Thursday, August 6, 2026

ငဝန်တာကြောင့်ရေကြီးမှု မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် စုစုပေါင်း (၁၀၆)...

လေးမျက်နှာ၊ ဩဂုတ် ၆ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာမှ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်...

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (My...

နေပြည်တော်၊ ဩဂုတ် ၆နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (My RO) စနစ်တွင် မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံစုစုပေါင်း ၅,၇၉၂ လုံးရှိလာပြီဖြစ်ကြောင်း...

အပူလှိုင်းအန္တရာယ်ကိုအစွမ်းကုန်တုန့်ပြန်ရန်သမ္မတလီ အမိန့်ပေး

လွန်ကဲသောရာသီဥတုဖြစ်စဉ်နှင့်ဆက်စပ်၍ သေဆုံးသူ ၂၀ ကျော်ရှိနေပြီဖြစ်သော တောင်ကိုရီးယားနိုင်ငံ၏ အပူလှိုင်းကျရောက်မှုသည် ကြာသပတေးနေ့၌ ဆိုးလ်မြို့တွင် အထွတ်အထိပ်သို့ ရောက်ရှိမည်ဟု မျှော်လင့်ရပြီး မြို့တော်တွင် အပူချိန်...

ဒေသတွင်း သံတမန်ရေးကြိုးပမ်းမှုများကြောင့် မြန်မာ့အရေး နိုင်ငံရေးနည်းလမ်းဖြင့်...

မြန်မာနိုင်ငံအတွင်း စစ်ရေးအခြေအနေ ပြောင်းလဲလာခြင်း၊ တပ်မတော်က နယ်မြေအချို့ကို ပြန်လည်ထိန်းချုပ်လာနိုင်ခြင်းနှင့် ဒေသတွင်းနိုင်ငံများ၏ သံတမန်ရေးကြိုးပမ်းမှုများကြောင့် ငါးနှစ်ကျော်ကြာမြင့်နေသည့် မြန်မာ့အရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းနိုင်မည့် အခွင့်အလမ်းသစ်တစ်ရပ်...
HomeInternationalစင်္ကာပူ၌ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ဓါတ်ငွေ့တာဘိုင်တည်ဆောက်မည်

စင်္ကာပူ၌ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ဓါတ်ငွေ့တာဘိုင်တည်ဆောက်မည်

စင်္ကာပူ၊ဇန်နဝါရီ ၄

စင်္ကာပူနိုင်ငံ၌ ၂၀၂၉ ခုနှစ်တွင် စတင်လည်ပတ်ရန်လျာထားသော ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ဓါတ်ငွေ့တာဘိုင်ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်ကြေငြာခဲ့သည်။

“စွမ်းအင်ဝယ်လိုအားမြင့်တက်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေအတွက် စွမ်းအင်ပေးနိုင်ဖို့ လုံလောက်တဲ့စွမ်းအင်ထုတ်စနစ်ရှိဖို့က အရေးကြီးပါတယ်၊အခုစတင်အကောင်အထည်ဖော်တဲ့စနစ်ဟာ ကာဗွန်အထွက်နည်းတဲ့ စွမ်းအင်ထုတ်လုပ်ရေးအနာဂတ်ကိုကူးပြောင်းဖို့ဖြစ်ပါတယ်” ဟုဆက်လက်ပြောကြားခဲ့သည်။

စင်္ကာပူအခြေစိုက် လျှပ်စစ်လက်လီရောင်းချသူ Pacific Light Power က လုပ်ဆောင်မည့် ယခုစက် ရုံသည် အနည်းဆုံး ၆၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်မည်ဖြစ်သည်ဟုလည်းသိရသည်။

စင်္ကာပူအနောက်တောင်ပိုင်းရှိ ဂျူရွန်ကျွန်းတွင်တည်ဆောက်မည့်အဆိုပါစက်ရုံသည် စတင်ချိန်၌ ဟိုက်ဒရိုဂျင် ၃၀ ရာခိုင်နှုန်းနှင့်စတင်လည်ပတ်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ဟိုက်ဒရိုဂျင်ကိုသာ ရာနှုန်းပြည့်သုံးစွဲလည်ပတ်သွားနိုင်ရန်အစီအစဉ်ပြုလုပ်ထားကြောင်း ကုမ္ပဏီကပြောကြားခဲ့သည်။

