Saturday, May 30, 2026

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊...

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့...

ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များကို နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ပြီးနောက် မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းရှိ...
HomeNewsLocal Newsကြယ်ငါးပွင့် အဆင့်ရှိ နိုင်ငံခြားသားပိုင်...

ကြယ်ငါးပွင့် အဆင့်ရှိ နိုင်ငံခြားသားပိုင် Luxury Cruise ဗိုလ်တထောင် ဆိပ်ကမ်းတွင် ရေပေါ်ဟိုတယ် အဖြစ် ဖွင့်လှစ်မည်

ကြယ်ငါးပွင့် အဆင့်ရှိ နိုင်ငံခြားသားပိုင် Luxury Cruise ဗိုလ်တထောင် ဆိပ်ကမ်းတွင် ရေပေါ်ဟိုတယ် အဖြစ် ဖွင့်လှစ်မည်

ယခင်က ဧရာဝတီမြစ်အတွင်း စုန်ဆန်စီးမျောပြီး အင်းဝတွင် ရေပေါ်ဟိုတယ်အဖြစ် ဖွင့်လှစ်ထားသည့်Sanctuary Ananda သင်္ဘောသည် ယခုလက်ရှိတွင် ရန်ကုန်မြို့ ဗိုလ်တထောင် ဆိပ်ခံတံတား အမှတ် ၂ တွင် ကျောက် ချရပ် နားပြီးရေပေါ်ဟိုတယ် အဖြစ် ဖွင့်လှစ် သွားမည်ဖြစ် ကြောင်း ယင်းရေပေါ်ဟိုတယ်၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဇိမ်ခံ သင်္ဘော သည် ပြီးခဲ့သည့် နှစ်နှစ်ကျော် သုံးနှစ်နီးပါး ရပ်နားခဲ့ပြီးနောက် ယခုနှစ် မတ်လ ပိုင်းမှ စတင်ကာ အင်းဝမြို့တွင် ရေပေါ်ဟိုတယ် အဖြစ် ဖွင့်လှစ်ခဲ့ပြီး စျေးကွက်အရတွက်ချေမကိုက်သဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ဗိုလ်တထောင် ဆိပ်ကမ်းတွင် ရေပေါ်ဟိုတယ် အဖြစ် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

“အမတို့ အခု ဗိုလ်တထောင် မှာ သင်္ဘော က ရောက်နေပြီ။ ရန်ကုန်ဆိုတော့ Market ပို ကျယ်မယ်လို့ ယူဆရပါတယ်။ အခုလတ်တလောတော့ ကုမ္ပဏီ တွေ ဘက်က Meeting တို့ Dinner တို့ ကမ်းလှမ်းလာတာတွေ ရှိပါတယ်။ အမတို့ သင်္ဘော ပေါ်မှာ ဝန်ထမ်း ၆၀ ကျော် ရှိတယ် ။ ဝင်ငွေနည်းလည်း အမတို့ ဝန်ထမ်းတွေ ကို မထုတ်ဖြစ်ဘူး။ အမြတ်ထက် ပုံမှန်လေး လည်ပတ်နိုင်ဖို့ပဲ အဓိကမို့ အခုလို အင်းဝကနေ ရန်ကုန်ကို ရောက် လာခဲ့တာဖြစ်တယ် “ဟု ယင်းရေပေါ်ဟိုတယ် ၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သင်္ဘော ပေါ်၌ အခန်းပေါင်း(၂၁ )ခန်း ရှိပြီး လက်ရှိတွင် နှစ်ယောက် အိပ်ခန်းတစ်ခန်း ကို တစ်ညလျှင် အမေရိကန် ဒေါ်လာ (၅၅) မှ စတင်ကာ သတ်မှတ်ထား​ကြောင်း သိရသည်။

ထို့ပြင် Sanctuary Ananda Luxury Cruise မှ စနေနေ့တိုင်း ညနေ ၄ နာရီ မှ ည ၇ နာရီ ထိ ရန်ကုန်မြစ်တွင်း ပြေးဆွဲ ပေးကာ နေဝင်ဆည်းဆာ ကြည့်ပြီး Sunset & Wine Sailing Package ကို ရောင်းချပေးနေပြီး Ticket တစ်စောင်လျှင် အမေရိကန် ဒေါ်လာ ၄၀ မှ သတ်မှတ် ထားကြောင်း သိရသည်။

အဆိုပါ သင်္ဘောသည် UK အခြေစိုက်ကုမ္ပဏီ ဖြစ်သည့် Sanctuary Retreats မှ ပြေးဆွဲ သည့် Sanctuary Ananda Cruise ဖြစ်ပြီး ယင်းကုမ္ပဏီပိုင် သင်္ဘော များမှာ အီဂျစ် နှင့် တရုတ် တွင် ပြေးဆွဲပေးနေပြီး မြန်မာနိုင်ငံ တွင် Ananda တစ်စီးသာ ပြေးဆွဲနေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုသည် ညနေ ၄ နာရီ ၃၆ မိနစ် ၄၈ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမှဝန်ထမ်းများနှင့် ပညာတော်သင်များကိုတွေ့ဆုံ

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို မြန်မာသံရုံး၌တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာသံရုံး၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်လက်မှတ်ရေးထိုးပြီး ဩဝါဒစ ကားပြောကြားကာအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတည်ခင်းဧည့်ခံသည့် ညစာစားပွဲကို တက်ရောက်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့ မေ ၃၀ ရက်တွင် လာရောက် ဂါရဝပြုတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးတို့ သည် နှစ်နိုင်ငံအကျိုးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071