Monday, February 2, 2026

အိန္ဒိယနိုင်ငံသံအမတ်ကြီး တာချီလိတ်ရှိ မြန်မာ-ထိုင်း-လာအိုနယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုကိုလေ့လာ

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H. E. Mr. Shri Abhary Thakur သည် ဖေဖော်ဝါရီ ၁ ရက်က ရှမ်း...

ရက်ချိန်းယူထားသော နိုင်ငံကူးလက်မှတ် နှင့် ဗီဇာဝန်ဆော...

အမေရိကန်ပြည်ထောင်စုနှင့် ပြည်ပရှိအမေရိကန်သံရုံးများ၊ ကောင်စစ်ဝန်ရုံးများတွင် ရက်ချိန်းယူထားသော နိုင်ငံကူးလ က်မှတ် (passport)နှင့် ဗီဇာ (visa) ဝန်ဆောင်မှုများကို အ ခြေအနေခွင့်ပြုချက်အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြ...

ပေါင်းစည်းခြင်း အဓိပ္ပာယ်ဖြင့် “ပြည်ထောင်စုနေ့” အထိမ်းအမှတ်...

မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းတို့ ပူးပေါင်းကာ "ပြည်ထောင်စုနေ့" အထိမ်းအမှတ်အဖြစ် လက်ဖက်ပွဲတော်ကို စိမ်းလန်းစိုပြေ၌ ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၄ ရက်ထိ (၄)ရက်ကြာကျင်းပမည်။ အဆိုပါ...

ပဲခူးမြို့တော်ခန်းမ၌ (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပ

မွန်တိုင်းရင်းသားမျာအနေဖြင့် မြန်မာနိုင်ငံတော်ကြီး ထာဝစဉ်အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်စေရေးပူး ပေါင်းကြိုးစားကြစေလိုဟု ပဲခူးတိုင်းဝန်ကြီးချုပ်ပြော ယနေ့ ဖေဖော်ဝါရီ ၂ ရက်တွင်ကျရောက်သည့် (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ...
HomeEntertainmentပြည်တွင်းသတင်း Eventစက်တင်ဘာ လတွင် ရုပ်ရှင်အစည်း...

စက်တင်ဘာ လတွင် ရုပ်ရှင်အစည်း အရုံး အမှုဆောင်သစ် ရွေးချယ်မည်

မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ အမှုဆောင် သစ်များအား စက်တင်ဘာလဆန်း ပိုင်းလောက် တွင် အသစ်ပြန် လည် ရွေးချယ် သွားမည်ဖြစ် ကြောင်း သိရသည်။  အဆိုပါ အကြောင်းအရာနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးအေးကြူလေး အားမေးမြန်း ဖြစ်ရာ “ရုပ်ရှင်အစည်းအရုံး အမှုဆောင်သက် တမ်းက ၃နှစ်လေ။ ၃နှစ် ဆိုတော့ ဖေဖော်ဝါရီလ ဆို ပြည့် ပြီ။ ဒါပေမဲ့ ဖေဖော်ဝါရီလဆိုရင် အကယ် ဒမီပေးပွဲတွေနဲ့က တိုက်နေတာပေါ့။ တိုက်နေတဲ့ အခါကျတော့ ကိုလူမင်းတို့က ရှေ့ကို နည်းနည်း လေးစောပြီး လုပ်လိုက် လို့ရှိရင် နောက်တက်လာ တဲ့လူကလည်း အဆင်ပြေသွားမယ်။ အဲဒါကြောင့် ရှေ့ကိုစော လုပ်လိုက်တာ။ ၈လပိုင်းအကုန်၊ စက်တင်ဘာလဆန်းလောက် လွှဲပြောင်းပေးမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အောက်တိုဘာလ ၁၃ ရက်က တစ်ခါ ရုပ်ရှင်သက်ကြီး ပူဇော်ပွဲကရှိပြန် ရော။ ကထိန်တို့၊ ရုပ်ရှင်သက်ကြီး ပူဇော်ပွဲတို့၊ အကယ်ဒမီတို့က ဆက် တိုက်ဖြစ်နေတော့လေ။

