Monday, August 3, 2026

လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှုတွင် စပါးခင်းများရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာဘောင်ကျိုး၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာတွင် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက(၃)သောင်းကျော်အနက် အချို့ မိုးစပါးစိုက်ဧက(၁)သောင်းကျော်၏ စပါးပင်များရေနစ်မြုတ်နေလျက်ရှိကြောင်း သိရသည်။ ထိုသို့ လေးမျက်နှာမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများမှ...

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES...

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က...

International Youth Day 2026...

ရန်ကုန်၊ ဩဂုတ် ၃ International Youth Day 2026 အထိမ်းအမှတ်အဖြစ် လူငယ်များ၏ ဖန်တီးနိုင်စွမ်းကို ဖော်ထုတ်ပြသရန်နှင့် လူငယ်ထုကြား အမှန်တကယ် လိုအပ်နေသည့်...
HomeNewsLocal Newsစည်းကြပ်မှုမှလွတ်ကင်းသောငွေများအတွက် အခွန်သက်သာခွင့် မတ်လ၃၁ရက်တွင်ကုန်ဆုံးမည်

စည်းကြပ်မှုမှလွတ်ကင်းသောငွေများအတွက် အခွန်သက်သာခွင့် မတ်လ၃၁ရက်တွင်ကုန်ဆုံးမည်

(Unicode)

စည်းကြပ်မှုမှလွတ်ကင်းသောငွေများအတွက် အခွန်သက်သာခွင့် မတ်လ၃၁ရက်တွင်ကုန်ဆုံးမည်

ကိုဗစ်-၁၉ကပ်ရောဂါကြောင့် နှောင့်နှေးလျက်ရှိသည့် စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများပြန်လည်တိုးတက်မှုရှိလာစေရေး အားပေးမြှင့်တင် နိုင်ရန်အလို့ငှာ ၂၀၂၁ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေများအတွက် သက်ညှာသော အခွန်နှုန်းများဖြင့် သတ်မှတ်ပြဋ္ဌာန်းခဲ့မှုသည် ၂၀၂၂ မတ်လ ၃၁ရက်နေ့တွင် ကုန်ဆုံးမည်ဟု ပြည်တွင်းအခွန်ဦးစီးဌာနက ကြေညာအသိပေးသည်။

ဥပဒေအရသက်ညှာပေးထားသည့် အခွန်နှုန်းထားနှင့်ဝင်ငွေအလွှာသတ်မှတ်ချက်တို့သည် ၂၀၂၁ခုနှစ် ပြည်ထောင်စု၏အခွန်ကောက်ဥပဒေ ပုဒ်မ ၂၅၊ပုဒ်မခွဲ(ဂ)အရ၃၁-၃-၂၀၂ရက်အထိသာအကျိုးသက်ရောက်မည်ဖြစ်၍ သက်ဆိုင်ရာအခွန် ရုံးများနှင့် အမြန်ဆုံးဆက်သွယ်ဆောင်ရွက်ကြရန်လည်း ပြည်တွင်းအခွန်များဦးစီးဌာနက ဆိုထားသည်။

အခြေပစ္စည်းနှင့် စပ်လျဉ်း၍ စည်းကြပ်မှုမှလွတ်ကင်းနေသောငွေကြေးကိစ္စ နစကက ၂ကြိမ်အထိ အခွန်ထပ်လျှော့ပေးထားသည်ကိုတွေ့ရသည်။

၂၀၂၂မတ်လ ၃၁ရက်နေ့အထိ အကျိုးသက်ရောက်မည့် ၂၀၂၁အခွန်အကောက်ဥပဒေ အပိုဒ်၂၅ ပုဒ်မခွဲ(က)အား ပြန်လည်ပြင်ဆင်သည့် ဥပဒေတစ်ရပ်ကို ၂၀၂၂ ဇန်နဝါရီ၆ရက်တွင် နစကက ထပ်မံ ပြဌာန်းလိုက်မှုအရ စည်းကြပ်မှုမှလွတ်ကင်းနေသောငွေကြေး သိန်း၃၀၀၀အထိကို ယခင် ၅ရာခိုင်နှုန်းအစား ယခု ၃ရာခိုင်နှုန်းသာ အခွန်ငွေကျသင့်တော့မည်ဖြစ်သည်။

