Saturday, September 5, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့ နှစ်နိုင်ငံကိစ္စရပ်များ...

ဗီယက်နမ်နိုင်ငံသမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ...

မြစ်ကြီးနားမြို့တွင် ရေကြီးရေလျှံမှုကြောင့် လယ်မြေအချို့ရေနစ်မြုပ်ခဲ့၍ ရေစီးဆင်းမှုကောင်းမွန်စေရေးဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကမိုးသည်းထန်စွာရွာသွန်းမှုကြောင့် လယ်မြေအချို့နှင့် ရပ်ကွက်များအတွင်း ရေနစ်မြုပ်မှုများဖြစ်ပေါ်ကာ ရေများပြန်လည်ကျဆင်းသွားချိန်တွင်လည်း ရေဝပ်တင်ကျန်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် လယ်မြေများရေနစ်မြှုပ်နှင့် ရပ်ကွက်များ ရေဝပ်တင်ကျန်မှုအတွက် ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်နိုင်ရန်...

မြန်မာ-ရုရှားနှစ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (၂၀၂၇- ၂၀၂၈)...

မြန်မာ-ရုရှားနှစ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (၂၀၂၇- ၂၀၂၈) ကို စက်တင်ဘာ ၂ ရက်က ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌ စက်တင်ဘာ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မစ္စတာ...

ဟနွိုင်း၊ စက်တင်ဘာ ၅ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ်...
HomeNewsLocal Newsငမိုးရိပ်တမံ ရေပိုလွှဲမှ ရေ...

ငမိုးရိပ်တမံ ရေပိုလွှဲမှ ရေ ၂ ဒသမ ၂ ပေ ကျော်လွန်နေ

ရန်ကုန်၊ စက်တင်ဘာ ၄

ယနေ့ စက်တင်ဘာ ၄ ရက် နံနက် ၆ နာရီ တိုင်းတာချက်များအရ ငမိုးရိပ်နှင့် ရေကူတမံများတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရေစုဆောင်းရရှိမှု အခြေအနေများမှာ ငမိုးရိပ်တမံတွင် ၁၄၀၀ ဧကပေ၊ မဟူရာတမံတွင် ၂၈၅ ဧကပေနှင့် ပေါင်းလင်း တမံတွင် ၁၂၀၇ ဧကပေ အသီးသီး ရှိခဲ့ကြောင်း ငမိုးရိပ်ဆည်၏ အသိပေးချက်အရ သိရသည်။

လက်ရှိ ငမိုးရိပ်တမံတွင် ရေပိုလွှဲမှ ရေ ၂ ဒသမ ၂ ပေ၊ မဟူရာတမံတွင်လည်း ရေပိုလွှဲမှ ရေ ၁ ဒသမ ၄၀ ပေ ကျော်လွန်နေသော်လည်း ပေါင်းလင်းတမံမှာမူ ရေပြည့်မှတ်သို့ ရောက်ရှိရန် ၄ ဒသမ ၈၀ ပေ လိုအပ်နေသေးကြောင်း သိရသည်။

ယမန်နေ့က မိုးရွာသွန်းမှု နည်းပါးခဲ့သဖြင့် တမံများတွင် ရေဝင်ရောက်မှု အ နည်းငယ် လျော့ကျလာကြောင်း၊ ချောင်းများအတွင်း ရေစီးဆင်းမှုမှာ အထက်ပိုင်းမှ ရေများ တဖြည်းဖြည်း လျော့ကျလာနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့ နှစ်နိုင်ငံကိစ္စရပ်များ တွေ့ဆုံဆွေးနွေး

ဗီယက်နမ်နိုင်ငံသမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ချန်ထန်မန်းနှင့် ဗီယက်နမ်အမျိုးသားလွှတ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ လွှတ်တော်မှ အဆင့်မြင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ချန်ထန်မန်းတို့သည် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ၊...

မြစ်ကြီးနားမြို့တွင် ရေကြီးရေလျှံမှုကြောင့် လယ်မြေအချို့ရေနစ်မြုပ်ခဲ့၍ ရေစီးဆင်းမှုကောင်းမွန်စေရေးဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကမိုးသည်းထန်စွာရွာသွန်းမှုကြောင့် လယ်မြေအချို့နှင့် ရပ်ကွက်များအတွင်း ရေနစ်မြုပ်မှုများဖြစ်ပေါ်ကာ ရေများပြန်လည်ကျဆင်းသွားချိန်တွင်လည်း ရေဝပ်တင်ကျန်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် လယ်မြေများရေနစ်မြှုပ်နှင့် ရပ်ကွက်များ ရေဝပ်တင်ကျန်မှုအတွက် ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်နိုင်ရန် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က စက်တင်ဘာ ၄ ရက်တွင် ကြည့်ရှုစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ပမ္မတီး(ဘုမ္မော)ရပ်ကွက်၊ ပမ္မတီးကွင်းရှိ လယ်(၄၅)ဧကအတွင်း ရေဝပ်တင်ကျန်မှုကြောင့် စိုက်ပျိုးမှုအဆင်ပြေစေရန် ဘုမ္မောချောင်းအတွင်း ရေစီးဝင်သည့်မြောင်းသွယ်များဖောက်လုပ်ထားမှုကိုကြည့်ရှုစစ်ဆေးပြီး မြောင်းများပိတ်စို့မှုမဖြစ်ပေါ်စေရေးအတွက် အမြန်ဆုံးရှင်းလင်းဖယ်ရှားကာ ရေမြောင်းများကိုစနစ်တကျ ဖောက်လုပ်ရန် မှာကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ပမ္မတီးရပ်ကွက်အတွင်း ပမ္မတီး-ရွှေအိုက် လမ်းဆုံနေရာမှ ပမ္မတီးဈေးသွားလမ်းတစ်လျှောက် နေအိမ်အချို့တွင် ရေဝပ်တင်ကျန်နေမှုနှင့် ယင်း လမ်းတစ်လျှောက်မှ...

မြန်မာ-ရုရှားနှစ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (၂၀၂၇- ၂၀၂၈) လက်မှတ်ရေးထိုး

မြန်မာ-ရုရှားနှစ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (၂၀၂၇- ၂၀၂၈) ကို စက်တင်ဘာ ၂ ရက်က ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌ စက်တင်ဘာ ၁ ရက်မှ ၄ ရက်အထိကျင်းပသည့် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်နှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်ခဲ့သည့် မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဦးစိုးသိန်းနှင့် ရုရှားနိုင်ငံ ရှေ့နေချုပ်တို့တွေ့ဆုံဆွေးနွေးပြီးနောက် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။  ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ရုရှား-မြန်မာနှစ်နိုင်ငံကြားဝန်ထမ်းများလေ့ကျင့်သင်တန်းပေးခြင်း၊ အတွေ့အကြုံနှင့် နည်းပညာဖလှယ်နိုင်ခြင်းများကြောင့် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုကိုပိုမိုခိုင်မာအားကောင်းလာစေပြီး စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများပိုမိုအားကောင်း၍ များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071