Tuesday, December 16, 2025

မန္တလေးတိုင်းတွင် ရွေးကောက်ပွဲအပိုင်း(၁)အတွက် မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများပြင်ဆင်

လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)အတွက် မန္တလေးတိုင်းဒေသကြီး မြို့နယ်များအတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများ ပြင်ဆင်နေပြီးဖြစ်ကြောင်း သိရသည်။ အပိုင်း(၁)တွင်ပါဝင်သော အောင်မြေသာစံမြို့နယ်အတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံနေရာများကိုလည်း မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက...

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ် သုံးခုဖြင့်...

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခုဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်းဇယားသည် ယမန်နေ့...

နွားထိုးကြီးမြို့နယ်၌ လျှပ်စစ်မီးပြန်လည်ရရှိ

အကြမ်းဖက်အဖွဲ့ဝင်များ၏ ဖျက်ဆီးမှုများကြောင့်  မန္တ လေးတိုင်း၊ နွားထိုးကြီးမြို့နယ်၌ လျှပ်စစ်ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများထိခိုက်ပျက်စီးခဲ့ပြီး လျှပ် စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပေးပြီးနောက် ၂၃၀...

ရန်ကုန်လေဆိပ်အဝင် Y တံတားအနီးရှိ တိုက်တစ်လုံးမီးလောင်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်လေ ဆိပ်အဝင် Y တံတားအနီးရှိ တိုက်တစ်လုံးတွင် ယနေ့ ဒီဇင်ဘာ ၁၆ ရက်နံနက် ၄ နာရီကျော်ခန့်က...
HomeNewsLocal Newsငလျင်ဘေးသင့် ဝန်ထမ်းအိမ်ရာများကို ဈေးကားများဖြင့်စားသောက်ကုန်မျိုးစုံကို...

ငလျင်ဘေးသင့် ဝန်ထမ်းအိမ်ရာများကို ဈေးကားများဖြင့်စားသောက်ကုန်မျိုးစုံကို သက်သာစျေး ရောင်းချပေးနေ

ငလျင်ဘေးသင့်ခဲ့ရသည့် နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် စားသောက်ကုန်မျိုးစုံကို သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ရောင်းချမှုကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)တို့၏ စီစဉ်မှုဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

ယင်းစျေးကားများတွင် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိနှင့် ကုန်မျိုးစုံပါဝင်ပြီး ငလျင်ဒဏ်သင့်ဝန်ထမ်း အိမ်ရာများသို့ မတ် (၃၀) ရက်မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ ရောင်းချပေးနေပြီး တလနီးပါး ကြာမြင့်ခဲ့ပြီလည်းဖြစ်သည်။

ရောင်းချပေးမှုအရ မတ် (၃၀) ရက်မှ ဧပြီ (၂၉) ရက်အထိ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ နေပြည်တော်ဘူတာကြီး၊ စက်ခေါင်းအလုပ်ရုံဌာနဝန်ထမ်းအိမ်ရာ၊ သူနာပြုသင်တန်းကျောင်း၊ ဥတ္တရသီရိ ဆေးရုံဝန်ထမ်း အိမ်ရာများ၊ ပိတောက်အိမ်ရာ၊ ကံ့ကော်အိမ်ရာ၊ ဓနသိဒ္ဓိရပ်ကွက် အိမ်ရာ၊ ဗလသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဉာဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ သုခသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်အိမ်ရာ၊ ပညာရေးဝန်ထမ်းအိမ်ရာ၊ လယ်ဝေးမြို့ယာယီကယ်ဆယ်ရေးစခန်း၊ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ တပ်ကုန်းမြို့ရှိ အမှတ်(၁၀၉) တပ်ရင်းနှင့် ခုတင် (၁၀၀)ဆေးရုံ၊ နေပြည်တော်ကောင်စီဝင်းအတွင်းရှိ တိုင်းခရိုင် အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တိုင်းရုံးနှင့်ရဲတပ်ရင်းများ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ရှိ ဝန်ထမ်းများကိုလည်း ရောင်းချပေးခဲ့သည်ဟု ဆိုသည်။