ကျွန်တော်တို့ရုပ်ရှင် အစည်းအရုံး အမှုဆောင် အနေနဲ့ကတော့ နာယကတွေရော၊ ကျန်တဲ့အဖွဲ့ဝင် တွေရော ၊ ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့ ပေးလိုက် တယ်။ နဂိုကတည်းကလည်း ရွေးကောက်ပွဲကော် မရှင်မှာ စည်းကမ်းချက်တွေ ရှိတယ်။ စည်းမျဉ်း တွေရှိတယ်။ အဲဒီ စည်းမျဉ်းမှာ လိုတာဖြည့်၊ ပိုတာ နုတ်ပြီးတော့ အဲဒီဟာတွေကို ဆက်လက်ကျင့်သုံး ပြီးတော့ရွေးကောက်ပွဲ ဝင်ရမှာပေါ့”ဟု သိရသည်။

အဆိုပါ အမှုဆောင်သစ်ရွေး ကောက်ပွဲ အတွက်ကိုလည်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဝင် ကတ်ပြား ကိုင်ဆောင်ထားသူများ အနေဖြင့် ခုနှစ်၊သက္ကရာဇ်ကျော်လွန် နေပါက နှစ်စဉ်ကြေးများ ပေးသွင်းပြီး ကတ်ပြားအသစ်များ လာရောက်လဲ လှယ်ကြပါရန်လည်း တိုက်တွန်းထားသည်။ “ပြီးခဲ့ တဲ့ လပိုင်းတွေက ကျောင်းအပ် ကာလမှာ ကျွန် တော်တို့ ရုပ်ရှင် အစည်းအရုံးဝင် သားသမီးတွေ အခက်အခဲဖြစ်နေကြတဲ့ အတွက် ပညာသင်စရိတ် ထောက်ပံ့ကြေးပေးတယ်။ နောက်ပြီး ရုပ်ရှင် အစည်းအရုံးဝင် သားသမီးတွေ ဆယ်တန်းမှာ ဂုဏ်ထူးပါတဲ့ သူတွေကို ပညာရည်ချွန် ဆုပေးပွဲရှိ တယ်။ ဒါပေမဲ့ တချို့တွေက ဒီဟာတွေလုပ် တယ်ဆိုပေမယ့်လည်း လုပ်တယ်လို့ မထင်ဘူး။ ရုပ်ရှင်လောကကြီး တိုးတက်အောင် ဘယ်လို လုပ်ပါပေါ့။ အဲဒါကလည်း တစ်ပိုင်းပေါ့။ ဒီဘက်က လုပ်ရမယ့် ကိစ္စကလည်း အများကြီး ရှိတယ်။ ကျွန်တော်တို့ လက်ထက်မှာလည်း ကျွန်တော်တို့ လုပ်နိုင်သမျှကို ဆက်လုပ်တယ်။ နောက်လူတွေက လည်း ဆက်လုပ်ရမှာပေါ့။ ဥပမာ-လှည်းကူးမှာ ရှိတဲ့ ဧက၂ဝဝကိုပေးတော့မယ်။  အဲဒီကနေ ဆက်ပြီး အကောင် အထည် ဖော် ရမှာ။ နောက်တစ်ခါ မေမြို့မှာ ဧက၂ဝ ရှိတယ်။ ဧက ၂ဝက အခုဆို အဆောက်အအုံ လေး တစ်ခုဆောက်နေတယ်။ ဒီအဆောက် အအုံ တွေဆိုတာလည်း ရှေ့ကလူကြီးတွေ ပျိုးခဲ့တာ။ အဲဒါ ကြောင့် ကျွန်တော် အင်တာဗျူးတိုင်း အမြဲတမ်းပြော တယ်။ ရွေးကောက်ပွဲ လုပ်တော့မယ်။ လူငယ်တွေ ဝင်ရွေး။ ကျရာနေရာ ကနေလုပ်ပါ။ ဘယ်နေရာပဲ ဖြစ်ဖြစ်ပေါ့” ဟု ဦးအေးကြူလေးက ပြောပြခဲ့သည်။

မျိုးမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071