ဖားကန့်၊ ဇူလိုင် ၂၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အင်းတော်ချောင်းနှင့် နန့်ကောင်းချောင်းတို့၏ ရေမြင့်တက်လာသဖြင့် ဇူလိုင် ၂၁ ရက်တွင် ကာမိုင်းမြို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အင်းတော်ချောင်းနှင့် နန့်ကောင်းချောင်းတို့၏ ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် မွန်းလွဲ ၂ နာရီခန့်မှစတင်၍ ကာမိုင်းမြို့ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ရေဝင်ရောက်မှုကြောင့် ထိခိုက်သည့် နေအိမ်များမှ ပြည်သူများကို မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက ဘေးလွတ်ရာဖြစ်သည့် မြို့မဘုန်းတော်ကြီးကျောင်း နှင့် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း တို့သို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
