Saturday, May 2, 2026

လေယာဉ်တင်သင်္ဘောတစ်စင်း အင်ဒိုနီးရှားသို့ အီတလီက အခမဲ့ပေးမည်

အီတလီနိုင်ငံသည် လေယာဉ်တင်သင်္ဘော ဂယ်ရီဘောလ်ဒီ (Garibaldi) ကို အင်ဒိုနီးရှားသို့ လွှဲပြောင်းပေးမည့် အစီအစဉ်များကို အပြီးသတ် အတည်ပြုလိုက်ပြီဖြစ်သည်။ အီတလီအောက်လွှတ်တော်၏ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးတွဲကော်မတီများက...

နိုင်ငံရေးအခြေအနေကြောင့် မီးလေ-ာင်ပျ-က်စီးခဲ့သည့် ကော့ကရိတ်မြို့မှ နေအိမ်...

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအခြေအနေများကြောင့် ရပ်ကွက် ၁၊ ရပ်ကွက် ၂၊ ရပ်ကွက် ၄၊ ရပ်ကွက် ၅၊ ရပ်ကွက် ၆၊...

​အိန္ဒိယရေတပ်ဦးစီးချုပ် ရန်ကုန်သို့ ရောက်ရှိ၊ ဒုတိယဝန်ကြီးများနှင့်...

​ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ India House တွင် ဂုဏ်ပြုညစာစားပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ အိန္ဒိယရေတပ်ဦးစီးချုပ်သည် မြန်မာအစိုးရကိုယ်စားလှယ်များဖြစ်ကြသည့် ​နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊​ ပို့...

ရန်ကုန်နှင့် ဧရာဝတီတွင် မီးလေ-ာင်မှုများဖြစ်ပွားပြီး မီးသတ်တပ်ဖွဲ့များ...

ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် မီးလေ-ာင်မှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီ သွားရောက်ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ မြသိန်းတန်ရပ်ကွက်၊ မော်ကျွန်း-ဝါးခယ်မကားလမ်းပေါ်ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင်...
HomeInternationalစင်္ကာပူတွင် HIV ပိုးကူးစက်သူ...

စင်္ကာပူတွင် HIV ပိုးကူးစက်သူ ၁၅၁ ဦးထပ်တိုးလာ

စင်္ကာပူ၊ မေ ၂၀

၂၀၂၄ ခုနှစ်အတွင်း စင်ကာပူနိုင်ငံတွင် ခုခံစွမ်းအားကျဆင်းမှုကူးစက်ရောဂါ (HIV) ဖြစ်ပွားသူ အသစ် ၁၅၁ ဦးကို တွေ့ရှိရ ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ၇၈ ဦး မှာ ရောဂါရင့်သည့် အဆင့် ဖြစ်ကြောင်း ကူးစက်ရောဂါအေဂျင်စီ (CDA) က ယမန်နေ့ကထုတ်ပြန်သောနောက်ဆုံးပေါ် သတင်းအချက်အလက်များ အရသိရှိရသည်။

အသစ် တွေ့ရှိရသော ရောဂါဖြစ်ပွားသူများ၏ ၆၂ ရာခိုင်နှုန်းခန့်ကို ဆေးကုသမှုကာလအတွင်း တွေ့ရှိခဲ့ပြီး အများစုမှာ HIV ပိုးကူးစက်မှု၏အနှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

လူနာသစ်ထက်ဝက်ကျော်ကို နောက်ကျမှ ရောဂါရှိ‌ေကြာင်း တွေ့ရခြင်းမှာ စိုးရိမ်စရာအကြောင်းရင်းတစ်ခုဖြစ်သည်ဟု HIV၊ အသည်းရောင်အသားဝါ C နှင့် CDA လက်အောက်ရှိ လိင်မှတစ်ဆင့် ကူးစက်ရောဂါဆိုင်ရာ နိုင်ငံတော်ပရိုဂရမ်အကြီးအကဲ ဝုံးချန်ဆောင် က ဒေသတွင်း မီဒီယာသို့ ပြောကြားခဲ့သည်။

အစောပိုင်းအဆင့်နှင့် အနှောင်းပိုင်း အဆင့် လူနာများသည် ကုသမှုခံယူပြီးနောက် သုံးလမှ ခြောက်လအတွင်း HIV ဗိုင်းရပ်စ်ပိုးကို ပုံမှန်အားဖြင့် မတွေ့နိုင်အောင် ထိန်းချုပ်ဖိနှိပ် ထားနိုင်သော်လည်း နောက်ကျသောအဆင့်တွင် မှ ရောဂါရှာဖွေတွေ့ရှိသူများသည် ခုခံအားစနစ် အားနည်းခြင်းကြောင့် ပြင်းထန်သော တခြားရောဂါများနှင့်တွဲ၍ ရှိနေပြီးသားဖြစ်သဖြင့် နောက်ဆက်တွဲပြဿနာများကို ကြုံတွေ့ရလေ့ရှိသည် ဟု ၎င်းက ဆိုသည်။ အနှောင်းပိုင်းလူနာများအတွက် ကုသမှုသည် နောက်ထပ်ကိုယ်ခံအားပျက်စီးမှုကို ကာကွယ်ရန် ဗိုင်းရပ်စ်ကို နှိမ်နှင်းရုံသာမက ယင်းနှင့် တစ်ပြိုင်နက်တည်း တွဲ၍ဖြစ်သော ရောဂါများကိုလည်း စနစ်တကျ ထိန်းသိမ်းကုသရသည်။