ယခင်က ငွေကျပ်သိန်း၁၀၀၀အထိ ကို အခွန်၃ရာခိုင်နှုန်း၊ ငွေကျပ် သိန်း၁၀၀၀မှ သိန်း၃၀၀၀အထိကို အခွန်၅ရာခိုင်နှုန်း၊ငွေကျပ် သိန်း၃၀၀၀ကနေ သိန်း၁၀၀၀၀အထိကို အခွန် ၁၀ရာခိုင်နှုန်း၊သိန်း၁၀၀၀၀မှ သိန်း ၃၀၀၀၀အထိကို အခွန် ၁၅ရာခိုင်နှုန်း၊သိန်း ၃၀၀၀၀အထက်ဆိုလျှင် အခွန် ၃၀ရာခိုင်နှုန်းဖြင့် သတ်မှတ်ထားခဲ့မှုကို ဇန်နဝါရီလက ပြင်ဆင်ပေးခဲ့ခြင်းဖြစ်သည်။

စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေဆိုသည်မှာ နိုင်ငံသားမည်သူမဆို အခြေပစ္စည်းတစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ်တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ဆောင်ရွက် ခြင်းတို့အတွက် အသုံးပြုသည့်ဝင်ငွေမှ ဝင်ငွေရလမ်းတင်ပြနိုင်သည့် ဝင်ငွေရှိပါက ယင်းဝင်ငွေအား နုတ်ပယ်ပြီး ကျန် စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေအပေါ်တွင်လည်းကောင်း၊ ဝင်ငွေရလမ်း တင်ပြနိုင်ခြင်းမရှိပါက အသုံးပြုသည့် ဝင်ငွေအပေါ်တွင်လည်းကောင်း သတ်မှတ်ထားသည့် နှုန်းထားများအတိုင်း အခွန်နှုန်းအတိုင်း ဝင်ငွေခွန်စည်းကြပ်သည့်ငွေဖြစ်ကာ ၊အခွန်စည်းကြပ်ခြင်းသည် တရားမဝင်ရရှိသည့် ပစ္စည်းများပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်း တို့နှင့်လည်းကောင်း၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူသည့် ကိစ္စရပ်များနှင့် လည်းကောင်း သက်ဆိုင်ခြင်းမရှိစေရသည့် ငွေဖြစ်သည်ဟုသိရသည်။

(Zawgyi)

စည္းၾကပ္မႈမွလြတ္ကင္းေသာေငြမ်ားအတြက္ အခြန္သက္သာခြင့္ မတ္လ၃၁ရက္တြင္ကုန္ဆုံးမည္

ကိုဗစ္-၁၉ကပ္ေရာဂါေၾကာင့္ ေႏွာင့္ေႏွးလ်က္ရွိသည့္ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားျပန္လည္တိုးတက္မႈရွိလာေစေရး အားေပးျမႇင့္တင္ ႏိုင္ရန္အလို႔ငွာ ၂၀၂၁ခုႏွစ္ ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒတြင္ စည္းၾကပ္မႈမွ လြတ္ကင္းေနေသာဝင္ေငြမ်ားအတြက္ သက္ညႇာေသာ အခြန္ႏႈန္းမ်ားျဖင့္ သတ္မွတ္ျပ႒ာန္းခဲ့မႈသည္ ၂၀၂၂ မတ္လ ၃၁ရက္ေန႔တြင္ ကုန္ဆုံးမည္ဟု ျပည္တြင္းအခြန္ဦးစီးဌာနက ေၾကညာအသိေပးသည္။

ဥပေဒအရသက္ညႇာေပးထားသည့္ အခြန္ႏႈန္းထားႏွင့္ဝင္ေငြအလႊာသတ္မွတ္ခ်က္တို႔သည္ ၂၀၂၁ခုႏွစ္ ျပည္ေထာင္စု၏အခြန္ေကာက္ဥပေဒ ပုဒ္မ ၂၅၊ပုဒ္မခြဲ(ဂ)အရ၃၁-၃-၂၀၂ရက္အထိသာအက်ိဳးသက္ေရာက္မည္ျဖစ္၍ သက္ဆိုင္ရာအခြန္ ႐ုံးမ်ားႏွင့္ အျမန္ဆုံးဆက္သြယ္ေဆာင္႐ြက္ၾကရန္လည္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနက ဆိုထားသည္။

