Thursday, May 14, 2026

ဌက်အော်စမ်းလူငယ်သင်တန်း‌ကျောင်းတွင် လူငယ် ၄၀၉ ဦးကို...

ကလေးများသည် အနာဂတ်ကို ပုံဖော်ကြမည့်သူများဖြစ်သောကြောင့် စနစ်တကျနှင့် ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးရန် ဒုဝန်​ကြီးပြော ရန်ကုန်တိုင်းဒေသကြီး ဌက်အော်စမ်း လူငယ်သင်တန်းကျောင်းတွင်း လူငယ် (၄၀၉) ဦးကို ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းသိရသည်။ ကော့မှူးမြို့နယ် ဌက်အော်စမ်းသင်တန်းကျောင်းတွင် ...

လူကူးမျဉ်းကြား၊ ခုံးကျော်တံတားနှင့် မြေအောက်လမ်းမှ ကူးသန်းသွားလာရန်...

လူကူးမျဉ်းကြား၊ ခုံးကျော်တံတားနှင့် မြေအောက်လမ်းမှ ကူးသန်းသွားလာရန် အသိပညာပေးမှုကာလ တစ်ပတ်တိုးမြှင့်ပေးထားကြောင်း သိရသည်။ အသိပညာ‌ပေးမှုကို မေ ၇ ရက်က စတင်၍ တစ်ပတ်ပြုလုပ်ခဲ့ပြီးနောက် ယနေ့...

ကျိုင်းတုံမြို့တွင် ရွှေဆိုင်ပိုင်ရှင်အားနတ်‌ေ-သနတ်ဖြင့်ပ-စ်ခတ်ပြီး ရွှေနှင့် ကားကိုဓားမြတို-က်ယူဆောင်သွား...

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် ရွှေဆိုင်ပိုင်ရှင်အား ‌ေ-သနတ်ဖြင့်ပ-စ်ခတ်ပြီး ရွှေနှင့် ကားကိုဓားမြတို-က်ယူ ဆောင်သွားခဲ့မှု မေ ၁၆ ရက်နေ့လည် ၁ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကျိုင်းတုံမြို့...

ရန်ကုန်နှင့် မန္တလေး ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများအတွက်...

ရန်ကုန်တိုင်းဒေသကြီးရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာနှင့် မန္တလေးတိုင်းဒေသကြီးရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာတို့၏ အခန်းဖွဲ့ကာရံခြင်းလုပ်ငန်းများအတွက် မြန်မာနိုင်ငံသား တိုင်းရင်းသားလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ အဆိုပါလုပ်ငန်းများကို...
HomeNewsLocal Newsကျောင်းကုန်းမြို့နယ်တွင် Football For...

ကျောင်းကုန်းမြို့နယ်တွင် Football For School စီမံကိန်း စတင်အကောင်အထည်ဖော်၊ မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်နိုင်ရေး ရည်မှန်း

ကျောင်းကုန်းမြို့နယ် အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများကို Pilot Project အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့် တာဝန်ရှိသူများသည် ကျောင်းကုန်းမြို့နယ်အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုကို မေ ၁၃ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျောင်းကုန်းမြို့နယ်တွင် တည်ဆောက်မည့် မိုးလုံလေလုံအားကစားရုံအတွက် မြေနေရာများကိုလည်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက Football For School Program ကို Pilot Project အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများသည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ လူငယ်လူရွယ်များ၏ ကိုယ်လက်ကြံ့ခိုင်မှု တိုးတက်ရေးနှင့် တိုင်းဒေသကြီး၏ အားကစားအဆင့်အတန်း မြင့်မားလာစေရေးအတွက် အရေးကြီးကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် မျိုးဆက်သစ်အားကစားသမားများ ပိုမိုမွေးထုတ်နိုင်ရေးအတွက် ဘောလုံး၊ ရေကူး၊ ပြေးခုန်ပစ်နှင့် ကိုယ်ခံပညာရပ်များအပါအဝင် အခြားအားကစားနည်းများကို အခြေခံပညာကျောင်းများတွင် အားကစားနည်းအလိုက် အခြေခံသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းစီစဉ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျောင်းကုန်းမြို့နယ် အားကစားကွင်းနှင့် အလျား ၁၂၀ ပေ၊ အနံ ၉၀ ပေရှိ မိုးလုံလေလုံအားကစားရုံ တည်ဆောက်မည့် မြေနေရာတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်းနှင့် အားကစားရုံများ ရေရှည်တည်တံ့စေရေး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဌက်အော်စမ်းလူငယ်သင်တန်း‌ကျောင်းတွင် လူငယ် ၄၀၉ ဦးကို စောင့်ရှောက်ထား

