Thursday, April 30, 2026

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း...

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ...

ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု...

ဗုဒ္ဓသာသနာတော် ကမ္ဘာ့နိုင်ငံအသီးသီးသို့ခွန်းကားပြန့်ပွားရေးအတွက် ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်ကလျှောက်ထားသည်။ ယနေ့ ဧပြီ ၃၀ ရက်(ကဆုန်လပြည့်-ဗုဒ္ဓနေ့)နံနက်ပိုင်းက ရန်ကုန်မြို့၊...

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀)ပြည့် အထိမ်းအ မှတ်မင်္ဂလာအခမ်းအနားကျင်းပ

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀)ပြည့် အထိမ်းအ မှတ်မင်္ဂလာအခမ်းအနားကို ယနေ့ ဧပြီ ၃၀ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏလှိုဏ်ဂူသိမ်တော်ကြီး၌ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ...
HomeNewsLocal Newsဂျပန်နိုင်ငံတွင်လျှပ်စစ်ဓာတ်အား​လျော့နည်းချိန် အပူလှိုင်းဖြတ်

ဂျပန်နိုင်ငံတွင်လျှပ်စစ်ဓာတ်အား​လျော့နည်းချိန် အပူလှိုင်းဖြတ်

ဂျပန်နိုင်ငံတွင်လျှပ်စစ်ဓာတ်အား​လျော့နည်းချိန် အပူလှိုင်းဖြတ်

တိုကျို၊ဇွန်၂၉

ဂျပန်နိုင်ငံတွင် စံချိန်တင်အပူဆုံးနေ့များ​ကျော်ဖြတ်​နေရချိန် လျှပ်စစ်ဓာတ်အားပြတ်တောက်မည်ကို စိုးရိမ်​နေကြရသည်။

ထို့​ကြောင့် ဝန်ကြီးချုပ် က နျူကလီးယား စွမ်းအင် သုံးစွဲမှု မြှင့်တင်ရန် တောင်းဆိုခဲ့သည်။

တိုကျိုမြို့အနီးတစ်ဝိုက်တွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် ရှိ​နေပြီး ဇူလိုင် ၅ ရက်ထိတိုကျိုအပူချိန်သည် ၃၀ ဒီဂရီစင်တီဂရိတ်​အောက်သို့ ပြန်လည်ကျဆင်းမည်မဟုတ်ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီကခန့်မှန်းထားသည်။

ဂျပန်နိုင်ငံတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရန် အစွမ်းကုန် လုပ်ဆောင်မည်ဖြစ်ကြောင်း G7 ထိပ်သီးအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာတွင် ဘေးကင်းရေး အာမခံချက်ရှိသရွေ့ နျူကလီးယားစွမ်းအင်ကို အတတ်နိုင်ဆုံး အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ က ပြောကြားခဲ့သည်။

ဖူကူရှီးမား နျူကလီးယား မတော်တဆမှုမှ ဖြစ်ပေါ်လာသော ဆူနာမီ​ကြောင့် ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့မှစကာ နျူကလီယား စက်ရုံများတ​ဖြေးဖြေး ရပ်နားလာခဲ့ရသည်။

လျပ်စစ်​ချွေတာရန်အတွက် ဂျပန်ရှိထုတ်လုပ်ရေးစက်ရုံအများစုကဇူလိုင်လမှ စက်တင်ဘာလအထိ တစ်လလျှင် အနည်းဆုံး နှစ်ရက်ပိတ်မည်ဟု ပြောကြားထားကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း သိရသည်။

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်အား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများတက်ရောက်၍ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။ ယနေ့တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် အနယ်နယ်အရပ်ရပ်မှဘုရားလာသူများ၊ ညောင်ရေသွန်းလောင်းပူဇော်သူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းသူများနှင့် စည်ကားများပြားလျက်ရှိသည်။

ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု နိုင်ငံတော်သမ္မတလျှောက်ထား

ဗုဒ္ဓသာသနာတော် ကမ္ဘာ့နိုင်ငံအသီးသီးသို့ခွန်းကားပြန့်ပွားရေးအတွက် ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်ကလျှောက်ထားသည်။ ယနေ့ ဧပြီ ၃၀ ရက်(ကဆုန်လပြည့်-ဗုဒ္ဓနေ့)နံနက်ပိုင်းက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏလှိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည့် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀) ပြည့် အထိမ်းအမှတ်မင်္ဂလာအခမ်းအနားတွင် ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများအားလျှောက်ထားခဲ့ခြင်းဖြစ်သည်။  ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် အစဥ်တစ်စိုက်ကြိုးပမ်းအားထုတ်တော်မူကြကုန်သော ပရိယတ္တိဝန်ဆောင်၊ ပရိပတ္တိဝန် ဆောင်ဆရာတော်များက နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့အပေါ် တရားဓမ္မဖြင့်ချီးမြှင့်ထောက်ပံ့ခြင်း၊ နိုင်ငံ တော်အစိုးရနှင့် ပြည်သူတို့က ဆရာတော်အရှင်သူမြတ်တို့အား ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးလှူဒါန်းထောက်ပံ့ခြင်းတို့ပြုလုပ်လျက်ရှိကြသည်ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071