Sunday, September 6, 2026

စက်တင်ဘာ ၇ ရက်မှ ၁၀...

ရန်ကုန်၊ စက်တင်ဘာ ၆ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းလာနိုင်ခြင်းနှင့် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေခြင်းတို့ကြောင့် စက်တင်ဘာ ၇ ရက်မှ ၁၀ ရက်အတွင်း...

ပြည်သူ့ဆေးရုံများ အဆင့်မြှင့်တင်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုအဆင်ပြေရေး...

နေပြည်တော်၊ စက်တင်ဘာ ၆ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုများကို ပိုမိုအဆင်ပြေစွာ ရရှိနိုင်စေရန်အတွက် ပြည်သူ့ဆေးရုံများကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံဆေးကောင်စီနာယက ပါမောက္ခ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံခရီးစဉ်အပြီး နေပြည်တော်သို့...

ဟနွိုင်း၊ စက်တင်ဘာ ၆ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့...

ဟနွိုင်း၊ စက်တင်ဘာ ၆ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့တွင် ကျင်းပသည့်...
HomeNewsLocal Newsစစ်ကိုင်းပြတ်ရွေ့ တောင်ပိုင်းကြောင့် ဘန်ကောက်မြို့...

စစ်ကိုင်းပြတ်ရွေ့ တောင်ပိုင်းကြောင့် ဘန်ကောက်မြို့ ငလျင်အန္တရာယ် စိုးရိမ်ဖွယ်ရှိနိုင်ဟုဆို

​မြန်မာနိုင်ငံက စစ်ကိုင်းပြတ်ရွေ့ရဲ့ တောင်ပိုင်းအပိုင်းဟာ ခန့်မှန်းခြေ နှစ် ၁၀၀ လည်ပတ်မှုစက်ဝန်း ကုန်ဆုံးဖို့ နီးကပ်လာပြီဖြစ်တာကြောင့် အကယ်၍သာ အဲဒီကနေ အင်အားပြင်း ငလျင်လှုပ်ခတ်လာရင် ဘန်ကောက်မြို့အနေနဲ့ ပြင်းထန်တဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ထိုင်းအင်ဂျင်နီယာတွေနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။

​သောကြာနေ့က ထမ်မဆတ်(Thammasat) တက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ “ရာသီဥတု မသေချာမရေရာတဲ့ခေတ်မှာ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ ဖြေရှင်းချက်များ” ဆိုတဲ့ ဘာသာရပ်ပေါင်းစုံ ဆွေးနွေးပွဲမှာ ထိပ်တန်းသုတေသီတွေက အရင်ကလှုပ်ခဲ့တဲ့ ငလျင်တွေအပြီးမှာ ပြည်သူတွေနဲ့ စည်ပင်သာယာရေး အာဏာပိုင်တွေအနေနဲ့ ပေါ့ပေါ့ဆဆ မနေကြဖို့ သတိပေးခဲ့ပါတယ်။

​အဲဒီ စစ်ကိုင်းပြတ်ရွေ့ တောင်ပိုင်းမှာ နောက်ဆုံး အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တာဟာ ရာမ ၇ ဘုရင်လက်ထက် လွန်ခဲ့တဲ့ ၉၆ နှစ်ခန့်က ဖြစ်တာကြောင့် မကြာခင်မှာ နောက်ထပ် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်လာနိုင်ဖွယ်ရှိတယ်လို့ ထိုင်းသိပ္ပံပညာရှင်တွေက သုံးသပ်ထားကြပါတယ်။

​ဒီတောင်ပိုင်းစင်္ကြံတစ်လျှောက်ကနေ မြစ်ဖျားခံပြီး လှုပ်ခတ်လာမယ့် ငလျင်ဟာ အရင်လှုပ်ခဲ့တာတွေထက်စာရင် ဗဟိုချက်က ဘန်ကောက်မြို့နဲ့ အများကြီး ပိုနီးနေမှာဖြစ်ပါတယ်။ ဒါ့အပြင် မြို့တော်ရဲ့ ပျော့ပျောင်းပြီး တုန်ခါမှုအားကို ပိုပြင်းထန်စေနိုင်တဲ့ မြေပြင်အနေအထားဆီကို အရင်ကထက် အများကြီးပိုပြင်းထန်တဲ့ မြေပြင်တုန်ခါမှုတွေကို သက်ရောက်စေမှာပါလို့ သူတို့ကဆိုကြပါတယ်။