ကလေးများသည် အနာဂတ်ကို ပုံဖော်ကြမည့်သူများဖြစ်သောကြောင့် စနစ်တကျနှင့် ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးရန် ဒုဝန်​ကြီးပြော ရန်ကုန်တိုင်းဒေသကြီး ဌက်အော်စမ်း လူငယ်သင်တန်းကျောင်းတွင်း လူငယ် (၄၀၉) ဦးကို ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းသိရသည်။ ကော့မှူးမြို့နယ် ဌက်အော်စမ်းသင်တန်းကျောင်းတွင်  ကလေးသူငယ်တရားရုံးများမှ ပေးပို့သော အသက် (၁၂) နှစ်မှ (၁၈) နှစ်အထိ  ယောင်္ကျားလေး ၃၇၆ ဦးနှင့် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေး ၃၃ ဦးတို့ကို လက်ခံစောင့်ရှောက်ထားခြင်းဖြစ်ကြောင်း သိရသည်။ “ကလေးများသည် အနာဂတ်ကိုပုံဖော်ကြမည့်သူများဖြစ်သောကြောင့် စနစ်တကျနှင့် ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးရန်လိုကြောင်း၊ ကလေးတစ်ဦးချင်းစီ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အုပ်စုလိုက်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အနားယူအပန်းဖြေခြင်းနှင့် ပျော်ပွဲရွှင်ပွဲအစီအစဉ်များကိုလည်း ပိုမိုဆောင်ရွက်ပေးစေလိုကြောင်းလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန...

လူကူးမျဉ်းကြား၊ ခုံးကျော်တံတားနှင့် မြေအောက်လမ်းမှ ကူးသန်းသွားလာရန် အသိပညာပေးမှုကာလ တစ်ပတ်ထပ်မံတိုးမြှင့်

လူကူးမျဉ်းကြား၊ ခုံးကျော်တံတားနှင့် မြေအောက်လမ်းမှ ကူးသန်းသွားလာရန် အသိပညာပေးမှုကာလ တစ်ပတ်တိုးမြှင့်ပေးထားကြောင်း သိရသည်။ အသိပညာ‌ပေးမှုကို မေ ၇ ရက်က စတင်၍ တစ်ပတ်ပြုလုပ်ခဲ့ပြီးနောက် ယနေ့ မေ၁၄ တွင် တစ်ပတ် ထပ်မံတိုးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။ ယင်းရက်သတ္တပတ်ကျော်လွန်ပြီးပါက စတင်အရေးယူမှုများ ရှိလာမည်ဟုလည်း သိရသည်။ လက်တလော၌ အသိပညာပေးမှုများကို ရန်ကုန်မြို့ရှိ လမ်းဆုံ၊ လမ်းခွနှင့် လူကူးကုန်းကျော်တံတားများရှိသည့်နေရာများနှင့် အခြားမြို့နယ်များရှိ လူစည်ကားရာ မီးပွိုင့်များတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ YRTC နှင့် အခြားဌာနဆိုင်ရာတို့မှ ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။ ဓာတ်ပုံ=ပေါ်ပြူလာနယူးစ်

ကျိုင်းတုံမြို့တွင် ရွှေဆိုင်ပိုင်ရှင်အားနတ်‌ေ-သနတ်ဖြင့်ပ-စ်ခတ်ပြီး ရွှေနှင့် ကားကိုဓားမြတို-က်ယူဆောင်သွား ရွှေဆိုင်ပိုင်ရှင်‌ေ-သဆုံး

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် ရွှေဆိုင်ပိုင်ရှင်အား ‌ေ-သနတ်ဖြင့်ပ-စ်ခတ်ပြီး ရွှေနှင့် ကားကိုဓားမြတို-က်ယူ ဆောင်သွားခဲ့မှု မေ ၁၆ ရက်နေ့လည် ၁ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကျိုင်းတုံမြို့ "ခေမာရဋ်"ရွှေဆိုင်ပိုင်ရှင်သည် ဆိုင်သိမ်းပြီးနောက် ဝန်ထမ်း (၂) ဦးနှင့်အတူ ကားဖြင့်နေအိမ်သို့ပြန်လာစဥ် နေအိမ်ရှေ့အရောက် အမျိုးသား (၃) ဦးက Pajero ကားဖြင့်ရောက်ရှိလာပြီး ရွှေဆိုင်ပိုင်ရှင်ကို ‌ေ-သနတ်ဖြင့်ပ-စ်ခတ်ကာ ရွှေထည်ပစ္စည်းများနှင့် ကားကိုဓားမြတို-က်ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် ရွှေဆိုင်ပိုင်ရှင်တွင် ကျည်ထိမှန်ဒ-ဏ်ရာ (၂) ချက်ရရှိကာ ‌ေ-သဆုံးသွားခဲ့သဖြင့် နှလုံးလှပိုင်ရှင်များလူမှုကူညီရေးအသင်းက ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများကိုဖမ်းဆီးရမိရေးအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071