ကချင်ပြည်နယ်၊ ပူတာအို ခရိုင်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပစ္စည်းများကို မြစ်ကြီးနားလေဆိပ်မှ တဆင့် တပ်မတော်လေယာဉ်ဖြင့် ပေးပို့ခဲ့သည်။
ပညာရေးဝန်ကြီးဌာနက ကချင်ပြည်နယ်အတွင်းရှိ ကျောင်းအပ်နှံရေးအစီအစဉ်တွင် ကျောင်း သား၊ ကျောင်းသူများအား အခမဲ့ထောက်ပံ့နိုင်ရေး နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် မန္တလေး-မြစ်ကြီးနားလမ်းအတိုင်း ပေးပို့လာသော ယာဉ်တန်းမှပါဝင်ခဲ့သည့် ကျောင်းပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်နှင့်စာရေးကိရိယာများအား တပ်မတော် လေယာဉ်ဖြင့် ပေးပို့ခဲ့ကြခြင်းလည်း ဖြစ်သည်။
