Home News Local News ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်

ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်

0
106

ရန်ကုန်၊ သြဂုတ်-၁၃

ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကပြောသည်။

“တစ်ပတ်ပိတ်တာမဟုတ်ဘူး၊ မနေ့ ညနေကမှ ၅ ရက် ဆိုပြီးလုပ်တာ။ ကျောက်တံတားမြို့နယ်ထဲက ဆိုင်တွေ မဟုတ်ဘူး။ လမ်းဘေးမှာရောင်းချနေတဲ့ ဆိုင်တွေ။ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်နေတော့ ကူးစက်မှု မရှိအောင်လို့ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ပေါ့” ဟု ဦးသိန်းနိုင်က ပေါ်ပြူလာနယူးစ်သို့ပြောသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ် ၉ ရက်မှ ၁၂ ရက်နေ့အထိ ၄ ရက်တာကာလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံလာရောက်ပြသသူ လူနာ ၁၈၀ ကျော်ရှိခဲ့ပြီး ၎င်းတို့အနက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့ရှိသူ ၅၄ ဦးအထိ ရှိလာကြောင်း သိရသည်။ 

ယခုအခါ ရောဂါဖြစ်ပွားမှုများပြားသည့် လမ်းမတော်၊ လသာ၊ ပန်းပဲတန်းနှင့် ကျောက်တံတားမြို့နယ်များ၌ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့တော်စည်ပင်၊ ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ ပူးပေါင်းကာ လမ်းဘေးအစားအသောက်များနှင့် သောက်သုံးရေများကို ကွင်းဆင်းစစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here