ထိုနည်းတူ စစ်ကိုင်းမြို့တွင် ဈေးကားလေးစီးဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် (၂၄) ပြည်ပါ (ရွှေဝါထွန်း) (၂၉၄) အိတ်၊ စားအုန်းဆီ (၄,၇၄၅) ပိဿာ၊ ဆား (၅၇) ပိဿာ၊ ကုလားပဲ (၂၀)ကျပ် သားပါ (၂၉၄) ဘူး၊ ငါးပိ (၁၈) ပိဿာ၊ ကြက်သွန်နီ (၅၄၈) ပိဿာ၊ အသားတု (၂၄) ပိဿာ၊ ကြက်ဥ၊ ဘဲဥများ၊ ငါးနီတူခြောက်များ၊ ပုစွန်ခြောက်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး မန္တလေးမြို့တွင် ဈေးကားလေးစီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့အထိ ဆန် (၂၄) ပြည်ပါ (မနောသုခ) အိတ် (၅၈၀) ၊ စားအုန်းဆီပိဿာ (၅၅,၀၀၀) ၊ ဆား (၁၀၅) ပိဿာ၊ ကုလားပဲ (၂၅) ကျပ်သားပါ (၈၆) ထုပ်၊ ငါးပိ ပိဿာ (၈၀)၊ ငါးနီတူခြောက်၊ အာပဲ့ခြောက်၊ ကြက်ဥ၊ ဘဲဥများ၊ ခေါက်ဆွဲခြောက်ထုပ်များကို ရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးတိုင်းတွင် ရွေးကောက်ပွဲအပိုင်း(၁)အတွက် မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများပြင်ဆင်

လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)အတွက် မန္တလေးတိုင်းဒေသကြီး မြို့နယ်များအတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများ ပြင်ဆင်နေပြီးဖြစ်ကြောင်း သိရသည်။ အပိုင်း(၁)တွင်ပါဝင်သော အောင်မြေသာစံမြို့နယ်အတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံနေရာများကိုလည်း မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။ ရွေးကောက်ပွဲတွင် အသုံးပြုမည့်အီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများထားရှိမှု သက်ဆိုင်ရာမဲရုံများအတွင် စနစ်တကျဖြန့်ဝေမှုများကို စီစဉ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။ မဲပေးစက်များ ပျ-က်ဆီးမှုမရှိစေရေး မီးဘေးကင်းရှင်းစေရန်နှင့် အထူးဂရုစိုက်ဆောင်ရွက်ရန်လည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်ကပြောသည်။ မန္တလေးတိုင်းဒေသကြီး၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် အပိုင်း(၁)ကို မြို့နယ် ၈ မြို့နယ်၌ ကျင်းပသွားမည်ဖြစ်ပြီး လျာထားမဲရုံပေါင်း ၁၂၄၂ ရုံ...

ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ် သုံးခုဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေ

ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခုဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်းဇယားသည် ယမန်နေ့ (ဒီဇင်ဘာလ၁၅)ရက်နေ့ ယှဉ်ပြိုင်မှုများ ပြီးဆုံးသွားချိန်အထိ ရပ်တည်မှုဇယား ဖြစ်သည်။ ဒီဇင်ဘာ ၁၅ ရက်နေ့တွင်မူ မြန်မာနိုင်ငံအတွက် ဝူရှူးအားကစားနည်းမှ ငွေတံဆိပ် (၃)ခု၊ ကြေးတံဆိပ် (၁)ခု၊ ပြေးခုန်ပစ် အားကစားနည်းမှ ငွေတံဆိပ် (၂)ခု၊ ရွက်လှေအားကစားနည်းမှ ကြေးတံဆိပ် (၁) ခု ထပ်မံ ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။ ရွှေတံဆိပ်ဆု (၃)ခုမှာမူ ရိုးရာခြင်းလုံး...

နွားထိုးကြီးမြို့နယ်၌ လျှပ်စစ်မီးပြန်လည်ရရှိ

အကြမ်းဖက်အဖွဲ့ဝင်များ၏ ဖျက်ဆီးမှုများကြောင့်  မန္တ လေးတိုင်း၊ နွားထိုးကြီးမြို့နယ်၌ လျှပ်စစ်ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများထိခိုက်ပျက်စီးခဲ့ပြီး လျှပ် စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပေးပြီးနောက် ၂၃၀ ကေဗွီ မြင်းခြံ(သံမ ဏိ)-သပြေဝဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ သာစည်- မြင်းခြံ ဓာတ်အားလိုင်းတို့အား လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အင်ဂျင်နီယာများ ဦးဆောင်၍ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက စစ် ဆေးပြုပြင်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင်ပြီး စီးခဲ့ကြောင်း သိရသည်။ ထို့အတူ ၁၃၂ ကေဗွီ မြင်းခြံပင်မဓာတ်အားခွဲရုံမှ နွားထိုးကြီးမြို့သို့ ဓာတ်အားဖြန့်ဖြူးပေးထားသော ၃၃ ကေဗွီ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071