Saturday, August 8, 2026

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု...

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကပြောကြားသည်။ နိုင်ငံတော်သမ္မတ က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် မြန်မာသံရုံး၊...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး ပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အကြုံများအပြန်အလှန်ဖ လှယ်လိုဟု...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား၌ ကောင်း မွန်သည့်ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်သွားမည်ဖြစ်ကာ ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အ ကြုံများအပြန်အလှန်ဖလှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာ ကဆွေးနွေးပြောဆိုသည်။ ထိုင်းနိုင်ငံ၌...

စာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန်၌ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ရန်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာစာသင် ကျောင်းများနှင့် ဆေးရုံများကို ယာယီပိတ်ထားရကြောင်း သိရသည်။ ထို့ကြောင့် ရေများပြန်လည်ကျဆင်းသွားချိန်၌ ယာယီပိတ်ထားရသော...
HomeInternationalဂျပန်သည် တရုတ်နှင့် ရုရှားရန်ကို...

ဂျပန်သည် တရုတ်နှင့် ရုရှားရန်ကို တန်ပြန်ရန်အတွက် တာဝေးပစ် ဒုံးကျည်များ ထုတ်လုပ်ရန် စီစဉ်လာ

ဂျပန်သည် တရုတ်နှင့် ရုရှားရန်ကို တန်ပြန်ရန်အတွက် တာဝေးပစ် ဒုံးကျည်များ ထုတ်လုပ်ရန် စီစဉ်လာ

ဂျပန်နိုင်ငံသည် တရုတ်နှင့် ရုရှားတို့၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နိုင်ရန် ရည်ရွယ်သည့် စစ်ရေးတိုးချဲ့မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ခရုဇ်ဒုံးကျည်များနှင့် မြန်နှုန်းမြင့် ပဲ့ထိန်းစနစ် ဒုံးကျည်များကို အမြောက်အမြား ထုတ်လုပ်သွားမည်ဟု ဩဂုတ်လ ၃၁ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ ဒုံးကျည် ဝယ်ယူထုတ်လုပ်ရေး အစီအစဉ်ကို ကာကွယ်ရေး ဝန်ကြီးဌာန၏ နှစ်စဉ်ဘတ်ဂျက်တောင်းခံမှုတွင် ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၎င်း၏ ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့များသည် အကွာအဝေးအားဖြင့် ကီလိုမီတာ ရာဂဏန်းသာရှိသော ဒုံးကျည်များကိုသာ လက်ဝယ်ထားရှိ၍ ပစ်လွှတ်နိုင်သည်။

ထို့ကြောင့် ယင်းကဲ့သို့ တာဝေးပစ်ဒုံးကျည်များ ထုတ်လုပ်ရန်အတွက် ဘတ်ဂျက်တောင်းခံလိုက်ခြင်းမှာ ဂျပန်သည် တာဝေးပစ်ဒုံးကျည်များနှင့် ပတ်သက်၍ ဆယ်စုနှစ်များစွာ ကန့်သတ်ထားသော အဆိုပါ စည်းမျဉ်းဥပဒေမှ သိသိသာသာ စွန့်ခွာလာသည်ကို ပြသနေသည်။

“တရုတ်နိုင်ငံဟာ ပစိဖိတ်ဒေသတွင်း လက်ရှိအနေအထားကို တစ်ဖက်သက် ပြောင်းလဲဖို့အတွက် အင်အားသုံးကာ ဆက်လက်ခြိမ်းခြောက်နေပြီး ရုရှားနဲ့လည်း မဟာမိတ်ဆက်ဆံရေး ပိုမိုအားကောင်းလာအောင် လုပ်ဆောင်နေပါတယ်” ဟု ဝန်ကြီးဌာနက ၎င်း၏ ဘတ်ဂျက်တောင်းခံမှုတွင် ပြောကြားခဲ့သည်။

အဆိုပါ ဘတ်ဂျက်တောင်းခံမှုမှာ သင်္ဘောများကို တိုက်ခိုက်နိုင်ရန်အတွက် မြေပြင်ပစ် ခရုဇ်ဒုံးကျည်များ အမြောက်အမြား ထုတ်လုပ်ရန်နှင့် မြေပြင်ပစ်မှတ်များကို ပစ်ခတ်နိုင်သော မြန်နှုန်းမြင့် ပဲ့ထိန်းဒုံးကျည်သစ်များ ထုတ်လုပ်ရန်အတွက် ရန်ပုံငွေ တောင်းခံခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်ကျွန်းတစ်ဝိုက် စစ်ရေးလေ့ကျင်မှုများ ပြုလုပ်ကာ ဖိအားများ ပေးလျက်ရှိပြီး ထိုင်ဝမ်ကို ကျန်ရှိသော တရုတ်ဒေသများနှင့် ပေါင်းစည်းနိုင်ရန်အတွက် ၎င်း၏စစ်အင်အား အသုံးပြုမှုကို စွန့်လွှတ်လိမ့်မည်မဟုတ်ကြောင်း ၎င်းကဆိုသည်။

နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပြီး တရုတ်၏ စစ်ရေးလေ့ကျင့်မှုတွင် ပစ်လွှတ်ခဲ့သော ပဲ့ထိန်းဒုံးကျည်များအနက် ငါးစင်းမှာ ဂျပန်၏ သီးသန့်စီးပွားရေးဇုန်သို့ ကျရောက်ခဲ့ပြီးနောက် တရုတ်၏ ဒေသတွင်း ရည်မှန်းချက်များနှင့် ပတ်သက်၍ ဂျပန်နိုင်ငံတွင် သတိပေးမှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးဌာနသည် မြောက်ကိုရီးယားအား ဂျပန်အပေါ် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှိနေကြာင်းကိုလည်း ဖော်ပြခဲ့သည်။

Source: စီအင်န်အေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ပြော

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကပြောကြားသည်။ နိုင်ငံတော်သမ္မတ က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ သံရုံးသို့ စာရွက်စာ တမ်းအထောက်အထားဆိုင်ရာများလာရောက်ပြုလုပ်နေကြသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား နှုတ်ဆက်အားပေးစကားပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိနေကြပြီး လုပ်ငန်းများဆောင်ရွက်နေကြခြင်းဖြစ်၍ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရပါက မည်သည့်အခက်အခဲပင်ဖြစ်စေ သံရုံး၊ စစ်သံရုံးများသို့ အချိန်မရွေးအကူအညီတောင်းခံကြရန်၊ ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်း ကမ်းများနှင့်အညီဖြစ်စေရေးအတွက် စနစ်တကျနေ ထိုင်လုပ်ကိုင်ကြရန် ပြောကြားသည်။ " မြန်မာနိုင်ငံအနေနဲ့ မိမိတို့နိုင်ငံသားတွေရဲ့ အခွင့်အ ရေးတွေ နစ်နာဆုံးရှုံးမှုမရှိစေဖို့...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး ပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး ပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ မြန်မာသံရုံး၊ စစ်သံရုံးတို့မှဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအားတွေ့ဆုံစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံအချင်းချင်းဆက်ဆံရာမှာ သံတမန်ဆက်ဆံရေးက များစွာအရေးပါတယ်။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံဟာခွဲခြားမရနိုင်သည့် အိမ်နီးချင်း၊ မိတ်ဆွေကောင်းနိုင်ငံတွေဖြစ်ပါတယ်။ နှစ်နိုင်ငံနဲ့ နှစ်နိုင်ငံပြည်သူတွေကြား၊ တပ်မတော်နှစ်ရပ်ကြားတွေမှာ ခိုင်မာတဲ့ချစ်ကြည်ရေးနဲ့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးသမိုင်းကြောင်းတွေရှိခဲ့တယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ နိုင်ငံတော်တွင် လက်နက်ကိုင်အကြမ်းဖက်မှုများကြုံ...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အကြုံများအပြန်အလှန်ဖ လှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ ဆွေးနွေးပြောဆို

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား၌ ကောင်း မွန်သည့်ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်သွားမည်ဖြစ်ကာ ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အ ကြုံများအပြန်အလှန်ဖလှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာ ကဆွေးနွေးပြောဆိုသည်။ ထိုင်းနိုင်ငံ၌ တရားဝင်ခရီးစဉ်(Official Visit)ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် ထိုင်းအမျိုးသားလွှတ်တော်အားကြည့်ရှုလေ့လာစဥ် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌမှ ဆွေးနွေးပြောဆိုခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံကြား တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘ ဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွလက်တွဲပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည်ကိုယုံကြည်ကာ လွှတ်တော်နှစ်ရပ်ကြားပူးပေါင်းဆောင် ရွက်မှုများနှင့် ဆက်ဆံမှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ဆွေးနွေးပြောဆိုသည်။ ထို့အတူ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071