Home Movies ​ဂျပန် Knock Out ပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် ရိုးရာဖိုက်တာ(၃) ဦး ဆေးစစ်ဝိတ်ချိန်အောင်မြင်၊ မနက်ဖြန် စတင်ထိုးသ တ်မည်

​ဂျပန် Knock Out ပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် ရိုးရာဖိုက်တာ(၃) ဦး ဆေးစစ်ဝိတ်ချိန်အောင်မြင်၊ မနက်ဖြန် စတင်ထိုးသ တ်မည်

0
89

​ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပမည့် Knock Outမွေထိုင်းပြိုင်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်ကြမည့် မြန်မာ့ရိုးရာလက်ဝှေ့ကျော်(၃)ဦးစလုံး ဆေးစစ်ဝိတ်ချိန်ခြင်းလုပ်ငန်းစဉ်များကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်ကြောင်း ယနေ့တွင် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်က အသိ ပေးထားသည်။

မြန်မာရိုးရာဖိုက်တာများဖြစ်ကြသည့် စူပါရေချမ်း၊ စောဘဟိန်းနှင့် ဒေါင်းမိုက်သွေးတို့သည် သတ်မှတ်ဝိတ်အတိုင်း အသီးသီး အောင်မြင်ခဲ့ကြပြီး ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်ပြီဟု အဖွဲ့ချုပ်က ဆိုသည်။

ပြိုင်ပွဲကို မနက်ဖြန်မေ (၁၅)ရက်၌ ကျင်းပသွားမည်ဖြစ်ကာ ​ထိုးသတ်မည့်အတွဲဆိုင်းများအဖြစ် စူပါရေချမ်းနှင့် ကွန်နာပါ (ထိုင်း)(၆၃ ကီလိုတန်း)၊ ​စောဘဟိန်းနှင့် ရှီဂျီမိုရီ (ဂျပန်) (၆၃ ကီလိုတန်း)၊​ဒေါင်းမိုက်သွေးနှင့် ဝါတာနာဘေး (ဂျပန်)(၅၁ ကီလိုတန်း)တို့ယှဉ်ပြိုင်ကြမည်ဖြစ် သည်။

​အဆိုပါ ပွဲစဉ်များကို မေလ (၁၅) ရက် (မနက်ဖြန်)၊ မြန်မာစံတော်ချိန် ညနေ (၃) နာရီခွဲအချိန်မှစတင်၍ Skynet ရုပ်သံချန်နယ် (Channel 9) တွင် တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here