စင်္ကာပူ၌ လျှပ်စစ်သုံးစွဲမှုများသော ခေတ်မီကုန်ထုတ်လုပ်ငန်းများ၊ဒစ်ဂျစ်တယ်စီးပွားရေးနှင့်သယ်ယူပို့ဆောင်ရေးများအတွက် လျှပ်စစ်စွမ်းအင်လိုအပ်မှုက တဖည်းဖြည်းမြင့်တက်လျက်ရှိသဖြင့် ယခုကဲ့သို့ စွမ်းအင် ထုတ်လုပ်မှုစနစ်ကိုစတင်လည်ပတ်ရန်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟုလည်းသိရသည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငဝန်တာကြောင့်ရေကြီးမှု မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် စုစုပေါင်း (၁၀၆) ရွာ ရေဝင်ရောက်မှုဖြစ်ပွားလျက်ရှိ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

လေးမျက်နှာ၊ ဩဂုတ် ၆ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာမှ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင် ကျေးရွာများအတွင်းသို့ ရေဝင်ရောက်ခဲ့သဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ယမန်နေ့အထိ စာရင်းများအရ လေးမျက်နှာမြို့ပေါ် ရပ်ကွက် ၅ ခု၊ မြို့တွင်း လမ်းမကြီးများနှင့် ပတ်ဝန်းကျင် ကျေးရွာ ၇၂ ရွာ၊ ဟင်္သာတမြို့နယ်မှ ၂၆ ရွာ၊ ရေကြည်မြို့နယ်မှ ၆ ရွာနှင့် ကျုံပျော်မြို့နယ်မှ ၂ ရွာ၊ စုစုပေါင်း...

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (My RO) စန၀်တွင် ဆန်စပါးသိုလှောင်ရုံ ၅,၇၉၂ လုံး မှတ်ပုံတင်ထား

နေပြည်တော်၊ ဩဂုတ် ၆နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (My RO) စနစ်တွင် မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံစုစုပေါင်း ၅,၇၉၂ လုံးရှိလာပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။ မြန်မာဆန်စပါးအွန်လိုင်း (My RO) စနစ်ကို စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဆန်စပါးသိုလှောင်မှုလုပ်ငန်းများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျ မှတ်ပုံတင်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်မှ စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်အထိ သိုလှောင်ရုံအကျယ်အဝန်း...

အပူလှိုင်းအန္တရာယ်ကိုအစွမ်းကုန်တုန့်ပြန်ရန်သမ္မတလီ အမိန့်ပေး

လွန်ကဲသောရာသီဥတုဖြစ်စဉ်နှင့်ဆက်စပ်၍ သေဆုံးသူ ၂၀ ကျော်ရှိနေပြီဖြစ်သော တောင်ကိုရီးယားနိုင်ငံ၏ အပူလှိုင်းကျရောက်မှုသည် ကြာသပတေးနေ့၌ ဆိုးလ်မြို့တွင် အထွတ်အထိပ်သို့ ရောက်ရှိမည်ဟု မျှော်လင့်ရပြီး မြို့တော်တွင် အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။     “ကျွန်တော်တို့ တစ်ခါမှ မကြုံဖူးသေးတဲ့ အပူလွန်ကဲမှုဟာ နေ့စဉ်နဲ့အမျှ ဆက် တိုက်ဖြစ်နေပါတယ်။ တစ်ချိန်က နိုင်ငံခြားသတင်းတွေမှာသာ မြင်တွေ့ခဲ့ရတဲ့ အပူလှိုင်းအခြေအနေတွေဟာ အခုဆိုရင် ကျွန်တော်တို့အတွက် လက်တွေ့မျက်မြင်ဖြစ်လာပါပြီ” ဟု ကြာသပတေးနေ့က ပြုလုပ်သော အပူလှိုင်းတုန့်ပြန်ဆောင်ရွက်ရေး အစည်းအဝေးတွင် သမ္မတ လီက ပြောကြားခဲ့သည်။        အပူလှိုင်းလျော့ကျသွားချိန်အထိ ရရှိနိုင်သမျှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071