Home Movies ​ချောင်းသာသစ်တောကြိုးဝိုင်းအတွင်း သားအမိ (၂) ဦး အသတ်ခံရမှုနှင့် ပတ် သက်၍ မသင်္ကာသူအမျိုးသား (၂)ဦးကို ဖမ်းဆီးစစ်ဆေးနေ

​ချောင်းသာသစ်တောကြိုးဝိုင်းအတွင်း သားအမိ (၂) ဦး အသတ်ခံရမှုနှင့် ပတ် သက်၍ မသင်္ကာသူအမျိုးသား (၂)ဦးကို ဖမ်းဆီးစစ်ဆေးနေ

0
98

ချောင်းသာမြို့၊ ကံကြီးကျေးရွာအုပ်စု၊ ဆိပ်ကြီးကျေးရွာ၊ ငှက်ပျောခင်းစု၊ ချောင်းသာ သစ်တောကြိုးဝိုင်း၊ အောင်ကောင်းချောင်းဖျား(ဒေသအခေါ်)၊ ယမနေစိုက်ခင်း၊ အကွက် အမှတ်(၄)အ စပ်တွင် အမျိုးသမီး(၁)ဦးနှင့် ကလေးငယ်(၁)ဦး ဒဏ်ရာများဖြင့် သေဆုံး နေကြောင်းသိရသည်။

အဆိုပါသတင်းအရ ချောင်းသာနယ်မြေရဲစခန်းမှ နယ်မြေစခန်းမှူး ရဲအုပ် မျိုးကိုကိုဦးဆောင်သောအဖွဲ့သည် ကံကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်အေး၊ ရာအိမ်မှူး ဦးကျော်မင်း၊ ဦးသန့်ဇော်လင်းတို့ ပါဝင်သောအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ရာ အခင်းဖြစ်တဲပေါ်တွင် အမျိုးသမီး(၁)ဦးနှင့် ကလေးငယ်(၁)ဦးမှာ လဲကျသေဆုံးနေကြောင်း သိရသည်။

ထို့ပြင် သေဆုံးသူအမျိုးသမီး၏ သားအကြီး အောင်မြင့်ကျော်မှာ လည်ပင်းပြတ်ရှဒဏ်ရာ (၁)ချက်ဖြင့်အသက်မသေပဲကျန်ရှိနေရာ ချောင်းသာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်​ဆေးကုသရန်စီမံပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား ဆက်လက်စုံစမ်းခဲ့ရာ သေဆုံးသူအမျိုးသမီးမှာ ဇာဇာ(၂၇)နှစ်၊ (ဘ)ဦး တင်ဦးလွင်၊ ကျဘမ်း၊ အောင်ကောင်းချောင်းဖျား၊ ဆိပ်ကြီးကျေးရွာ၊ ကံကြီး ကျေးရွာအုပ်စု၊ ချောင်းသာမြို့နှင့် သေဆုံးသူကလေးငယ်မှာ အောင်ထက်ကို၊ (၁)နှစ်၊ (ဘ)ဦးမောင်ချို၊ မှီခို၊ အောင်ကောင်းချောင်းဖျား၊ ဆိပ်ကြီးကျေးရွာ၊ ကံကြီးကျေးရွာ အုပ်စု၊ ချောင်းသာမြို့၊ ဒဏ်ရာရရှိသူ ကလေးငယ်မှာ အောင်မြင့်ကျော်၊ (၃)နှစ်၊ (ဘ)ဦးမောင်ချို၊ မှီခို၊ အောင်ကောင်းချောင်းဖျား၊ ဆိပ်ကြီးကျေးရွာ၊ ကံကြီးကျေးရွာ အုပ်စု၊ ချောင်းသာမြို့နေသူအား ရဲဆေးစာဖြင့် ချောင်းသာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ကြောင်းနှင့် သေဆုံးရသည့် အကြောင်းအရင်းဖြစ်စဥ်အား ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်၍ ကံကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်အေးမှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ချောင်းသာနယ်မြေစခန်းတွင် (ပ)၇/၂၀၂၆၊ ရာကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိပြီး တရားခံများ ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါအမှုမှတရားခံအား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်စုံစမ်း ဖော်ထုတ်ခဲ့ရာ အမှုဖြင့် မသင်္ကာသူနှစ်ဦးအား ဖမ်းမိထားကြောင်း သိရသည်။

၄င်းတို့မှာ ဦးနိုင်ဝင်းဌေး(ခ)နှုတ်ခမ်းမွှေး၊ အသက် ၃၇နှစ်၊ (ဘ)ဦးပုံတုံ၊ ၁၄/ငဆန(နိုင်)၀၁၁၂၅၈၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်း၊ ဆိပ်ကြီး ကျေးရွာ၊ ကံကြီးကျေးရွာအုပ်စု၊ ချောင်းသာမြို့နေသူနှင့် ငြိမ်းချမ်းဦး၊ (၃၂)နှစ်၊(ဘ) ဦးမောင်ချို၊ဗမာ/ဗုဒ္ဓ၊ ကျဘမ်း ဆိပ်ကြီး ကျေးရွာ၊ ချောင်းသာမြို့နေသူတို့(၂)ဦးအား မေလ ၃ ရက်နေ့တွင် ဖမ်းဆီး၍ အသေးစိတ် စုံစမ်းစစ်ဆေးရန်အတွက် ချုပ်ရီမန်ရယူရန် စီစဥ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here