စစ်ကိုင်းတိုင်းရှိ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့ ၏စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်ရောက်ရှိနေကာ အနိမ့်ပိုင်းရပ်ကွက်/ကျေးရွာများအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ယနေ့ နေ့လည် ၁ နာရီတွင်တိုင်းထွာရရှိချက်အရ ချင်း တွင်းမြစ်ရေသည် ဖောင်းပြင်မြို့၏စိုးရိမ်ရေမှတ် (၁,၃၂၅)စင်တီမီတာအထက် (၁,၃၅၀)စင်တီမီတာသို့ကျော်လွန်ရောက်ရှိနေ၍ အနိမ့်ပိုင်းများဖြစ်သော မြို့ပေါ်ရပ်ကွက်/ကျေးရွာများ၌ရေဝင်ရောက်မှုဖြစ်ပေါ်လျက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဒေသခံများအသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအ တွက် သတိပြုနေထိုင်ကြရန်နှင့် အရေးပေါ်အကူအညီများလိုအပ်ပါက အကူအညီများပေးနိုင်ရေးအတွက် စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
