မန္တလေးငလျင်ကြီးဘေးသင့် အာမခံအလုပ်သမားများ သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်းနှင့် ကျန်ရစ်သူအကျိုးခံ စားခွင့် ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း သိရသည်။
လူမှုဖူလုံရေး အဖွဲ့အနေဖြင့် အင်အားပြင်း မန္တလေးငလျင်ကြီးဘေးသင့်ခံခဲ့ရသော အာမခံအလုပ်သမားများအတွက် သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀) ရာခိုင်နှုန်းကို မန္တလေးတိုင်းဒေသကြီးအတွင်း အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ဌာန (၇,၃၉၅) ဌာနရှိ အာမခံအလုပ်သမား (၁၂၅,၆၇၃) ဦးအနက် စိစစ်ပြီး အာမခံအလုပ်သမား (၁၁,၈၇၀) ကို ငွေကျပ် (၉၆၈ ဒသမ ၁၈၁) သန်းနှင့် အလုပ်လုပ်ကိုင်နေစဉ် ငလျင်လှုပ်ခတ်မှုကြောင့် လုပ်ငန်းခွင်ထိခိုက်ေ-သဆုံးခဲ့သူ အာမခံအလုပ်သမား (၁၆) ဦးအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် (၁၀၃ ဒသမ ၄၇၀) သန်းကို ခွင့်ပြုထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မိသားစုထောက်ပံ့မှုအာမခံစနစ်ပါ သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ အကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်းနှင့် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်စရိတ်များကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ Online Payment System နှင့်အညီ မြန်မာ့စီးပွားရေးဘဏ်မှတဆင့် ပုဂ္ဂလိကဘဏ်များသို့ Digital Payment System ဖြင့် KBZ Pay၊ AY A Pay ၊ Wave Pay၊ UAB Pay ၊ Mytel Pay တို့မှတဆင့် အာမခံအလုပ်သမားများ လက်ဝယ်အရောက် လွှဲပြောင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
