မန္တလေးငလျင်ကြီးဒဏ်သင့် မြန်မာနိုင်ငံ၏ ပြန် လည်ထူထောင်ရေးလုပ်ငန်းများ၌လိုအပ်သည်များကို တရုတ်နိုင်ငံမှကူညီပေးမည်ဟု တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်မှ မေ ၉ ရက်ညနေပိုင်းက နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်မှ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများနှင့် ဆုံးရှုံးရမှုများအတွက် မြန်မာနိုင်ငံအစိုးရ၊ ပြည်သူလူထုနှင့်ထပ်တူဝမ်းနည်းရကာ မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူတို့အတူတကွလက်တွဲ၍ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အ ကောင်းဆုံး ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပြီး တရုတ်နိုင်ငံအနေဖြင့်လည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဟု ဆွေးနွေးပြောကြားခဲ့သည်။
ထို့အတူ နစက ဥက္ကဋ္ဌမှ မြန်မာနိုင်ငံတွင် ငလျင်ဒဏ်ဖြစ်ပေါ်ခဲ့မှုကြောင့် ခက်ခဲမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရချိန်၌ အဆွေတော်အနေဖြင့် မြန်မာပြည်သူလူထုနှင့်ထပ်တူ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ပြီး အမြန်ဆုံးကျော်ဖြတ်နိုင်ပါစေကြောင်းကို ဆုမွန်ကောင်းတောင်းပေးခဲ့ကာ ငလျင်လှုပ်ခတ်မှုအပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အရေးကြီးဆုံးအချိန်တွင် တရုတ်နိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ငလျင်လှုပ်ခတ်ပြီး ၁၈ နာရီအကြာ၌ မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိလာခဲ့ပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်ဟု ဆွေးနွေးပြောကြား သည်။
တရုတ်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံအတွက် အရေးပေါ်လူသားချင်း စာနာထောက်ထားမှု အကူ အညီများကိုပေးအပ်ခဲ့၍ မြန်မာနိုင်ငံအစိုးရနှင့်ပြည်သူများအနေဖြင့် တရုတ်နိုင်ငံအစိုးရ၏ ကူညီဆောင်ရွက်ပေးမှုများအပေါ် အစဉ်အမြဲကျေးဇူးတင်အမှတ်ရနေမည်ဟု ဆွေးနွေးပြောကြားသည်။
ထို့ပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်၍ တ ရုတ်နိုင်ငံအနေဖြင့် လိုအပ်သည်များကို ဆက်လက်ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်ရေး မေတ္တာရပ်ခံလိုသည်ဟုလည်း နစက ဥက္ကဋ္ဌကဆွေးနွေးပြောကြားခဲ့သည်။