Thursday, May 14, 2026

မော်လမြိုင်မြို့၌ လှိုင်ရတနာမြို့ကွက်သစ်ရေပေးဝေရေးစီမံကိန်းဖော်ဆောင်နေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်နေထိုင်သူများ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာရရှိရန်အတွက် လှိုင်ရတနာမြို့ကွက်သစ်ရေပေးဝေရေးစီမံကိန်းကိုဖော်ဆောင်လျက်ရှိသည်။ ထိုသို့ ဖော်ဆောင်နေမှုအား မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဒေါက်တာအောင်မြတ်ကျော်စိန်နှင့် တာဝန်ရှိသူများက ယနေ့ မေ ၁၄ ရက်တွင် စီမံကိန်းဧရိယာအတွင်း...

​ဂျပန် Knock Out ပြိုင်ပွဲတွင်...

​ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပမည့် Knock Outမွေထိုင်းပြိုင်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်ကြမည့် မြန်မာ့ရိုးရာလက်ဝှေ့ကျော်(၃)ဦးစလုံး ဆေးစစ်ဝိတ်ချိန်ခြင်းလုပ်ငန်းစဉ်များကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်ကြောင်း ယနေ့တွင် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်က အသိ ပေးထားသည်။ မြန်မာရိုးရာဖိုက်တာများဖြစ်ကြသည့်...

မိုးဦးကာလ ရောက်ရှိလာခြင်းကြောင့် ကျိုက်ထိုမြို့နယ် ရပ်ကွက်များအတွင်း...

မိုးဦးကာလ ရောက်ရှိလာခြင်းကြောင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ရပ်ကွက်များအတွင်း အဘိတ်ဆေးခပ်များ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနထံက သိရသည်။ ယနေ့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြို တင်ကာကွယ်ရေးအနေဖြင့်ရပ်ကွက်များအတွင်း တစ်အိမ်တက်...

ခုံးကျော်တံတားများရှိ စက်လှေကားများ ပြန်လည်ပြင်ဆင်ပေးရန် ရန်ကုန်မြို့ခံများလိုလား

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် လူကူးမျဉ်းကြားများ၊ ခုံးကျော်တံတားများနှင့် မြေအောက်လမ်းများမှ စနစ်တကျ ကူးသန်းသွားလာရေး အသိပညာပေးလုပ်ငန်းများကို ယခုလအတွင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ အသိပညာပေးအစီအစဉ်ကို မေ ၇...
HomeMoviesစက်ရုံပိုင်ရှင်ထွက်ပြေး၍ ဒုက္ခရောက်နေရသည့် မြန်မာအလုပ်သမားများ ...

စက်ရုံပိုင်ရှင်ထွက်ပြေး၍ ဒုက္ခရောက်နေရသည့် မြန်မာအလုပ်သမားများ  WAG ကကူညီပေးနေ

ထိုင်းနိုင်ငံ၊ ဘန်ဘောရှိ အထည်ချုပ် စက်ရုံပိုင်ရှင်ထွက် ပြေးသွား၍ CI / PJ စာအုပ်များကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား(၁၅၀)ဦးခန့်မှာ အခက်အခဲများကြုံတွေ့နေရကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရသည်။

အဆိုပါ အထည်ချပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား(၁၅၀)ဦးခန့်အား စက်ရုံပိုင်ရှင်က ယမန်နေ့ မေ ၁၃ ရက်ညနေ ၅ နာရီတွင် ၎င်းတို့၏ လုပ်ခလစာများကိုရှင်းပေးမည်ဟု ယင်းနေ့နံနက်ပိုင်းက ဆက်သွယ်ပြောကြားပြီးနောက် ထွက်ပြေးတိမ်း ရှောင်သွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စက်ရုံ၌အလုပ်လုပ်ကိုင်နေသည်မှာ (၁)နှစ်မှ (၅)နှစ်ခန့်အထိရှိကြပြီဖြစ်သော မြန်မာအလုပ်သမား (၁၅၀)ဦးခန့်မှာ အခက်အခဲများကြုံတွေ့နေရသဖြင့် ကူ ညီပေးပါရန် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံဆက်သွယ်အကူအညီတောင်းခံခဲ့ကြကြောင်း သိရသည်။

