မနက်ဖြန် စက်တင်ဘာလ (၉) ရက်မှာ စင်ကာပူ လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားမည့် မြန်မာ့လက်ရွေးစင်အ သင်း၏ လူစာရင်း ကို ထုတ်ပြန်အသိပေးလာသည်။
အဆိုပါ ပွဲစဥ်ကို စင်ကာပူနိုင်ငံတွင် ယှဉ်ပြိုင်ခြေစမ်းမည်ဖြစ်ပြီး တံခါးပိတ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြမည်ဟု မြန် မာဘောလုံးအဖွဲ့ချုပ်က အသိပေးပြောကြားထားသည်။
ထုတ်ပြန်ထားသည့် လူစာရင်းအရ ဂိုးသမားအဖြစ် ဇင်ညီညီအောင်၊ ဆန်းဆက်နိုင် ပါဝင်ပြီး ပြည်ပကလပ်များ၌ က စားနေသည့် ဝေလင်းအောင်၊ စိုးမိုးကျော်၊ သီဟထက်အောင်၊ လွင်မိုးအောင်၊ ကျော်မင်းဦး၊ သီဟဇော်၊ ဟိန်းထက်အော င်၊ မောင်မောင်လွင်နှင့် သန်းပိုင်တို့ ပါဝင်မည်ဖြစ်ပြီး နည်းပြမှာ ဦးမျိုးလှိုင်ဝင်း ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် အာရှဖလားခြေစစ်ပွဲကို ရန်ကုန်မြို့မှာ ဆီးရီးယားအသင်းနှင့် မကန်ခင် စင်ကာပူအသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားခြင်းလည်း ဖြစ်သည်။
အာရှဖလားခြေစစ်ပွဲ အုပ်စုပွဲစဥ်တွင် မြန်မာ နှင့် ဆီးရီးယားက (၆)မှတ်စီရထားပြီး အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အသင်းတို့မှာ အမှတ်မရသေးကြောင်း သိရသည်။
