Monday, September 21, 2026

ရေဘေးသင့် လေးမျက်နှာမြို့နယ်တွင် လူဦးရေ ၂,၇၀၀...

လေးမျက်နှာ၊ စက်တင်ဘာ ၂၁ ဧရာဝတီတိုင်းဒေသကြီး၊ ရေဘေးသင့် လေးမျက်နှာမြို့နယ်တွင် စက်တင်ဘာ ၁၇ ရက်အထိ လူဦးရေ ၂,၇၀၀ ကျော်အတွက် သောက်သုံးရေ လီတာ...

ICC ကို ပိတ်ဆို့အရေးယူဖို့ ထရမ့်အစိုးရအဖွဲ့...

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) တစ်ခုလုံးကို ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ ပြင်ဆင်ပြီးဖြစ်တာကြောင့် မကြာခင်မှာပဲ ကြေညာဖို့ စီစဉ်နေတယ်လို့ ဒီကိစ္စနဲ့...

လယ်ယာကဏ္ဍမှ နိုင်ငံ့ထုတ်ကုန်တိုးတက်ရေး တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ဖော်ဆောင်ရန်...

နေပြည်တော်၊ စက်တင်ဘာ ၂၁ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် နိုင်ငံ့ထုတ်ကုန်တိုးတက်လာစေရေးအတွက် ထုတ်လုပ်မှုမှ ကုန်ကြမ်း၊ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုလုပ်ငန်း၊ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် အားလုံးပါဝင်နိုင်ရေး ချိတ်ဆက်ဖော်ဆောင်ရန်...

မိုဘိုင်းဖုန်း IMEI မှတ်ပုံတင်ပေးသည့် CEIR...

ရန်ကုန်၊ စက်တင်ဘာ ၂၁ မိုဘိုင်းဖုန်း IMEI မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် CEIR OSS (YGN) ရုံးကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းနှင့်...
HomeNewsLocal Newsငွေလိမ်ဂိုဏ်းများအမြစ်ပြတ်နှိမ်နင်းရန် တရုတ်၊ မြန်မာနှင့်...

ငွေလိမ်ဂိုဏ်းများအမြစ်ပြတ်နှိမ်နင်းရန် တရုတ်၊ မြန်မာနှင့် ထိုင်း သဘောတူ

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဇန်နဝါရီလ ၂၁ ရက်ကကျင်းပ ပြုလုပ်ခဲ့သော အစည်းအဝေး၌ အွန်လိုင်းငွေလိမ်ဂိုဏ်းမျာကို အမြစ်ပြတ်နှိမ်နင်းသွားရေးအတွက် တရုတ်၊ မြန်မာ နှင့် ထိုင်းနိုင်ငံတို့မှ တာဝန်ရှိသူများ သဘောတူညီမှု ရရှိခဲ့သည်ဟု တရုတ်နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက ဖော်ပြခဲ့သည်။

ထိုအစည်းအဝေးမှာပင် မြန်မာ၊ တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အာဏာပိုင်များသည် ရာဇဝတ်ဂိုဏ်းများ၏ ခေါင်းဆောင်များကို ဖမ်းဆီးရေး၊ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ဖျက်သိမ်းရေးနှင့် ပိတ်မိနေသူများကို ကယ်တင်ရန်အတွက် အစွမ်းကုန်ညှိနှိုင်းဆောင်ရွက်သွားကြရန်လည်း သဘောတူညီခဲ့ကြသည်ဟု စီစီတီဗီက ဆိုခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်အနီး ပျောက်ဆုံးခဲ့သော တရုတ်သရုပ်ဆောင်တစ်ဦး၏ အမှုဖြစ်စဉ်အပါအဝင် အမှုဖြစ်စဉ်များစွာ ပေါ်ပေါက်လာခဲ့ပြီးနောက် တရုတ်နိုင်ငံသည် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရာတွင် အရှိန်မြှင့်လုပ်ဆောင်လာခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်မှစတင်ကာ အွန်လိုင်းလိမ်ညာမှုများတွင် ပါဝင်ပတ်သက်နေသော တရုတ်နိုင်ငံသား ၅၃,၃၈၈ ဦးကို ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် လူသာချင်းစာနာထောက်ထားမှု အခြေအနေများအရ တရားဥပဒေအရ အရေးယူခြင်းမရှိဘဲ ပြည်နှင်ဒဏ်ပေးခဲ့သည်ဟု ပေကျင်းရှိ မြန်မာနိုင်ငံ သံရုံးက ဇန်နဝါရီ ၂၁ ရက်တွင် ပြောဆိုခဲ့သည်။