ထိုသို့ အကူအညီတောင်းခံမှုကြောင့် လုပ်ခလစာရှင်းမပေးခြင်း၊ အလုပ်သမားအခွင့်အ‌ရေးချိုးဖောက်ခြင်းတို့ကြောင့် အလုပ်သမားအခွင့်အရေးနှင့် လုပ်ခလစာများပြန်လည်ရရှိရန်အတွက် WAG အလုပ်သမားမဟာမိတ်အဖွဲ့ကလိုအပ်သည့်ကူညီမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မော်လမြိုင်မြို့၌ လှိုင်ရတနာမြို့ကွက်သစ်ရေပေးဝေရေးစီမံကိန်းဖော်ဆောင်နေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်နေထိုင်သူများ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာရရှိရန်အတွက် လှိုင်ရတနာမြို့ကွက်သစ်ရေပေးဝေရေးစီမံကိန်းကိုဖော်ဆောင်လျက်ရှိသည်။ ထိုသို့ ဖော်ဆောင်နေမှုအား မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဒေါက်တာအောင်မြတ်ကျော်စိန်နှင့် တာဝန်ရှိသူများက ယနေ့ မေ ၁၄ ရက်တွင် စီမံကိန်းဧရိယာအတွင်း ရေပိုက်လိုင်းများသွယ် တန်းနေမှု၊ မြေကျင်းတူးဖော်နေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် မွန်ပြည်နယ်စည်ပင်ဝန်ကြီးမှ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည့်မီရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးတို့ကိုမှာကြားခဲ့သည်။

​ဂျပန် Knock Out ပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် ရိုးရာဖိုက်တာ(၃) ဦး ဆေးစစ်ဝိတ်ချိန်အောင်မြင်၊ မနက်ဖြန် စတင်ထိုးသ တ်မည်

​ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပမည့် Knock Outမွေထိုင်းပြိုင်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်ကြမည့် မြန်မာ့ရိုးရာလက်ဝှေ့ကျော်(၃)ဦးစလုံး ဆေးစစ်ဝိတ်ချိန်ခြင်းလုပ်ငန်းစဉ်များကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်ကြောင်း ယနေ့တွင် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်က အသိ ပေးထားသည်။ မြန်မာရိုးရာဖိုက်တာများဖြစ်ကြသည့် စူပါရေချမ်း၊ စောဘဟိန်းနှင့် ဒေါင်းမိုက်သွေးတို့သည် သတ်မှတ်ဝိတ်အတိုင်း အသီးသီး အောင်မြင်ခဲ့ကြပြီး ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်ပြီဟု အဖွဲ့ချုပ်က ဆိုသည်။ ပြိုင်ပွဲကို မနက်ဖြန်မေ (၁၅)ရက်၌ ကျင်းပသွားမည်ဖြစ်ကာ ​ထိုးသတ်မည့်အတွဲဆိုင်းများအဖြစ် စူပါရေချမ်းနှင့် ကွန်နာပါ (ထိုင်း)(၆၃ ကီလိုတန်း)၊ ​စောဘဟိန်းနှင့် ရှီဂျီမိုရီ (ဂျပန်) (၆၃ ကီလိုတန်း)၊​ဒေါင်းမိုက်သွေးနှင့် ဝါတာနာဘေး (ဂျပန်)(၅၁ ကီလိုတန်း)တို့ယှဉ်ပြိုင်ကြမည်ဖြစ်...

မိုးဦးကာလ ရောက်ရှိလာခြင်းကြောင့် ကျိုက်ထိုမြို့နယ် ရပ်ကွက်များအတွင်း အဘိတ်ဆေးခပ်ခြင်းများ စတင်

မိုးဦးကာလ ရောက်ရှိလာခြင်းကြောင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ရပ်ကွက်များအတွင်း အဘိတ်ဆေးခပ်များ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနထံက သိရသည်။ ယနေ့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြို တင်ကာကွယ်ရေးအနေဖြင့်ရပ်ကွက်များအတွင်း တစ်အိမ်တက် တစ်အိမ်ဆင်းစနစ်ဖြင့် ရေတင်ကျန်နိုင်သည့် နေရာတိုင်းတွင် အဘိတ်ဆေးခတ်ခြင်း၊ဆေးစိမ်ခြင်ထောင်များ စနစ်တကျ သုံးစွဲရန် ပညာပေးခြင်း၊ "ဖုံး၊ သွန်၊ လဲ၊ စစ်" လုပ် ငန်းစဉ်များဖြင့် ခြင်ကျားအန္တရာယ်ကို ကာကွယ်ရန် တိုက်တွန်းခြင်းများကိုအသိပညာပေးဝေခဲ့ကြကြောင်း သိရသည်။ မိုးရာသီအတွင်း သွေးလွန်တုပ်ကွေးရော ဂါ ကင်းစင်သည့် ပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ကျန်း မာရေးဝန်ထမ်းများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071