအရာများ နှင့် အမုန်းတရားအကြောင်းအရာများနှင့် ပတ်သက်၍ ဆိုရှယ်မီဒီယာအမှုဆောင်များကို တာဝန်ခံစေရန်အတွက် နောက်သီတင်းပတ်တွင် ဥပဒေကြမ်းအသစ်တစ်ခုကို စတင်ကျင့်သုံးသွားမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ဒီဇင်ဘာလတွင် သြစတြေးလျနိုင်ငံသည် အသက် ၁၆ နှစ်အောက်ကလေးများကို ဆိုရှယ်မီဒီယာသုံးခွင့်ပိတ်ပင်သည့် ပထမဆုံးနိုင်ငံဖြစ်လာခဲ့သည်။
ထိုသို့ ပိတ်ပင်ခြင်းသည် ဗြိတိန်နှင့် ပြင်သစ်ကဲ့သို့ အလားတူအသက်အရွယ်အပေါ် အခြေခံသည့် အစီအမံများအတွက် စဉ်းစားနေသော အခြားနိုင်ငံများက အနီးကပ်စောင့်ကြည့်နေသည့် လုပ်ဆောင်ချက်ဖြစ်သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
