စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို မြို့နယ် (၁၁) မြို့နယ်၌ ပြုလုပ်မည် ဖြစ်သည်။
ယင်း မြို့နယ် (၁၁) မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၆၃) ခု၊ မဲရုံပေါင်း (၁၁၆) ရုံဖြင့် ကျင်းပသွားမည်လည်း ဖြစ်သည်။
ထိုသို့ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် တိုင်းဝန်ကြီးချုပ်က အပိုင်း (၂) ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် ပိုမိုလွယ်ကူအဆင်ပြေအောင် အလွယ်တကူမဲပေးနိုင်ရန် စာရင်း အမှတ်စဉ်များအား ကြိုင်တင်သိရှိရန် ဆောင်ရွက်ပေးမှသာ မဲရုံဖွင့်လှစ်သည့်အချိန်အတွင်း လျင်လျင်မြန်မြန်မဲပေးနိုင်ပြီး မဲဆန္ဒရှင်များအားလုံး ရာနှုန်းပြည့်မဲပေးနိုင်မှာဖြစ်သည့်အတွက် တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးသွာကြရန်လိုအပ်ကြောင်း မှာကြားခဲ့သည်။
ထို့ပြင် အပိုင်း (၁) ရွေးကောက်ပွဲ၏ အားသာချက်၊ အားနည်းချက်များအား သုံးသပ်၍ အပိုင်း (၂) ရွေးကောက်ပွဲအား အောင်မြင်စွာ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ စစ်ကိုင်းတိုင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး၊ ကသာ၊ ကောလင်း၊ ကန့်ဘလူ၊ ခန္တီး၊ စစ်ကိုင်း၊ရွှေဘို၊ ရေဦး၊ မော်လိုက်၊ ဟုမ္မလင်းနှင့် မုံရွာခရိုင်က ရွေးကောက်ပွဲ ယကော်မရှင်အဖွဲ့ခွဲများက ရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာကျင်းပနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။
