Wednesday, December 17, 2025

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အယ်လ်ဂျီးရီးယား သံအမတ်ကြီးကိုတွေ့ဆုံ

နှစ်နိုင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဟနွိင်းမြို အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားသံအမတ်ကြီး မစ္စတာ အဇက်ဒင်း ဘက်ကာကို ယနေ့ ဒီဇင်ဘာ(၁၇)ရက်နေ့...

ချစ်ရတဲ့မိသားစုနဲ့ အနုပညာ ညီအစ်ကို၊ မောင်နှမတွေကို...

နာမည်ကျော် ဟာသလူရွှင်တော်၊ သရုပ်ဆောင် ညောင်ညောင်ဟာ သူ ချစ်ရတဲ့ မိသားစု၊ အနုပညာ ညီအစ်ကို၊ မောင်နှမတွေကို နှုတ်ဆက်ထားရစ်ပြီးတော့ ဘဝတစ်ပါးကို ကူးပြောင်းသွားပါပြီ။...
HomeNewsLocal Newsငလျင်ကြီးကြောင့် ထွက်ပေါ်လာသည့် အင်းဝခေတ်...

ငလျင်ကြီးကြောင့် ထွက်ပေါ်လာသည့် အင်းဝခေတ် ယဉ်ကျေးမှု အဆောက်အအုံမွေအနှစ်ကို စနစ်တကျ ဖော်ထုတ် ထိန်းသိမ်းသွားမည်

ပြီးခဲ့သည့် မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် မြေများအက်ကွဲကာ ထွက်ပေါ်လာသည့် ရတနာပူရအင်းဝမြို့ဟောင်းရှိ သရက်ကင်းလှေကားနှင့် ရေနန်းတော်ကို စနစ်တကျ ဖော်ထုတ် ထိန်းသိမ်းသွားပြီး အများပြည်သူ လေ့လာနိုင်ရန်အတွက် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရတနာပူရ အင်းဝမြို့ဟောင်း စည်သူပုံ မြို့ရိုး၏ အပြင်ဘက် အရှေ့မြောက်ထောင့်တွင် ကုန်းဘောင်ခေတ်ဦး ဆင်ဖြူရှင်မင်းနှင့် စစ်ကိုင်းမင်းတို့လက်ထက် တည်ဆောက်ခဲ့သည့် ရေနန်းတော်ဆိုသည်မှာ လက်ဝဲနော်ရထာ အမတ်၏ ပုရပိုက်ပုံတွင် တွေ့ရှိရသည်။

သမိုင်းမှတ်တမ်းများတွင် ရေနန်းတော်အကြောင်းကို ဖော်ပြရာ၌ ဆင်ကပ်လှေကားအိမ် ပါသောသရက်ကင်း အုတ်လှေကားကြီးများ၊ အဆောင်များကို ကျွန်းသစ်ဖြင့် တည်ဆောက်ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့တူ ရတနာပူရ စတုတ္ထမြို့တည်နန်းတည် သံလျက်စွန်းမြေတွင် ဆောက်လုပ်ခဲ့သည့် ရေနန်းတော်တွင်မူ ဆင်ကပ်လှေကားအိမ်ပါ သရက်ကင်း အုတ်လှေကားကြီး (၅) စင်း၊ ပြဿဒ်နှင့် ဇေတဝန်ဆောင်အပါအဝင် အဆောင် စုစုပေါင်း ၁၈ ဆောင်ပါဝင်သည်ကိုလည်း ပုရပိုက် တစ်ခုတွင် တွေ့ရှိရကြောင်း၊အဆောင် (၁၈) ဆောင်အနက် ရေအိမ်တော်ပါ ထည့်တွက်ပါက အဆောင် (၂၀) ရှိမည်ဟု ခန့်မှန်းရပြီး အဆိုပါ အဆောင်များကို မြန်မာ့ဗိသုကာနည်းပညာအတိုင်း မြေဝင်တစ်သူ၊ ကျောရပ်တစ်လံ၊ အမြင့်တွင် ကြမ်းခင်းလျက် အပေါ်ပိုင်းတွင် သက်ဆိုင်ရာ မင်းခမ်းမင်းနား အဆောင်များ ပါဝင်မည်ဟု ယူဆထားသည်။

မြန်မာ့သမိုင်းတွင် ရေနန်းတော်ဟူသည် အုပ်ချုပ်သူဘုရင်မင်းကိုယ်တိုင် ဦးစီး၍ ခေါင်းဆေးမင်္ဂလာပြုခြင်း၊ သင်္ကြန် ခေါ်တော်မူခြင်း၊ အတာရေသဘင်ပွဲဆင်နွဲခြင်းနှင့် ရေခင်းသဘင် ဆင်ယင်ကျင်းပရန်အတွက် အရေးပါသည့် အဆော င်တော်များလည်းဖြစ်ကြောင်း ၊ ယခုတွေ့ရှိရသည့် ရေနန်းတော်ဟု ယူဆနေကြသည့် အဆောက်အအုံ၏ တောင်ဘက်ရှိ သရက်ကင်းလှေကား အစိတ်အပိုင်းများကို ၂၀၀၉ ခုနှစ်တွင် ဒေသခံများ အုတ်ဖုတ်လုပ်ငန်း ဆောင်ရွက်ရာမှ စတင်တွေ့ရှိခဲ့သဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထိန်းသိမ်းထားရှိခဲ့ပြီး မတ် (၂၈) ရက်တွင် လှုပ်ခဲ့သော ပြင်းထန်ကြီးမားသည့် ငလျင်ကြီးကြောင့် ယခင်တွေ့ရှိထားသည့် လှေကားခုံနှင့် ဆက်စပ်လျက်ရှိသော ယဉ်ကျေးမှု အမွေအနှစ်များကို အက်ကွဲကြောင်းများကြားမှ ထပ်မံတွေ့ရှိလာရခြင်းဖြစ်သည်။