ခုခံအားစနစ်သည် ထိခိုက်ပျက်စီးသွားပြီဆိုလျှင် လူနာ၏ကျန်းမာရေးသည် အပြည့်အဝ ပြန်လည်ကောင်းမွန်ရန် အချိန်ကာလသည် အသက်အရွယ်နှင့် အခြေခံကိုယ်ခံစွမ်းအား အခြေအနေပေါ်မူတည်၍ကွဲပြားမှုရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။ ဤပြန်လည်ထူထောင်ရေးကာလတွင် လူတစ်ဦးချင်းစီသည် အခြားသော ကူးစက်ရောဂါများကို ပို၍ ခံနိုင်ရည်ရှိရန်လည်းလိုအပ်သည်။

၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ စင်ကာပူနိုင်ငံတွင် HIV ရောဂါရှိကြောင်း သိရှိထားသူ စုစုပေါင်း ၇,၁၃၇ ဦး ရှိကြောင်း သိရှိရပါသည်။

စင်္ကာပူနိုင်ငံတွင် HIV ပိုးကူးစက်မှုအသစ် အရေအတွက်သည် တစ်နှစ်ထက်တစ်နှစ် တဖြည်းဖြည်း ကျဆင်းလာကာ ၂၀၀၉ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း နှစ်စဉ် ၃၀၀ မှ ၅၀၀ အထိ၊ ၂၀၂၀ မှ ၂၀၂၃ ခုနှစ်အတွင်း နှစ်စဉ် ၂၀၀ မှ ၂၅၀ ဝန်းကျင်အထိ ကျဆင်းလာသည်။
Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေယာဉ်တင်သင်္ဘောတစ်စင်း အင်ဒိုနီးရှားသို့ အီတလီက အခမဲ့ပေးမည်

အီတလီနိုင်ငံသည် လေယာဉ်တင်သင်္ဘော ဂယ်ရီဘောလ်ဒီ (Garibaldi) ကို အင်ဒိုနီးရှားသို့ လွှဲပြောင်းပေးမည့် အစီအစဉ်များကို အပြီးသတ် အတည်ပြုလိုက်ပြီဖြစ်သည်။ အီတလီအောက်လွှတ်တော်၏ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးတွဲကော်မတီများက ယင်းသင်္ဘောအား အခမဲ့လွှဲပြောင်းပေးနိုင်မည့် ဝန်ကြီးဌာန၏ အမိန့်ဒီကရီကို ထောက်ခံပေးခဲ့ပြီးနောက် အီတလီအထက်လွှတ်တော်က ယင်းအစီအစဉ်ကို အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ လွှတ်တော်၏ အတည်ပြုချက်ရရှိပြီးဖြစ်၍ သင်္ဘောလွှဲပြောင်းပေးအပ်ခြင်းကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်ရန် မျှော်မှန်းထားပြီး အင်ဒိုနီးရှားရေတပ်တွင် တရားဝင်တာဝန်ထမ်းဆောင်မည်ဖြစ်သည်။ ဂယ်ရီဘောလ်ဒီ သင်္ဘောသည် တစ်ချိန်က အီတလီရေတပ်၏ ထင်ရှားသောသင်္ဘောတစ်စင်းဖြစ်ခဲ့ပြီး ဘော်လ်ကန်ဒေသရှိ နေတိုးစစ်ဆင်ရေးများနှင့် စစ်အေးတိုက်ပွဲအလွန် တပ်ဖြန့်မှုများတွင်...

နိုင်ငံရေးအခြေအနေကြောင့် မီးလေ-ာင်ပျ-က်စီးခဲ့သည့် ကော့ကရိတ်မြို့မှ နေအိမ် (၁,၅၅၄) လုံးပြန်လည်ဆောက်လုပ်ရန် ဘိလပ်မြေနှင့် သွပ်များထောက်ပံ့မည်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအခြေအနေများကြောင့် ရပ်ကွက် ၁၊ ရပ်ကွက် ၂၊ ရပ်ကွက် ၄၊ ရပ်ကွက် ၅၊ ရပ်ကွက် ၆၊ ရပ်ကွက် ၇ တို့ရှိ နေအိမ် (၁,၅၅၄) လုံးမှာ မီးလေ-ာင်ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ကော့ကရိတ်မြို့ပြန်လည်တည်ငြိမ်အေး ချမ်းလာချိန်၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယင်း မီးလေ-ာင်ပျ-က်စီးခဲ့သည့် နေအိမ်များအား ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ကော့ကရိတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ယနေ့ မေ ၂ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။ " ပြန်လည်တူထောင်ဖို့အတွက် အရင်ဆုံးနေအိမ်ပိုင်ရှင်က ကိုယ့်မြေနေရာကိုသန့်ရှင်းရေးလုပ်ပြီး သက်ဆိုင်ရာကိုသတင်းပို့ရမယ်။...

​အိန္ဒိယရေတပ်ဦးစီးချုပ် ရန်ကုန်သို့ ရောက်ရှိ၊ ဒုတိယဝန်ကြီးများနှင့် India House တွင် တွေ့ဆုံ​​မြန်မာ့တပ်မတော် (ရေ) ၏ ဖိတ်ကြားမှုဖြင့် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း အိန္ဒိယသံရုံးက ယနေ့တွင်ထုတ်ပြန်သည်။​​အိန္ဒိယရေတပ်ဦးစီးချုပ်နှင့် အဖွဲ့အား...

​ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ India House တွင် ဂုဏ်ပြုညစာစားပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ အိန္ဒိယရေတပ်ဦးစီးချုပ်သည် မြန်မာအစိုးရကိုယ်စားလှယ်များဖြစ်ကြသည့် ​နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊​ ပို့ ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူတို့နှင့် တွေ့ဆုံခဲ့ကြသည်။ ​အဆိုပါ တွေ့ဆုံပွဲတွင် နှစ်နိုင်ငံ ရေတပ်အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ ဒေသတွင်းရေကြောင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ပို့ဆောင်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071