မြန်မာအစိုးရသည် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို အားပေးအားမြှောက်လုပ်ခြင်းမရှိဘဲ နှိမ်နင်းခြင်းသာရှိသည်ဟု သံရုံး၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီး ငွေလိမ်ဂိုဏ်းများကို အမြစ်ဖြတ်ဖယ်ရှားရန်အတွက် အိမ်နီးချင်းနိုင်ငံများက ပူးပေါင်းဆောင် ရွက်ကြရန် တောင်းဆိုခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေဘေးသင့် လေးမျက်နှာမြို့နယ်တွင် လူဦးရေ ၂,၇၀၀ ကျော်အတွက် ရေလီတာ ၆၀,၀၀၀ ကျော် ဖြန့်ဖြူး

လေးမျက်နှာ၊ စက်တင်ဘာ ၂၁ ဧရာဝတီတိုင်းဒေသကြီး၊ ရေဘေးသင့် လေးမျက်နှာမြို့နယ်တွင် စက်တင်ဘာ ၁၇ ရက်အထိ လူဦးရေ ၂,၇၀၀ ကျော်အတွက် သောက်သုံးရေ လီတာ ၆၀,၀၀၀ ကျော် ဖြန့်ဖြူးပေးခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထုတ်ပြန်ထားသည်။ ထို့ပြင် အိမ်ထောင်စု ၈၂ စုအတွက် ရေဘူးပျော့ (Jerry Can) ၁၆၆ ခုကိုလည်း ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။ ကျန်းမာရေးဌာန ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးအဖွဲ့မှ ကြက်ခြေနီဝန်ထမ်းများနှင့် လေးမျက်နှာမြို့နယ် ကြက်ခြေနီအသင်းခွဲမှ စေတနာလုပ်အားရှင်များက အမှတ် (၁)၊ (၂)၊ (၃) ရပ်ကွက်နှင့် စစ်ကုန်းကျေးရွာရှိ...

ICC ကို ပိတ်ဆို့အရေးယူဖို့ ထရမ့်အစိုးရအဖွဲ့ ပြင်ဆင်ပြီးဖြစ်ကြောင်း သတင်းရင်းမြစ်များပြော

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) တစ်ခုလုံးကို ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ ပြင်ဆင်ပြီးဖြစ်တာကြောင့် မကြာခင်မှာပဲ ကြေညာဖို့ စီစဉ်နေတယ်လို့ ဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် နှစ်ဦးက ပြောပါတယ်။ ဒါဟာ ICC အပေါ် အမေရိကန်ရဲ့ တို-က်ခိုက်မှုကို ပိုမိုပြင်းထန်လာစေမယ့် ခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်။ အစ္စရေးခေါင်းဆောင်တွေအပေါ် ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းတွေအပြင် အာဖဂန်နစ္စတန်က အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီး အရင်က စုံစမ်းစစ်ဆေးခဲ့တာတွေကိုပါ တရားရုံးအနေနဲ့ ရုပ်သိမ်းပေးဖို့ အမေရိကန် တာဝန်ရှိသူတွေဖြစ်စေချင်နေတာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက...

လယ်ယာကဏ္ဍမှ နိုင်ငံ့ထုတ်ကုန်တိုးတက်ရေး တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ဖော်ဆောင်ရန် နိုင်ငံတော်သမ္မတမှာကြား

နေပြည်တော်၊ စက်တင်ဘာ ၂၁ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် နိုင်ငံ့ထုတ်ကုန်တိုးတက်လာစေရေးအတွက် ထုတ်လုပ်မှုမှ ကုန်ကြမ်း၊ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုလုပ်ငန်း၊ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် အားလုံးပါဝင်နိုင်ရေး ချိတ်ဆက်ဖော်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာကြားခဲ့သည်။ “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍတွင် မိရိုးဖလာစိုက်ပျိုးရေးမှ စီးပွားဖြစ်လယ်ယာစိုက်ပျိုးရေးသို့ ကူးပြောင်းကာ “မျိုး၊ မြေ၊ ရေ၊ နည်း” အခြေခံအချက်များ ပြည့်စုံစေရေး၊ လယ်ယာထွက်ကုန်များကို ကုန်ကြမ်းအဖြစ်သာ ရောင်းချခြင်းမပြုဘဲ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ရေးနှင့် ဒေသထွက်ကုန်ကြမ်းအခြေခံ MSME...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071