ထို့ကြောင့် ဧပြီ (၆)ရက်မှ စတင်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မန္တလေးဌာနခွဲက စမ်းသပ်တူးဖော်ခဲ့ရာတွင် အရှေ့ဘက် သရက်ကင်းလှေကား၏ သရက်ကင်းပုံ မြောက်ဘက်လက်တံနှင့် ဆင်ကပ်အုတ်ခုံတို့ကို တူးဖော်တွေ့ရှိခဲ့ပြီး ပန္နက်အုတ်ခုံ အလျား (၁၀) ပေ (၆) လက်မ၊ အနက် (၃) ပေ (၈) လက်မ၊ အုတ်ခံထောင့်ချိုး (၂) ပေ (၆) လက်မ၊ အုတ်ခုံမှ လှေကားအထွက် ခိုနန်းချိုး (၁၈) လက်မ၊ လက်ရုံးဒေါင့်ချိုး (၈) လက်မ၊ ခိုနန်းချိုးမှ သရက် ကင်းအဆုံး (၁၁) ပေ (၄)လက်မတို့ကို တူးဖော်တွေ့ရှိထားပြီး ဆက်လက်တူးဖော်သုတေသန ပြုလုပ်လျက်ရှိကြောင်း သိရသည်။

လတ်တလော စမ်းသပ်တူးဖော်တွေ့ရှိချက်အရ ပုရပိုက်ပုံဆွဲများတွင် တွေ့ရှိရသည့် ရေနန်းတော်ကဲ့သို့ အဆောက်အအုံများစွာပါဝင်သည့် ကြီးမားသောအဆောက်အအုံမျိုးမဟုတ်နိုင်ကြောင်းနှင့် အလျား ပေ (၂၀၀) မှ (၂၅၀)ပေနှင့် အနံ ပေ (၂၀၀) ခန့် သစ်သားတိုင်များဖြင့် သရက်ကင်းလှေကားခုံကို တွဲဆက်တည်ဆောက်ထားသော အဆောက်အအုံမျိုးဖြစ်နိုင်ကြောင်း၊ အနီးစပ်ဆုံး နှိုင်းယှဉ်ရာတွင် အင်းဝ ဗားကရာ သစ်သားကျောင်း၊ မန္တလေးမြို့ရှိ ရွှေနန်းတော် ကျောင်းများကဲ့သို့ သရက်ကင်းလှေကား (၈) ခုမှ (၁၀) ခုအထက်ပါရှိနိုင်သော အဆောက်အအုံမျိုး ဖြစ်နိုင်ကြောင်း၊ ရှေးမြန်မာမင်းများ အသုံးပြုခဲ့သည့် ရေနှင့်သက်ဆိုင်သော ပွဲလမ်းသဘင် အခမ်းအနားများ ကျင်းပသည်ကို ကြည့်ရှုရာတွင် အသုံးပြုသည့် အဆောက်အအုံမျိုး ပို၍ဖြစ်နိုင်ကြောင်း၊ရေနန်းတော် ထက် ရေနန်းဆောင်ဟုသာ သုံးနှုန်းသင့်ကြောင်း၊ အချုပ်အားဖြင့် ပုရပိုက်တွင် ပါရှိသည့် ရေနန်းတော်ကဲ့သို့ ကြီးကျ ယ်သည့် အဆောင်ခန်းများပါဝင်သည့် အဆာက်အအုံမဖြစ်နိုင်ကြောင်းကို ကနဦးလေ့လာတွေ့ရှိကြောင်း သိရသည်။

သို့ဖြစ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေး ဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေ ဖြင့် မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များအား အ စဉ် တစိုက်တူးဖော်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုငလျင်ကြီးကြောင့် ထွက်ပေါ်လာသည့် အင်း ဝခေတ် ယဉ်ကျေးမှု အဆောက်အအုံမွေအနှစ်ကို စနစ်တ ကျ ဖော်ထုတ် ထိန်းသိမ်းသွားပြီး အများပြည်သူ လေ့လာနိုင်ရန်အတွက် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင် စတင်ဝင်ရောက်လာခြင်းဖြစ်သည်။ ယနေ့ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းက အများပိုင်ကုမ္ပဏီ Good Brothers Co., ltd အောက်ရှိ လယ်ယာဝန်ဆောင်မူများ ဆောင်ရွက်သည့် ကုမ္ပဏီခွဲGBS( လယ်ယာစိုက်ပျိုးရေးဝန်ဆောင်မှု အများပိုင် ကုမ္ပဏီလီမိတက်)က ရန်ကုန်စတော့အိတ်ချိန်းရှိ PLB (Pre listing Board) တွင် မှတ်ပုံတင်ခြင်း အခမ်းအနားကျင်းပပြီး ရှယ်ယာများအား သက်သာသောဈေး...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အယ်လ်ဂျီးရီးယား သံအမတ်ကြီးကိုတွေ့ဆုံ

နှစ်နိုင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဟနွိင်းမြို အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားသံအမတ်ကြီး မစ္စတာ အဇက်ဒင်း ဘက်ကာကို ယနေ့ ဒီဇင်ဘာ(၁၇)ရက်နေ့ ၌ နေပြည်တော်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်နိုင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနများ အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင် စွမ်းအင်၊ စိုက်ပျိုးရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် အလားအလာရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအဆင့် နှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071