Wednesday, December 17, 2025

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အယ်လ်ဂျီးရီးယား သံအမတ်ကြီးကိုတွေ့ဆုံ

နှစ်နိုင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဟနွိင်းမြို အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားသံအမတ်ကြီး မစ္စတာ အဇက်ဒင်း ဘက်ကာကို ယနေ့ ဒီဇင်ဘာ(၁၇)ရက်နေ့...
HomeCelebrities' Newsစကားထစ်တဲ့ အခက်အခဲကြောင့် ...

စကားထစ်တဲ့ အခက်အခဲကြောင့် သရုပ်ဆောင် ဆက်လုပ်ဖို့ မသေချာသေးသူ အဆိုတော် ရတနာမိုင်

အဆိုတော် ရတနာမိုင်ကတော့ လက်ရှိမှာ သီချင်းအသစ်တွေလုပ်ဖြစ် နေပြီး ထွက်ရှိထားပြီဖြစ်တဲ့ “သူသိစေ” နဲ့ “ပြောသားပဲ”တေးစီးရီးနှစ်ခွေထဲ က သီချင်းတွေကို MTV အနေနဲ့ ထွက်ဖြစ်ဖို့လည်း ပြင်ဆင်နေပါတယ်။ ထွက်ရှိလာမယ့် သူ့ရဲ့ MTV အခွေနဲ့ ပတ်သက်ပြီး …

“သူသိစေဆိုပြီး CD ထွက်လိုက် တယ်။ ပြီးတော့ ပြောသားပဲ Mini Albulm ထွက်ထားတယ်ပေါ့။ အဲဒီနှစ် ခွေထဲက သီချင်းတွေကို ရွေးပြီးတော့ MTV ရိုက်ကူးပြီး အခွေထွက်ဖြစ်မှာ ပါ။ ရွေးမှာကတော့ မိုင်လေးရဲ့ ချစ် ပရိသတ်တွေ သိပြီးသား သီချင်းတွေ၊ သူတို့သတိထားမိတဲ့ သီချင်းတွေကို ရွေးပြီးတော့ MTV ရိုက်ကူးသွားဖို့ရှိပါ တယ်။ ရင်မဆိုင်ရဲဘူး၊ ရိုးရိုးလေး၊ ပုဆိုးလေးနဲ့ကိုကို၊ ရေမြေခြား၊ သူသိစေ၊ ဖုန်းတစ်လုံးဖြစ်ချင်တယ်၊ မောင်နဲ့မလွမ်းပို စတဲ့ သီချင်းတွေကိုရွေး ရိုက်သွားဖို့ ရှိပါတယ်။ နှစ်ခွေပေါင်းလိုက်တော့ အပုဒ်ရေက နည်းနည်းများသွားတယ်။ အဲဒီအထဲက ကိုးပုဒ်လောက်တော့ထုတ်ဖို့ စဉ်းစားထားပါတယ်”လို့ ရတနာမိုင် က ပြောပါတယ်။

သူကတော့ ပရိသတ် အသိအမှတ်ပြုပြီးသား အဆိုတော် တစ်ဦးဖြစ်သလို သရုပ်ဆောင်ပိုင်းကိုလည်း လုပ်ကိုင်လာသူပါ။ မကြာသေးမီက ဒါရိုက်တာ အောင်ဇော်လင်း ရိုက်ကူးတဲ့ “မုန်းလို့ရရင် မုန်းချင်တယ်” ရုပ်ရှင် ဇာတ်ကားမှာ နေတိုး၊ မင်းဦး၊ သင်ဇာဝင့်ကျော် စတဲ့သရုပ်ဆောင်များနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိ သတ်တုံ့ပြန်မှုကိုလည်း …

“ကိုယ်က အဲဒီဇာတ်ကားထဲမှာ Actor ဆိုတာထက် သူတို့ အဆိုတော် ဇာတ်ရုပ်ကို လိုချင်လို့ လုပ်ပေးဖြစ်ခဲ့တာပေါ့။ အဲဒီမှာ ရှင်သန်ခြင်းအတွက်ဆို တဲ့ သီချင်းလေးကို ချစ်ပရိသတ်တွေ အားပေးကြတယ်ပေါ့။ အဲဒါလေးကတော့ တုံ့ပြန်မှုဆိုတာထက် ကိုယ်ရလိုက်တဲ့ အကျိုးအမြတ်တစ်ခုပါ” လို့ ပြောပြခဲ့ပါတယ်။ သရုပ်ဆောင်ပိုင်းကို ဆက်လုပ်သွားမှာလားလို့ ဆက်လက်မေးမြန်းခဲ့ရာ …

“ဒါရိုက်တာ ကိုဇော်မျိုးကတော့ ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ဖို့ပြောထား ပါတယ်။ ကိုယ့်အတွက် အခက်အခဲကတော့ စကားထစ်တယ်။ စကားထစ်တာ ကြီးကို တအားကြောက်တာ။ စိတ်လည်း ပင်ပန်းတယ်။ အဲဒါလေးတစ်ခုရှိတယ်။ ရိုက်ဖို့ မရိုက်ဖို့ဆိုတာတော့ စဉ်းစားနေတုန်းပါပဲ”လို့လည်း ရတနာမိုင်က ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available


Continue reading

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင် စတင်ဝင်ရောက်လာခြင်းဖြစ်သည်။ ယနေ့ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းက အများပိုင်ကုမ္ပဏီ Good Brothers Co., ltd အောက်ရှိ လယ်ယာဝန်ဆောင်မူများ ဆောင်ရွက်သည့် ကုမ္ပဏီခွဲGBS( လယ်ယာစိုက်ပျိုးရေးဝန်ဆောင်မှု အများပိုင် ကုမ္ပဏီလီမိတက်)က ရန်ကုန်စတော့အိတ်ချိန်းရှိ PLB (Pre listing Board) တွင် မှတ်ပုံတင်ခြင်း အခမ်းအနားကျင်းပပြီး ရှယ်ယာများအား သက်သာသောဈေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071