အေျခပစၥည္းႏွင့္ စပ္လ်ဥ္း၍ စည္းၾကပ္မႈမွလြတ္ကင္းေနေသာေငြေၾကးကိစၥ နစကက ၂ႀကိမ္အထိ အခြန္ထပ္ေလွ်ာ့ေပးထားသည္ကိုေတြ႕ရသည္။

၂၀၂၂မတ္လ ၃၁ရက္ေန႔အထိ အက်ိဳးသက္ေရာက္မည့္ ၂၀၂၁အခြန္အေကာက္ဥပေဒ အပိုဒ္၂၅ ပုဒ္မခြဲ(က)အား ျပန္လည္ျပင္ဆင္သည့္ ဥပေဒတစ္ရပ္ကို ၂၀၂၂ ဇန္နဝါရီ၆ရက္တြင္ နစကက ထပ္မံ ျပဌာန္းလိုက္မႈအရ စည္းၾကပ္မႈမွလြတ္ကင္းေနေသာေငြေၾကး သိန္း၃၀၀၀အထိကို ယခင္ ၅ရာခိုင္ႏႈန္းအစား ယခု ၃ရာခိုင္ႏႈန္းသာ အခြန္ေငြက်သင့္ေတာ့မည္ျဖစ္သည္။

ယခင္က ေငြက်ပ္သိန္း၁၀၀၀အထိ ကို အခြန္၃ရာခိုင္ႏႈန္း၊ ေငြက်ပ္ သိန္း၁၀၀၀မွ သိန္း၃၀၀၀အထိကို အခြန္၅ရာခိုင္ႏႈန္း၊ေငြက်ပ္ သိန္း၃၀၀၀ကေန သိန္း၁၀၀၀၀အထိကို အခြန္ ၁၀ရာခိုင္ႏႈန္း၊သိန္း၁၀၀၀၀မွ သိန္း ၃၀၀၀၀အထိကို အခြန္ ၁၅ရာခိုင္ႏႈန္း၊သိန္း ၃၀၀၀၀အထက္ဆိုလွ်င္ အခြန္ ၃၀ရာခိုင္ႏႈန္းျဖင့္ သတ္မွတ္ထားခဲ့မႈကို ဇန္နဝါရီလက ျပင္ဆင္ေပးခဲ့ျခင္းျဖစ္သည္။

