Thursday, September 3, 2026

ဆန်စပါးကဏ္ဍ စက်သုံးဆီလိုအပ်ချက် အချိန်နှင့်တစ်ပြေးညီ ဖြည့်တင်းနိုင်ရေး...

ရန်ကုန်၊ စက်တင်ဘာ ၃မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လယ်ယာကဏ္ဍ စက်သုံးဆီလိုအပ်ချက်များကို ပူးပေါင်းညှိနှိုင်းဖြည့်တင်းနိုင်ရေးအတွက် Memorandum of Agreement...

နီပေါနိုင်ငံရေဘေးကြောင့် ‌ေ-သဆုံးပျ-က်စီးခဲ့ရမှုများအတွက် MOFA ဒု-ဝန်ကြီးက...

ပြီးခဲ့သည့် သြဂုတ် ၂၆ ရက်က နီပေါနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ရုတ်တရက်ရေကြီးရေလျှံမှုဖြစ်စဥ်၌ ‌ေ-သဆုံးပျ-က်စီးခဲ့ရမှုများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးနိုင်မင်းကျော်က မြန်မာအစိုးရ(ကိုယ်စား) ဝမ်းနည်းကြောင်းမှန်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ...

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် အိန္ဒိယနိုင်ငံ သား(၄)ဦးကိုပြန်လည်ပို့ဆောင် (၄)နှစ်ကျော်အတွင်း...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် ဆက်စပ်ပါဝင်ခဲ့သော အိန္ဒိယနိုင်ငံသား(၄)ဦးကို စက်တင်ဘာ ၂ ရက်က အိန္ဒိယနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးထံမှ သိရသည်။ အဆိုပါ အိန္ဒိယနိုင်ငံသား(၄)ဦးကို...

အိမ်ရှင် မြန်မာအသင်းက ဘရူနိုင်းအသင်းကို ၇...

ရန်ကုန်၊ စက်တင်ဘာ ၃ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် AFC U20 Asian Cup China 2027 (Qualifiers)ပွဲစဉ်များ ကျင်းပလျက်ရှိပြီး ယနေ့...
HomeNewsLocal Newsချင်းပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် ကျပ်ဘီလီယံ...

ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် ကျပ်ဘီလီယံ ၄၀ ကျော် ကျသင့်မည်ဟုခန့်မှန်း

ဟားခါး၊ စက်တင်ဘာ ၃

ချင်းပြည်နယ် ဖလမ်းနှင့် တွန်းဇံမြို့များကို ၂၀၂၆ ခုနှစ် မေလအတွင်း တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်၏ အထူးလုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာနှင့် အများပြည်သူဆိုင်ရာ ပြန်လည်ထူထောင်ရေးအတွက် ကျပ်ဘီလီယံ ၄၀ ကျော် ကျသင့်မည်ဟု ခန့်မှန်းထားကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ပြောကြားလိုက်သည်။

ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ စက်တင်ဘာလ ၂ ရက်တွင် ကျင်းပသည့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဖလမ်းမြို့တွင် ၃၀ ရာခိုင်နှုန်း၊ တီးတိန်မြို့တွင် ၆၁ ရာခိုင်နှုန်းနှင့် တွန်းဇံမြို့တွင် ၄၆ ရာခိုင်နှုန်း အသီးသီး ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က အဆိုပါအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါ မြို့ ၃ မြို့ရှိ ဆက်သွယ်ရေးစခန်းများအတွက် ဆက်သွယ်ရေးပစ္စည်းများနှင့် ပြည်သူ့ဆေးရုံများအတွက် ဓာတ်မှန်စက်များ ကလေးမြို့သို့ ရောက်ရှိနေပြီဖြစ်၍ သက်ဆိုင်ရာမြို့များသို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ချင်းပြည်နယ်ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆန်စပါးကဏ္ဍ စက်သုံးဆီလိုအပ်ချက် အချိန်နှင့်တစ်ပြေးညီ ဖြည့်တင်းနိုင်ရေး MRF အသင်းဝင်ကုမ္ပဏီ ၄၁ ခုနှင့် DENKO Trading Co., Ltd တို့ MoA လက်မှတ်ရေးထိုး

ရန်ကုန်၊ စက်တင်ဘာ ၃မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လယ်ယာကဏ္ဍ စက်သုံးဆီလိုအပ်ချက်များကို ပူးပေါင်းညှိနှိုင်းဖြည့်တင်းနိုင်ရေးအတွက် Memorandum of Agreement (MoA) လက်မှတ်ရေးထိုးခြင်း အစီအစဉ်ကို စက်တင်ဘာ ၁ ရက်တွင် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် ဆန်ပြည်ပတင်ပို့မှု မြှင့်တင်ရေး၊ အသင်းချုပ်၏ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဆန်စပါးစိုက်ပျိုးခြင်း၊ ကြိတ်ခွဲထုတ်လုပ်ခြင်းနှင့် ပြည်တွင်းပြည်ပ ဈေးကွက်များသို့ တင်ပို့ဖြန့်ဖြူးခြင်း လုပ်ငန်းများတွင် လိုအပ်သည့် စက်သုံးဆီများကို...

နီပေါနိုင်ငံရေဘေးကြောင့် ‌ေ-သဆုံးပျ-က်စီးခဲ့ရမှုများအတွက် MOFA ဒု-ဝန်ကြီးက မြန်မာအစိုးရ(ကိုယ်စား) ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင်လက်မှတ်ထိုး

ပြီးခဲ့သည့် သြဂုတ် ၂၆ ရက်က နီပေါနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ရုတ်တရက်ရေကြီးရေလျှံမှုဖြစ်စဥ်၌ ‌ေ-သဆုံးပျ-က်စီးခဲ့ရမှုများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးနိုင်မင်းကျော်က မြန်မာအစိုးရ(ကိုယ်စား) ဝမ်းနည်းကြောင်းမှန်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံရုံးတွင် ဖွင့်လှစ်ထားသော ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ ယနေ့ စက်တင်ဘာ ၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် နီပေါနိုင်ငံသံအမတ်ကြီးအားတွေ့ဆုံ၍ နီပေါနိုင်ငံတွင် ရုတ်တရက်ရေကြီးရေလျှံမှုကြောင့် လူပေါင်းများစွာ အသက်အိုးအိမ်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့မှုအပေါ် မြန် မာနိုင်ငံတော်အစိုးရကိုယ်စားဝမ်းနည်းပြီး စာနာထောက်ထားသည်ဟု ပြောကြားခဲ့သည်။

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် အိန္ဒိယနိုင်ငံ သား(၄)ဦးကိုပြန်လည်ပို့ဆောင် (၄)နှစ်ကျော်အတွင်း (၂,၅၀၀)ဦးကျော်ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် ဆက်စပ်ပါဝင်ခဲ့သော အိန္ဒိယနိုင်ငံသား(၄)ဦးကို စက်တင်ဘာ ၂ ရက်က အိန္ဒိယနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးထံမှ သိရသည်။ အဆိုပါ အိန္ဒိယနိုင်ငံသား(၄)ဦးကို ရန်ကုန်မြို့မှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှစ၍ လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံ သား(၂,၅၂၅)ဦးကိုပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071