​မြေပြင်တုန်ခါမှု ပြင်းအားဆိုတာဟာ ဘေးအန္တရာယ်ကြီးမားမှုကို ဆုံးဖြတ်တဲ့ အချက်တစ်ခုသာဖြစ်ပြီး မြို့ပြကြိုတင်ပြင်ဆင်မှုနဲ့ အဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှုကသာ အဓိကကျတယ်ဆိုတာကို ထမ်မဆတ်တက္ကသိုလ် အင်ဂျင်နီယာမဟာဌာနက ပါမောက္ခ ဒေါက်တာ နခွန်း ပူဗာရိုဒွန်က အထူးပြု ပြောကြားခဲ့ပါတယ်။

​အတိတ်က ဖြစ်ရပ်တွေနဲ့ နှိုင်းယှဉ်ပြရင်း၊ ၂၀၂၆ ခုနှစ် ဇူလိုင်လက ဂျပန်နိုင်ငံ၊ ကူမာမိုတိုမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ အမြင့်ဆုံး မြေပြင်အရှိန် (PGA) ၂.၄ အထိ ရှိခဲ့ပေမယ့် အခြေခံအဆောက်အအုံတွေ ခိုင်မာမှုရှိတာကြောင့် လူအသေအပျောက် ဆယ်ဂဏန်းလောက်သာ ရှိခဲ့တယ်လို့ ပါမောက္ခ ဒေါက်တာ နခွန်းက မှတ်ချက်ပြုခဲ့ပါတယ်။

​ပြောင်းပြန်အားဖြင့်၊ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်မှာတော့ ဘန်ကောက်မြို့မှာ PGA တန်ဖိုး ၀.၀၂ သာရှိခဲ့ပြီး (ဂျပန်ငလျင်ထက် အဆတစ်ရာကျော် ပိုအားနည်းပေမယ့်) မြို့ပြဧရိယာတစ်ဝိုက်မှာ လူရာနဲ့ချီ သေဆုံးခဲ့ရပါတယ်။

​ဒါကြောင့် ငလျင်ဒ-ဏ်ခံနိုင်တဲ့ အဆောက်အအုံ စည်းမျဉ်းစည်းကမ်းတွေကို ဥပဒေအရ တင်းတင်းကြပ်ကြပ် စည်းကြပ်ဖို့ သူက တောင်းဆိုခဲ့ပြီး၊ အိမ်ခြံမြေ ဝယ်ယူမယ့်သူတွေနဲ့ အိမ်ငှားတွေအနေနဲ့ အထပ်မြင့်အဆောက်အအုံတွေမှာ မနေထိုင်ခင် အဆောက်အအုံရဲ့ ကြံ့ခိုင်ဘေးကင်းရေးဆိုင်ရာ အထောက်အထားတွေကို တက်တက်ကြွကြွ တောင်းဆိုကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စက်တင်ဘာ ၇ ရက်မှ ၁၀ ရက်အတွင်း တိုင်းနှင့် ပြည်နယ်အများအပြားတွင် မိုးထစ်ချုန်းရွာသွန်းပြီး ဒေသအလိုက် မိုးကြီးနိုင်

ရန်ကုန်၊ စက်တင်ဘာ ၆ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းလာနိုင်ခြင်းနှင့် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေခြင်းတို့ကြောင့် စက်တင်ဘာ ၇ ရက်မှ ၁၀ ရက်အတွင်း မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အများအပြားတွင် မိုးထစ်ချုန်းရွာသွန်းပြီး ဒေသအလိုက် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက သတိပေးထားသည်။ထုတ်ပြန်ချက်အရ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးများအပြင် ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့်...

ပြည်သူ့ဆေးရုံများ အဆင့်မြှင့်တင်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုအဆင်ပြေရေး ဆောင်ရွက်နေ

နေပြည်တော်၊ စက်တင်ဘာ ၆ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုများကို ပိုမိုအဆင်ပြေစွာ ရရှိနိုင်စေရန်အတွက် ပြည်သူ့ဆေးရုံများကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံဆေးကောင်စီနာယက ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။ အဆိုပါ ပြောကြားချက်ကို စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး (၂/၂၀၂၆) တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပုဂ္ဂလိကကဏ္ဍ၏ အခန်းကဏ္ဍကိုလည်း ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံခရီးစဉ်အပြီး နေပြည်တော်သို့ ပြန်လည်ထွက်ခွာ

ဟနွိုင်း၊ စက်တင်ဘာ ၆ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ခရီးစဉ်ပြီးဆုံး၍ ယနေ့ စက်တင်ဘာ ၆ ရက်တွင် ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများ၊ စစ်သံမှူးနှင့် စစ်သံရုံးဝန်ထမ်းများက Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071