စည္းၾကပ္မႈမွလြတ္ကင္းေနေသာ ဝင္ေငြဆိုသည္မွာ ႏိုင္ငံသားမည္သူမဆို အေျခပစၥည္းတစ္ရပ္ရပ္ကို ဝယ္ယူျခင္း၊ တည္ေဆာက္ျခင္း၊ ရယူျခင္းႏွင့္ လုပ္ငန္းအသစ္တည္ေထာင္ျခင္း၊ လုပ္ငန္းထပ္မံတိုးခ်ဲ႕ေဆာင္႐ြက္ ျခင္းတို႔အတြက္ အသုံးျပဳသည့္ဝင္ေငြမွ ဝင္ေငြရလမ္းတင္ျပႏိုင္သည့္ ဝင္ေငြရွိပါက ယင္းဝင္ေငြအား ႏုတ္ပယ္ၿပီး က်န္ စည္းၾကပ္မႈမွလြတ္ကင္းေနေသာ ဝင္ေငြအေပၚတြင္လည္းေကာင္း၊ ဝင္ေငြရလမ္း တင္ျပႏိုင္ျခင္းမရွိပါက အသုံးျပဳသည့္ ဝင္ေငြအေပၚတြင္လည္းေကာင္း သတ္မွတ္ထားသည့္ ႏႈန္းထားမ်ားအတိုင္း အခြန္ႏႈန္းအတိုင္း ဝင္ေငြခြန္စည္းၾကပ္သည့္ေငြျဖစ္ကာ ၊အခြန္စည္းၾကပ္ျခင္းသည္ တရားမဝင္ရရွိသည့္ ပစၥည္းမ်ားပိုင္ဆိုင္ျခင္း၊ ေရာင္းဝယ္ျခင္း တို႔ႏွင့္လည္းေကာင္း၊ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒအရ အေရးယူသည့္ ကိစၥရပ္မ်ားႏွင့္ လည္းေကာင္း သက္ဆိုင္ျခင္းမရွိေစရသည့္ ေငြျဖစ္သည္ဟုသိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေးမျက်နှာမြို့နယ် ရေကြီးရေလျှံမှုတွင် စပါးခင်းများရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏ ဆန်ဖူလုံမှုအတွက် စိုးရိမ်စရာမရှိ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ငဝန်ရေကာတာ တာဘောင်ကျိုး၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာတွင် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧက(၃)သောင်းကျော်အနက် အချို့ မိုးစပါးစိုက်ဧက(၁)သောင်းကျော်၏ စပါးပင်များရေနစ်မြုတ်နေလျက်ရှိကြောင်း သိရသည်။ ထိုသို့ လေးမျက်နှာမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများမှ စပါးပင်များရေနစ်မြုတ်နေသော်လည်း ဧရာဝတီတိုင်း၏ ဆန်ဖူလုံမှုသည်(၄၇၃)ရာခိုင်နှုန်းကျော်ရှိနေ၍ ဆန်ဖူလုံမှုအတွက်စိုးရိမ်ပူပန်စရာမရှိဟု တိုင်းအစိုး ရအဖွဲ့ကအသိပေးထားကြောင်း သိရသည်။ ထို့ပြင် စပါးပင်များသည် ရေနစ်မြုပ်မှုအား(၁၄)ရက်ခန်ခံနိုင်ရည်ရှိရာ လက်ရှိကာအတွင်း ရေပြန်လည်ကျဆင်းသွားပါက စပါးပင်များထိခိုက်မှုမရှိနိုင်ကြောင်း တိုင်းအစိုးရအဖွဲ့ကအသိပေးခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်း၌ မိုးစပါးအားစိုက်ဧက(၃ ဒသမ ၇)သန်းတွင်စိုက်ပျိုးထား၍ လေးမျက်နှာမြို့နယ်၏ မိုးစပါးစိုက်ဧကများအတွင်းရေနစ်မြုပ်မှုသည် တိုင်းစပါးစိုက်ဧက၏(၀ ဒသမ ၃၁)ရာခိုင်နှုန်းသာရှိရာ မိုးစပါးစိုက်ပျိုးမှုအပေါ် ကြီးမားသည့်ထိခိုက်မှုမရှိနိုင်ဟု တိုင်းအစိုးရအဖွဲ့ကအသိပေးခဲ့ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင်အရေးနှင့် အာကာသခရီးသွားလုပ်ငန်းတို့အပေါ် ဆွေးနွေးလိုသည့်လူငယ်များအတွက် MASES မှ သုံးရက်ကြာ သင်တန်းပြုလုပ်မည်

ရန်ကုန်၊ ဩဂုတ် ၃ မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့် သိပ္ပံဝါသနာရှင်များအဖွဲ့ (Myanmar Astronomy & Science Enthusiasts Society - MASES) က သဘာဝပတ်ဝန်းကျင်အရေး၊ အလင်းညစ်ညမ်းမှု (Light Pollution) နှင့် အာကာသခရီးသွားလုပ်ငန်း (Astrotourism) တို့အပေါ် ကျိုးကြောင်းခိုင်လုံစွာ ဆွေးနွေးလိုသည့် စိတ်အားထက်သန်သော လူငယ်များအတွက် သုံးရက်ကြာ အခမဲ့သင်တန်း ပြုလုပ်မည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။ အဆိုပါ သင်တန်းတွင် အလင်းညစ်ညမ်းမှုနှင့် ဂေဟစနစ် ထိခိုက်မှုများ၏ အခြေခံသဘောတရားများ၊ ရှုပ်ထွေးမှုများနှင့် လက်တွေ့အသုံးချမှုများကို Public...

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့ဆုံ နေပြည်တော် ဩဂုတ် ၃

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071